မဿဲ 11:22 - မြန်မာ့စံမီသမ္မာကျမ်း22 သို့သော် သင်တို့အား ငါဆိုမည်။ တရားစီရင်တော်မူရာနေ့၌ တိုင်ရာမြို့နှင့်ဆီဒုန်မြို့တို့သည် သင်တို့ထက် ခံသာကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible22 သို့ရာတွင်တရားစီရင်တော်မူရာနေ့၌ သင်တို့သည် တုရုနှင့်ဇိဒုံမြို့တို့ထက်ပို၍အပြစ်ဒဏ်ခံရကြ ပေအံ့။- အခန်းကိုကြည့်ပါ။Garrad Bible22 တု ရု နှင့် ဇိ ဒုန် မြို့ များ သည် တ ရား စီ ရင် သည့် နေ့ တော်၌ သင် တို့ ထက် ခံ သာ လိမ့် မည် ငါ ဆို၏။ အခန်းကိုကြည့်ပါ။Judson Bible22 ငါဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်တို့သည် တုရုမြို့နှင့် ဇိဒုန်မြို့ထက် သာ၍ ခံရကြလတ္တံ့။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း22 ထို့ကြောင့် တရားစီရင်သောနေ့တွင် သင်တို့သည် တိုင်ရာမြို့နှင့်ဆီဒုန်မြို့ထက် ပို၍ အပြစ်ဒဏ်ခံရလိမ့်မည်ဟု ငါဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ22 ငါဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ သင်တို့သည် တုရုမြို့နှင့် ဇိဒုန်မြို့ထက် သာ၍ ခံရကြလတ္တံ့။- အခန်းကိုကြည့်ပါ။ |
“အချင်းလူသား၊ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာသည် သူ၏စစ်သည်များအား တိုင်ရာမြို့ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်စေခဲ့သည်။ စစ်သည်တို့လည်း ပခုံးအဆစ်ပြုတ်မတတ် ဦးဆွေးဆံမြည့်တိုက်ကြ၏။ ထိုသို့ အားသွန်ခွန်စိုက်တိုက်ခိုက်သော်လည်း ဘုရင်အပါအဝင်စစ်သည်တို့သည် တိုင်ရာမြို့မှ မည်သည့်အကျိုးကျေးဇူးကိုမျှ မခံစားရကြ။
တစ်ဖန် သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ရပ်နေကြသည်ကို ငါမြင်ရ၏။ စာစောင်များကိုဖွင့်ထား၍ အသက်စာစောင်တည်းဟူသော အခြားသောစာစောင်ကိုလည်းဖွင့်ထား၏။ သေလွန်သောသူတို့သည် ထိုစာစောင်များတွင်ရေးထားသည့်အတိုင်း မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။