အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရော​မ 12:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ချစ်​ရ​သော​သူ​တို့၊ ကိုယ်တိုင်​လက်တုံ့​မ​ပြန်​ဘဲ အမျက်​တော်​လက်​သို့ အပ်နှံ​ထား​ကြ​လော့။ အကြောင်းမူကား “ထာဝရ​ဘုရား​မိန့်​တော်မူ​သည်​မှာ လက်တုံ့ပြန်​ခြင်း​သည် ငါ​နှင့်ဆိုင်​၏။ ငါ​ကိုယ်တိုင်​တုံ့ပြန်​မည်”​ဟု ကျမ်းစာ​၌​ရေး​ထား​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

မိတ်​ဆွေ​တို့​ဘယ်​သော​အ​ခါ​မျှ​လက်​စား မ​ချေ​ကြ​နှင့်။ ဘု​ရား​သ​ခင်​က​သာ​အ​ပြစ် ဒဏ်​စီ​ရင်​တော်​မူ​ပါ​စေ။ ကျမ်း​စာ​တော်​တွင် ``ထာ​ဝ​ရ​ဘု​ရား​က `ငါ​သည်​လက်​စား​ချေ မည်။ အ​ပြစ်​နှင့်​အ​လျောက်​ငါ​ဆပ်​ပေး​မည်' ဟု​မိန့်​တော်​မူ​၏'' ဟု​ဖော်​ပြ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

လက် စား ချေ ခြင်း သည် ငါ ပိုင် ဖြစ် သည့် အ လျောက် ငါ ဆပ် ပေး မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ကျမ်း ချက် ရှိ သ ဖြင့် အို ချစ် သူ တို့၊ ကိုယ် တိုင် လက် စား မ ချေ ဘဲ အ မျက် တော် ဒဏ် ကို ခွင့် ပြု ကြ လော့။

အခန်းကိုကြည့်ပါ။

Judson Bible

ချစ်​သူ​တို့၊ သူ​တစ်​ပါး​သည် သင်​တို့​ကို ပြစ်​မှား​လျှင်၊ ကိုယ်​တိုင် အ​ပြစ်​ပြန်၍ မ​တုံ့​ကြ​နှင့်။ အ​မျက်​တော်​ကို အ​ခွင့်​ပေး​ကြ​လော့။ ကျမ်း​စာ​လာ​သည်​ကား၊ ငါ​သည် အ​ပြစ်​တ​ရား​ကို စီ​ရင်​ပိုင်၏။ အ​ပြစ်​နှင့်​အ​လျောက် ငါ​ဆပ်​ပေး​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ချစ်ရသော​သူတို့… ကိုယ်တိုင်​လက်တုံ့မပြန်ကြနှင့်။ ဘုရားသခင်​ကသာ စီရင်ပါစေ။ ကျမ်းစာ​၌ “ထာဝရဘုရား​က ‘လက်တုံ့ပြန်ခြင်း​သည် ငါ့​တာဝန် ဖြစ်၏။ သူတို့​ကို အပြစ်​နှင့်​အလျောက် ငါ​ဆပ်ပေးမည်’ ဟု မိန့်တော်မူ၏” ဟူ၍​ရေးသားထား၏။

အခန်းကိုကြည့်ပါ။



ရော​မ 12:19
24 ပူးပေါင်းရင်းမြစ်များ  

“​မကောင်းမှု​ကို​ငါ​တုံ့ပြန်​မည်​”​ဟု မ​ဆို​နှင့်​။ ထာဝရဘုရား​ကို​သာ စောင့်မျှော်​လော့​။ သို့ပြုလျှင် ကိုယ်တော်​သည် သင့်​ကို ကယ်တင်​တော်မူ​လိမ့်မည်​။


“​ငါ့​အပေါ်​သူ​ပြု​ခဲ့​သည့်​အတိုင်း သူ့​အပေါ်​ငါ​ပြု​မည်​။ သူ​၏​လုပ်ဆောင်မှု​နှင့်အညီ သူ့​ကို ငါ​တုံ့ပြန်​မည်​”​ဟု မ​ဆို​နှင့်​။


ထို့ကြောင့် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ သင့်​အမှုကိစ္စ​ကို ငါ​ရင်ဆိုင်ဖြေရှင်း​ပေး​မည်​။ သင့်​အစား ငါ​အမှန် လက်တုံ့ပြန်​မည်​။ သူ​၏​ပင်လယ်ရေ​ကို ခန်း​စေ​မည်​၊ စမ်းရေတွင်း​ကို ခြောက်သွေ့​စေ​မည်​။


တစ်ဖန် ဘုရားရှင်​ထာဝရဘုရား​က ‘ဧဒုံ​လူမျိုး​သည် ယုဒ​အမျိုး​ကို ရက်ရက်စက်စက်​လက်တုံ့ပြန်​ခဲ့​၏​။ ထိုသို့​လက်တုံ့ပြန်​ခြင်း​ဖြင့် ကြီးလေး​သော​အပြစ်​ကို ပြု​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။


သင်​၏​အမျိုးသားချင်း​ကို လက်တုံ့​မ​ပြန်​ရ​။ အငြိုး​မ​ထား​ရ​။ ကိုယ့်​အိမ်နီးချင်း​ကို ကိုယ်​နှင့်အမျှ​ချစ်​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


သို့သော် သင်​တို့​အား ငါ​ဆို​မည်။ မကောင်း​သော​သူ​ကို အတိုက်အခံ​မ​ပြု​ကြ​နှင့်။ သင်​၏​ယာ​ဘက်​ပါး​ကို​ရိုက်​သော​သူ​အား နောက်​တစ်ဖက်​ကို​လည်း လှည့်​ပေး​ဦး​လော့။


သင်​တို့​အား​ညှဉ်းဆဲ​သော​သူ​တို့​ကို ကောင်းချီး​ပေး​ကြ​လော့။ ကောင်းချီး​ကို​သာ​ပေး​၍ ကျိန်ဆဲ​ခြင်း​ကို​မ​ပြု​ကြ​နှင့်။


မည်သူ့​ကို​မျှ အဆိုး​ကို အဆိုး​ဖြင့် မ​တုံ့ပြန်​ကြ​နှင့်။ လူ​အပေါင်း​တို့​ရှေ့​၌ တင့်တယ်​လျောက်ပတ်​သော​အမှု​ကို ပြုမူ​ကျင့်ကြံ​ကြ​လော့။


အကြောင်းမူကား သူ​သည် သင့်​အား ကောင်းကျိုး​ပြု​သော ဘုရားသခင်​၏​အစေခံ​ဖြစ်​၏။ သို့ရာတွင် မကောင်း​သော​အမှု​ကို​သင်​ပြု​လျှင် ကြောက်ရွံ့​ခြင်း​ရှိ​လော့။ သူ​သည် ဓား​ကို အကြောင်းမဲ့​ဆောင်​ထား​သည်​မ​ဟုတ်။ သူ​သည် မကောင်း​သော​အမှု​ကို​ပြုကျင့်​သော​သူ​အား အမျက်​တော်​အတွက် အပြစ်​ဒဏ်​ပေး​သည့် ဘုရားသခင်​၏​အစေခံ​ဖြစ်​၏။


မာရ်နတ်​ကို​လည်း အခွင့်​မ​ပေး​ကြ​နှင့်။


လက်စားချေ​ခြင်း​၊ လက်တုံ့ပြန်​ခြင်း​သည် ငါ​နှင့်​ဆိုင်​၏​။ သူ​တို့​သည် အချိန်တန်​လျှင် ခြေ​ချော်​လိမ့်မည်​။ သူ​တို့​၏​ဘေးဒုက္ခ​နေ့ရက်​သည်​နီး​ပြီ​။ သူ​တို့​ကြုံ​ရ​မည့်​အမှု​သည် အလျင်အမြန်​ရောက်လာ​လိမ့်မည်​။


အို လူမျိုး​အပေါင်း​တို့​၊ လူမျိုး​တော်​နှင့်အတူ ရွှင်လန်း​စွာ​ကြွေးကြော်​ကြ​လော့​။ ကိုယ်တော်​သည် မိမိ​အစေအပါး​တို့​၏​သွေး​အတွက်​လက်တုံ့ပြန်​မည်​။ မိမိ​ကို​ရန်ပြုသောသူ​တို့​အား လက်စားချေ​တော်မူ​မည်​။ ပြည်​တော်​၊ လူမျိုး​တော်​တို့​၏​အပြစ်​ကို​ဖြေလွှတ်​တော်မူ​မည်​”​ဟူ၍ ဖြစ်​၏​။


ထို​အမှုအရာ​မျိုး​၌ မိမိ​ညီအစ်ကို​အပေါ်​စည်းဖောက်​၍ အခွင့်ကောင်း​မ​ယူ​ကြ​ရန်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် သင်​တို့​ကို သတိပေး​၍ ကြိုတင်​ပြော​ထား​ခဲ့​သည့်​အတိုင်း သခင်​ဘုရား​သည် ဤ​အမှုအရာ​အားလုံး​အတွက် အပြစ်​ဒဏ်​ပေး​တော်မူ​လိမ့်မည်။


ကြေး​ပန်းတိမ်​ဆရာ အလက်ဇန္ဒြား​သည် ငါ့​ကို​အလွန်​ဒုက္ခ​ပေး​ခဲ့​၏။ သခင်​ဘုရား​သည် သူ​ပြု​သော​အမှု​အတိုင်း သူ့​အား​ပေးဆပ်​တော်မူ​လိမ့်မည်။


အကြောင်းမူကား “လက်တုံ့ပြန်​ခြင်း​သည် ငါ​နှင့်ဆိုင်​၏။ ငါ​ကိုယ်တိုင်​တုံ့ပြန်​မည်”​ဟူ၍​လည်းကောင်း၊ “ထာဝရ​ဘုရား​သည် မိမိ​လူမျိုး​တို့​ကို တရား​စီရင်​တော်မူ​မည်”​ဟူ၍​လည်းကောင်း မိန့်​တော်မူ​သော​အရှင်​ကို ငါ​တို့​သိ​ကြ​၏။


ယခုမှာ အကျွန်ုပ်​၏​သခင်​၊ ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ​၊ သခင်​လည်း အသက်ရှင်​သည်​နှင့်အညီ ထာဝရဘုရား​သည် သခင့်​လက်​ကို လူသတ်​ခြင်း​ဘေး​၊ သခင်​ကိုယ်တိုင် လက်စားချေ​ခြင်း​ဘေး​မှ ဆီးတား​တော်မူ​ပြီ​။ သခင့်​ရန်သူ​၊ သခင့်​ကို အန္တရာယ်​ပြု​ရန် ကြံစည်​သော​သူ​တို့​သည် နာဗလ​ကဲ့သို့ ဖြစ်​ကြ​ပါစေသော​။


သင်​၏​ဆင်ခြင်တုံတရား​ရှိ​မှု​အတွက် သင်​ကောင်းချီးခံစား​ရ​ပါစေသော​။ ယနေ့​မှာ သင်​သည် ငါ့​ကို လူ​အသက်သတ်​ခြင်း​အမှု​၊ ကိုယ်တိုင်​လက်စားချေ​ခြင်း​အမှု​မှ ကင်းဝေး​စေ​သောကြောင့် သင်​ကောင်းချီး​ခံစား​ရ​ပါစေသော​။


တစ်ဖန် ဒါဝိဒ်​က “ထာဝရဘုရား အသက်ရှင်​တော်မူ​သည်​နှင့်အညီ ထာဝရဘုရား​သည် သူ့​ကို အမှန်ပင် ဒဏ်ခတ်​တော်မူ​လိမ့်မည်​။ သို့မဟုတ် သူ​သေ​ရ​မည့်​နေ့ ရောက်​လျှင်​လည်း ရောက်လာ​လိမ့်မည်​။ စစ်သွားတိုက်​၍ သူ​ကျဆုံး​လျှင်​လည်း ကျဆုံး​လိမ့်မည်​။


ထာဝရဘုရား ဘိသိက်ပေး​ထား​သော​သူ​ကို ကိုယ်ထိလက်ရောက်​ပြု​မိ​သည့်​အပြစ်​မှ ထာဝရဘုရား​သည် ငါ​နှင့်​ဝေး​စေ​ပါစေသော​။ ယခု သူ့​ခေါင်းရင်း​ရှိ လှံ​နှင့် သူ့​ရေဘူး​ကို ယူ​ပြီး ငါ​တို့ သွား​ကြ​စို့​”​ဟု ဆို​၏​။