ရောမ 13:4 - မြန်မာ့စံမီသမ္မာကျမ်း
အကြောင်းမူကား သူသည် သင့်အား ကောင်းကျိုးပြုသော ဘုရားသခင်၏အစေခံဖြစ်၏။ သို့ရာတွင် မကောင်းသောအမှုကိုသင်ပြုလျှင် ကြောက်ရွံ့ခြင်းရှိလော့။ သူသည် ဓားကို အကြောင်းမဲ့ဆောင်ထားသည်မဟုတ်။ သူသည် မကောင်းသောအမှုကိုပြုကျင့်သောသူအား အမျက်တော်အတွက် အပြစ်ဒဏ်ပေးသည့် ဘုရားသခင်၏အစေခံဖြစ်၏။
အခန်းကိုကြည့်ပါ။
အဘယ်ကြောင့်ဆိုသော်သူသည်သင့်အား အကျိုးပြုရန်အလို့ငှာ ဘုရားသခင်ခန့် ထားတော်မူသည့်အစေခံဖြစ်သောကြောင့် တည်း။ သို့ရာတွင်အကယ်၍သင်သည်မကောင်း မှုပြုသူဖြစ်ပါမူထိုသူကိုကြောက်လော့။ သူသည်အကယ်ပင်အပြစ်ပေးပိုင်သော တန်ခိုးအာဏာရှိသူဖြစ်ပေသည်။ သူသည် ဘုရားသခင်၏အစေခံဖြစ်၍မကောင်း မှုပြုသူတို့အားဘုရားသခင်၏ကိုယ်စား အပြစ်ဒဏ်စီရင်သူဖြစ်သတည်း။-
အခန်းကိုကြည့်ပါ။
မင်းသည်ကား၊ သင်၏အကျိုးအလိုငှာ ဘုရားသခင်၏ အစေခံဖြစ်၏။ မကောင်းသောအကျင့်ကို ကျင့်လျှင်၊ ကြောက်ခြင်း ရှိစေလော့။ အကြောင်းမူကား၊ မင်းသည်အချည်းနှီး ဓားကိုဆောင်သည်မဟုတ်။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသော ဘုရားသခင်၏ အစေခံဖြစ်သတည်း။-
အခန်းကိုကြည့်ပါ။
အစိုးရမင်းသည် သင်၏ အကျိုးအတွက် ခန့်ထားခံရသော ဘုရားသခင်၏ အစေခံဖြစ်၏။ သို့သော် သင်သည် မကောင်းမှုကို ပြုမိလျှင် သူ့ကို ကြောက်ရမည်။ အဘယ်ကြောင့်ဆိုသော် သူသည် သင့်အား အပြစ်ပေးပိုင်ခွင့် ရှိသောကြောင့်ဖြစ်၏။ သူသည် ဘုရားသခင်၏ အစေခံဖြစ်၍ မကောင်းမှုကို ကျူးလွန်သောသူတို့ကို ပြစ်ဒဏ်ပေးမည့်သူ ဖြစ်၏။
အခန်းကိုကြည့်ပါ။