Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယာ​ကုပ် 2:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 အဘယ်ကြောင့်​ဆိုသော် ပညတ်​တရား​အလုံးစုံ​ကို​စောင့်ထိန်း​သော်လည်း တစ်​ပါး​ကို​မှား​လျှင် ပညတ်​တရား​အလုံးစုံ​ကို ကျူးလွန်​ရာ​ရောက်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

10 ပ​ညတ်​တော်​တစ်​ပါး​ကို​ချိုး​ဖောက်​သူ​သည် ပ​ညတ်​တော်​အ​လုံး​စုံ​ကို​ချိုး​ဖောက်​ရာ​ရောက် ပေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 မည် သူ မ ဆို တ ရား တော် အ လုံး စုံ ကို စောင့် ရှောက် ရာ ပ ညတ် တစ် ချက် မှောက် မှား လျှင် ပ ညတ် ရှိ သ မျှ နှင့် စပ်၍ ပြစ် ဒဏ် ခံ ထိုက် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ပ​ညတ်​တ​ရား​အ​လုံး​စုံ​ကို စောင့်​ရှောက်​သည်​တွင် တစ်​စုံ​တစ်​ခု၌​မှား​မိ​လျှင်၊ ပ​ညတ်​တ​ရား​ကို လွန်​ကျူး​သော​အ​ပြစ်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

10 အဘယ်ကြောင့်ဆိုသော် ပညတ်တရား​အလုံးစုံ​ကို လိုက်နာ​စောင့်ထိန်း​သော်လည်း ပညတ်ချက်​တစ်ခု​ကို မလိုက်နာ​လျှင် အလုံးစုံတို့​ကို ချိုးဖောက်ရာ​ရောက်​သောကြောင့်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာ​ကုပ် 2:10
8 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် ထို​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​ကြ​သော်လည်း စကား​တော်​ကို​နား​မ​ထောင်​ကြ​။ တရားတော်​အတိုင်း မ​လိုက်လျှောက်​ကြ​။ ကိုယ်တော်​မိန့်မှာ​သော​အမှု​တို့​ကို​လည်း တစ်စုံတစ်ခု​မျှ​မ​လုပ်ဆောင်​ကြ​။ သို့ဖြစ်၍ ကိုယ်တော်​သည် ဤ​ဘေးအန္တရာယ်​အပေါင်း​တို့​ကို သူ​တို့​အပေါ်​သို့ ကျရောက်​စေ​တော်မူ​ပြီ​။


“ပညတ်​တရား​ကျမ်း​၌ ရေး​ထား​သမျှ​သော​အရာ​တို့​ကို အမြဲ​မ​ကျင့်သုံး​သော​သူ​တိုင်း​သည် ကျိန်​ခြင်း​ကို​ခံရ​၏”​ဟု ရေး​ထား​သည်​ဖြစ်၍ ပညတ်​တရား​နှင့်ဆိုင်သော​အကျင့်​ကို အမှီပြု​သော​သူ​ရှိ​သမျှ​တို့​သည် ကျိန်​ခြင်း​အောက်၌​ရှိ​ကြ​၏။


အရေဖျား​လှီး​ခြင်း​ကို​ခံ​သော​သူ​တိုင်း​အား တစ်ဖန် ငါ​သတိပေး​သည်​ကား ထို​သူ​သည် ပညတ်​တရား​အလုံးစုံ​ကို ကျင့်သုံး​ရ​မည့်​တာဝန်​ရှိ​၏။


‘​ဤ​တရား​စကား​များ​ကို မ​လိုက်နာ​၊ မ​စောင့်ထိန်း​သော​သူ​သည် ကျိန်ဆဲ​ခြင်း​ခံရ​မည်​’​ဟု ဆို​လျှင် လူ​အပေါင်း​တို့​က ‘​အာမင်​’​ဟု ဆို​ရ​မည်​။


အကြောင်းမူကား ငါ​တို့​ရှိသမျှ​သည် များစွာ​မှားယွင်း​တတ်​ကြ​၏။ မည်သူမဆို စကား​ပြော​ခြင်း​အရာ​၌ မှားယွင်း​ခြင်း​မ​ရှိ​လျှင် ထို​သူ​သည် မိမိ​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို​လည်း​ချုပ်တည်း​နိုင်​သည့် စုံလင်​သော​သူ​ဖြစ်​၏။


ထို့ကြောင့် ညီအစ်ကို​တို့၊ သင်​တို့​ခံရ​သော ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ရွေးကောက်​တော်မူ​ခြင်း​ကို တည်မြဲ​စေရန် သာ၍​ကြိုးစား​ကြ​လော့။ အကြောင်းမူကား ထိုသို့​ပြု​နေ​သရွေ့ သင်​တို့​သည် မည်သည့်​အခါ​မျှ မှားယွင်း​ကြ​မည်​မ​ဟုတ်။


သင်​တို့​အား မှားယွင်း​ခြင်း​နှင့်​ကင်း​စေရန် စောင့်ရှောက်​နိုင်စွမ်း​ရှိ​တော်မူ​၍ သင်​တို့​ကို အပြစ်​အနာအဆာ​ကင်း​လျက် ရွှင်မြူး​သော​စိတ်​ဖြင့် ဘုန်း​အသရေ​တော်​ရှေ့​၌​ရပ်​စေ​နိုင်​သော


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ