ရောမ 13:4 - Common Language Bible4 အဘယ်ကြောင့်ဆိုသော်သူသည်သင့်အား အကျိုးပြုရန်အလို့ငှာ ဘုရားသခင်ခန့် ထားတော်မူသည့်အစေခံဖြစ်သောကြောင့် တည်း။ သို့ရာတွင်အကယ်၍သင်သည်မကောင်း မှုပြုသူဖြစ်ပါမူထိုသူကိုကြောက်လော့။ သူသည်အကယ်ပင်အပြစ်ပေးပိုင်သော တန်ခိုးအာဏာရှိသူဖြစ်ပေသည်။ သူသည် ဘုရားသခင်၏အစေခံဖြစ်၍မကောင်း မှုပြုသူတို့အားဘုရားသခင်၏ကိုယ်စား အပြစ်ဒဏ်စီရင်သူဖြစ်သတည်း။- အခန်းကိုကြည့်ပါ။Judson Bible4 မင်းသည်ကား၊ သင်၏အကျိုးအလိုငှာ ဘုရားသခင်၏ အစေခံဖြစ်၏။ မကောင်းသောအကျင့်ကို ကျင့်လျှင်၊ ကြောက်ခြင်း ရှိစေလော့။ အကြောင်းမူကား၊ မင်းသည်အချည်းနှီး ဓားကိုဆောင်သည်မဟုတ်။ မကောင်းသောအကျင့်ကို ကျင့်သောသူတို့ကို အပြစ်တရားစီရင်၍ ရာဇဝတ်ပေးပိုင်သော သူတည်းဟူသော ဘုရားသခင်၏ အစေခံဖြစ်သတည်း။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 အကြောင်းမူကား သူသည် သင့်အား ကောင်းကျိုးပြုသော ဘုရားသခင်၏အစေခံဖြစ်၏။ သို့ရာတွင် မကောင်းသောအမှုကိုသင်ပြုလျှင် ကြောက်ရွံ့ခြင်းရှိလော့။ သူသည် ဓားကို အကြောင်းမဲ့ဆောင်ထားသည်မဟုတ်။ သူသည် မကောင်းသောအမှုကိုပြုကျင့်သောသူအား အမျက်တော်အတွက် အပြစ်ဒဏ်ပေးသည့် ဘုရားသခင်၏အစေခံဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 အစိုးရမင်းသည် သင်၏ အကျိုးအတွက် ခန့်ထားခံရသော ဘုရားသခင်၏ အစေခံဖြစ်၏။ သို့သော် သင်သည် မကောင်းမှုကို ပြုမိလျှင် သူ့ကို ကြောက်ရမည်။ အဘယ်ကြောင့်ဆိုသော် သူသည် သင့်အား အပြစ်ပေးပိုင်ခွင့် ရှိသောကြောင့်ဖြစ်၏။ သူသည် ဘုရားသခင်၏ အစေခံဖြစ်၍ မကောင်းမှုကို ကျူးလွန်သောသူတို့ကို ပြစ်ဒဏ်ပေးမည့်သူ ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
ငါ၏လူမျိုးတော်ဣသရေလအမျိုး သားတို့သည် ငါ၏ကိုယ်စားဧဒုံပြည်သား တို့ကိုလက်စားချေလျက် ငါ၏ပြင်းထန်သော အမျက်ဒေါသဒဏ်ကိုခံစေလိမ့်မည်။ ငါ ၏လက်စားချေမှုကိုဧဒုံပြည်သားတို့ သိရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤ ကားအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။
အဆွေတော်၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူပါစေသတည်း။ ကိုယ်တော်သည် အဆွေတော်ကိုလွန်စွာနှစ်သက်မြတ်နိုးတော်မူ သည်ဖြစ်၍ ဣသရေလဘုရင်အဖြစ်ချီးမြှောက် တော်မူလေပြီ။ ဣသရေလလူမျိုးကိုထာဝစဉ် ချစ်တော်မူသဖြင့် သူတို့အားတရားမျှတစွာ အုပ်စိုးစေရန်အဆွေတော်ကိုမင်းမြှောက်တော် မူလေပြီ'' ဟုပြော၏။
ဣသရေလအမျိုးသားဖြစ်စေ၊ သူနှင့်အတူ နေထိုင်သောလူမျိုးခြားဖြစ်စေ၊ မတော်တဆ လူတစ်ဦးတစ်ယောက်ကိုသတ်မိသူသည်လက် စားချေမည့်သူ၏လက်မှလွတ်မြောက်ရန်နှင့် သူ့ အားလူပရိသတ်ရှေ့တွင်တရားမစီရင်ရ သေးမီသေစားမသေစေရန် ဤမြို့များကို ခိုလှုံရာမြို့များအဖြစ်ရွေးချယ်ကြ သတည်း။