သို့သော် သင်တို့အား ငါဆိုမည်။ တရားစီရင်တော်မူရာနေ့၌ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့သည် သင်တို့ထက် ခံသာကြလိမ့်မည်။
ရောမ 2:12 - မြန်မာ့စံမီသမ္မာကျမ်း ပညတ်တရားမပါဘဲ အပြစ်ပြုသောသူရှိသမျှသည် ပညတ်တရားမပါဘဲ ပျက်စီးကြလိမ့်မည်။ ပညတ်တရားအောက်၌ရှိလျက် အပြစ်ပြုသောသူရှိသမျှသည်လည်း ပညတ်တရားအားဖြင့် စီရင်ခြင်းခံရကြလိမ့်မည်။ Common Language Bible လူမျိုးခြားတို့၌မောရှေ၏ပညတ်တရား မရှိ။ သူတို့အပြစ်ကူးကြသောအခါဆုံး ပါးပျက်စီးရကြမည်သာဖြစ်၏။ ပညတ် တရားရှိသောယုဒအမျိုးသားတို့အပြစ် ကူးလွန်သည့်အခါ သူတို့သည်ပညတ်တရား ပြဋ္ဌာန်းသည့်အပြစ်ဒဏ်ကိုခံရကြ၏။- Judson Bible ပညတ်တရားကို မသိဘဲပြစ်မှားသော သူတို့သည် ပညတ်တရားမဲ့ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ပညတ်တရားကို သိလျက်ပင် ပြစ်မှားသောသူတို့သည် ပညတ်တရား၏စီရင်ခြင်းကို ခံရကြလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူမျိုးခြားတို့သည် ဘုရားသခင်၏ပညတ်တရားကို မသိဘဲ အပြစ်ကျူးလွန်ပါက ပညတ်တရားမပါဘဲ ဖျက်ဆီးခြင်းခံရလိမ့်မည်။ ပညတ်တရားကို သိသော ဂျူးလူမျိုးတို့သည် အပြစ်ကျူးလွန်ပါက ထိုပညတ်တရားအတိုင်း အပြစ်စီရင်ခြင်းခံရလိမ့်မည်။ |
သို့သော် သင်တို့အား ငါဆိုမည်။ တရားစီရင်တော်မူရာနေ့၌ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့သည် သင်တို့ထက် ခံသာကြလိမ့်မည်။
သို့သော် သင်တို့အား ငါဆိုမည်။ တရားစီရင်တော်မူရာနေ့၌ သောဒုံမြို့သည် သင့်ထက် ခံသာလိမ့်မည်”ဟု မိန့်တော်မူ၏။
ယေရှုက“အထက်အရပ်မှပေးအပ်တော်မမူလျှင် သင်သည် ငါ့အပေါ် မည်သည့်အခွင့်အာဏာမျှမရှိ။ ထို့ကြောင့် ငါ့ကို သင့်လက်သို့အပ်နှံသောသူ၌ ပို၍ကြီးလေးသောအပြစ်ရှိ၏”ဟု ပြန်၍မိန့်တော်မူ၏။
ဘုရားသခင်ချမှတ်ထားသောအကြံအစည်တော်နှင့် ကြိုတင်သိမြင်သောဉာဏ်တော်တို့အရ အပ်နှံခြင်းခံရသောထိုအရှင်ကို သင်တို့သည် တရားမဲ့သောသူတို့လက်ဖြင့် လက်ဝါးကပ်တိုင်ပေါ်၌တင်၍ ကွပ်မျက်ကြ၏။
ဤအရာများကိုပြုကျင့်သောသူတို့သည် သေဒဏ်ခံထိုက်၏ဟူသောဘုရားသခင်၏ပြဋ္ဌာန်းချက်ကို သူတို့သိလျက်နှင့်ပင် သူတို့ကိုယ်တိုင်ပြုကြသည်သာမက ထိုသို့ပြုကျင့်သောသူများကိုလည်း သဘောတူထောက်ခံကြ၏။
ပညတ်တရားသည် အမျက်တော်ကိုဖြစ်ပေါ်စေ၏။ သို့သော် ပညတ်တရားမရှိသောနေရာ၌ ဖောက်ဖျက်ကျူးလွန်မှုလည်းမရှိ။
ဘုရားသခင်သည် မိမိ၏သားတော်ကို အပြစ်နှင့်ပြည့်ဝသည့် သွေးသားဇာတိနှင့်တူညီသောသဏ္ဌာန်၌ အပြစ်အတွက်စေလွှတ်တော်မူ၍ သွေးသားဇာတိ၌ရှိသောအပြစ်ကို ဒဏ်ခတ်တော်မူပြီး သွေးသားဇာတိကြောင့် အားနည်း၍ ပညတ်တရားမဆောင်ရွက်နိုင်သောအမှုကို ဆောင်ရွက်ပေးတော်မူ၏။
ငါသည် ဘုရားသခင်၏ပညတ်တရားနှင့် ကင်းဝေးသောသူမဟုတ်ဘဲ ခရစ်တော်၏ပညတ်တရားအောက်၌ရှိသော်လည်း ပညတ်တရားနှင့်ကင်းဝေးသောသူတို့ကိုရရှိနိုင်ရန် ပညတ်တရားနှင့်ကင်းဝေးသောသူတို့တွင် ပညတ်တရားနှင့်ကင်းဝေးသောသူကဲ့သို့ဖြစ်၏။
“ပညတ်တရားကျမ်း၌ ရေးထားသမျှသောအရာတို့ကို အမြဲမကျင့်သုံးသောသူတိုင်းသည် ကျိန်ခြင်းကိုခံရ၏”ဟု ရေးထားသည်ဖြစ်၍ ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို အမှီပြုသောသူရှိသမျှတို့သည် ကျိန်ခြင်းအောက်၌ရှိကြ၏။
သို့သော် ယေရှုခရစ်တော်ကိုယုံကြည်ခြင်းနှင့်စပ်ဆိုင်သောကတိတော်ကို ယုံကြည်သောသူတို့အားပေးအပ်ရန် ကျမ်းစာသည် လူအပေါင်းတို့ကို အပြစ်တရား၏လက်အောက်တွင် ချုပ်နှောင်ထား၏။
‘ဤတရားစကားများကို မလိုက်နာ၊ မစောင့်ထိန်းသောသူသည် ကျိန်ဆဲခြင်းခံရမည်’ဟု ဆိုလျှင် လူအပေါင်းတို့က ‘အာမင်’ဟု ဆိုရမည်။
အဘယ်ကြောင့်ဆိုသော် ပညတ်တရားအလုံးစုံကိုစောင့်ထိန်းသော်လည်း တစ်ပါးကိုမှားလျှင် ပညတ်တရားအလုံးစုံကို ကျူးလွန်ရာရောက်၏။