ထိုအကြောင်းကို မော်ဒကဲသိ၍ မိဖုရားဧသတာအား ပြောပြ၏။ ဧသတာသည်လည်း မော်ဒကဲကိုယ်စား ရှင်ဘုရင်ထံ လျှောက်တင်လေ၏။
ရောမ 11:33 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်၏အသိပညာနှင့်ဉာဏ်ပညာတော်တို့၏ကြွယ်ဝမှုသည် နက်နဲလှပါတကား။ စီရင်တော်မူချက်တို့ကို စူးစမ်းလေ့လာ၍မကုန်နိုင်။ လမ်းတော်တို့ကိုလည်း ချင့်မျှော်တွေးဆ၍မရနိုင်။ Common Language Bible ဘုရားသခင်၏ကြွယ်ဝသောဉာဏ်ပညာ တော်နှင့်အသိပညာတော်သည် လွန်စွာနက်နဲ လှပါတကား။ စီရင်ဆုံးဖြတ်တော်မူချက် များကိုအဘယ်သူရှင်းပြနိုင်သနည်း။ နည်း လမ်းတော်များကိုအဘယ်သူနားလည် နိုင်သနည်း။- Garrad Bible ဘု ရား သ ခင်၏ ကြွယ် ဝ သော ဉာဏ် ပ ညာ နှင့် အ သိ ပ ညာ တော် သည် အ လွန် နက် နဲ လျက် စီ ရင် တော် မူ ချက် များ ကို ရှာ ဖွေ ၍ မ ရ။ နည်း လမ်း တော် များ ကို လည်း နှိုက်၍ မ မီ နိုင် ပါ တ ကား။ Judson Bible ဘုရားသခင်၏ပညာနှင့် ဉာဏ် တော်သည် အလွန် ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှ စစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမီနိုင်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ ဉာဏ်တော်နှင့် အသိပညာတို့သည် အလွန်နက်နဲလှ၏။ ဘုရားသခင်၏ ဆုံးဖြတ်တော်မူချက်နှင့် နည်းလမ်းတော်တို့ကို မည်သူနားလည်နိုင်သနည်း။ |
ထိုအကြောင်းကို မော်ဒကဲသိ၍ မိဖုရားဧသတာအား ပြောပြ၏။ ဧသတာသည်လည်း မော်ဒကဲကိုယ်စား ရှင်ဘုရင်ထံ လျှောက်တင်လေ၏။
သို့သော် အကျွန်ုပ်၌ ဖြစ်နေသည့်အမှုတို့သည် ကိုယ်တော့်စိတ်ထဲမှ တိတ်တဆိတ်ကြံစည်ခြင်းများဖြစ်ကြောင်း အကျွန်ုပ်သိပါ၏။
ဘုရားသခင်၏အစည်းအဝေးကို သင်တက်ရောက်ကြားနာဖူးသလော။ ဉာဏ်ပညာကို ကိုယ့်အတွက်ကိုယ် ကန့်သတ်ထားရှိသလော။
ငါ့အဖို့ ကြံရွယ်ထားသောအရာကို ပြုတော်မူလိမ့်မည်။ ထိုသို့ ပြုတော်မူမည့်အရာ များစွာရှိသေး၏။
ဤအရာတို့သည် ဘုရားပြုတော်မူသောအမှုတို့တွင် အရိပ်အမြွက်မျှသာ ဖြစ်၏။ အသံတော်ကို သဲ့သဲ့လေးသာ ကြားနေရခြင်းဖြစ်၏။ တန်ခိုးတော်ထစ်ချုန်းသံကို မည်သူနားလည်နိုင်မည်နည်း”ဟု ဆိုလေ၏။
အဘယ်ကြောင့် ကိုယ်တော်ကို ရန်တွေ့ရသနည်း။ သင်ပြောသမျှကို ကိုယ်တော်မတုံ့ပြန်သောကြောင့်လော။
ကိုယ်တော်အား မည်သို့ပြန်လျှောက်ရမည်ကို အကျွန်ုပ်တို့အား သင်ပြပါ။ အကျွန်ုပ်တို့မှာ အသိမှောင်မိုက်သောကြောင့် အစီအစဉ်တကျမတင်ပြတတ်ပါ။
အနန္တတန်ခိုးရှင်ကို အကျွန်ုပ်တို့ လိုက်၍မမီနိုင်။ ကိုယ်တော်သည် တန်ခိုးကြီးသောအရှင် ဖြစ်တော်မူ၏။ တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့နှင့် ပြည့်စုံတော်မူ၏။ မတရားသောအမှုကို ပြုတော်မမူ။
ကိုယ်တော်သည် ကြီးမြတ်သောအမှု၊ စစ်၍မကုန်နိုင်သောအမှု၊ မရေတွက်နိုင်သောအံ့ဖွယ်အမှုတို့ကို ပြုတော်မူ၏။
စူးစမ်း၍မကုန်နိုင်သည့် ကြီးမြတ်သောအမှုများ၊ ရေတွက်၍မကုန်နိုင်သည့် အံ့ဖွယ်သောအမှုများကို ပြုတော်မူ၏။
ထိုသို့သောအသိပညာသည် အကျွန်ုပ်အတွက်အံ့ဩဖွယ်ကောင်းလွန်းပါ၏။ မြင့်မားလှသည်ဖြစ်၍ အကျွန်ုပ်မမီနိုင်ပါ။
ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ အလွန်ချီးမွမ်းဖွယ်ဖြစ်တော်မူ၏။ ကိုယ်တော်၏ကြီးမြတ်တော်မူခြင်းကို စူးစမ်း၍မကုန်နိုင်။
ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် မြင့်မားသောတောင်များကဲ့သို့လည်းကောင်း၊ ကိုယ်တော်၏တရားစီရင်ခြင်းတို့သည် အလွန်နက်ရှိုင်းရာအရပ်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်သည် လူနှင့်တိရစ္ဆာန်တို့ကို ကယ်တင်တော်မူ၏။
အို အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုတည်းဟူသော ကိုယ်တော်၏အံ့ဖွယ်သောအမှုများနှင့် အကျွန်ုပ်တို့အတွက် ကိုယ်တော်၏အကြံအစည်များသည် များပြားလှပါ၏။ ကိုယ်တော်နှင့်နှိုင်းယှဉ်ရမည့်သူမရှိပါ။ ထိုအမှုတို့ကို အကျွန်ုပ်ထုတ်ဖော်၍ပြောဆိုသောအခါ ရေတွက်မကုန်နိုင်အောင် များပြားလှပါ၏။
ကိုယ်တော်၏လမ်းသည် ပင်လယ်ကိုဖြတ်ကျော်၍ ကိုယ်တော်၏လမ်းခရီးသည် ကျယ်ဝန်းသောရေပြင်ကို ဖြတ်ကျော်ပါ၏။ သို့သော် ကိုယ်တော်၏ခြေရာတော်တို့ကို မသိမမြင်ရပါ။
အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသော အမှုတို့သည် ကြီးမြတ်လှပါ၏။ ကိုယ်တော်၏အကြံအစည်တို့သည် အလွန်နက်နဲပါ၏။
မိုးတိမ်နှင့်အမှောင်ထုသည် ကိုယ်တော်၏ပတ်လည်၌ရှိ၏။ ဖြောင့်မတ်ခြင်းနှင့်တရားမျှတခြင်းသည် ပလ္လင်တော်၏အခြေတည်ရာဖြစ်၏။
ဘုရားသခင်၏ဘုန်းအသရေကား အမှုကိစ္စကိုဝှက်ထားခြင်းဖြစ်၏။ ရှင်ဘုရင်တို့၏ဘုန်းအသရေကား အမှုကိစ္စကိုစူးစမ်းခြင်းဖြစ်၏။
မိုးကောင်းကင်၏အမြင့်နှင့်မြေကြီး၏အနက်ကို စူးစမ်း၍မရသကဲ့သို့ ရှင်ဘုရင်တို့၏စိတ်နှလုံးကို စူးစမ်း၍မရနိုင်။
ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို သူ့အချိန်နှင့်သူလှပအောင်ပြင်ဆင်တော်မူပြီး လူ၏စိတ်နှလုံးထဲ၌ ထာဝရကာလကိုလည်း ထည့်သွင်းထားတော်မူ၏။ သို့သော် အစမှအဆုံးအထိဘုရားသခင်ပြုတော်မူသောအမှုကို လူသည် ရှာဖွေ၍မတွေ့နိုင်။
ရှိခဲ့ပြီးသောအရာသည် အလှမ်းဝေးလျက် အလွန်နက်ရှိုင်း၏။ ထိုအရာကို မည်သူတွေ့ရှိနိုင်မည်နည်း။
ဘုရားသခင်ပြုတော်မူသောအမှုအားလုံးကို ငါတွေ့မြင်၏။ အမှန်စင်စစ် နေအောက်တွင်ပြုသောအမှုကို လူသည်ရှာဖွေ၍ မတွေ့ရှိနိုင်။ မည်မျှကြိုးပမ်းအားထုတ်၍ရှာဖွေလျှင်လည်း မတွေ့ရှိနိုင်။ ထိုအရာကိုသိကြောင်း ပညာရှိတစ်ဦးကပြောဆိုလျှင်လည်း မတွေ့ရှိနိုင်။
ထိုအမှုအရာသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားထံတော်မှလာသော အမှုအရာဖြစ်၏။ ကိုယ်တော်၏အကြံဉာဏ်သည် အံ့ဖွယ်ဖြစ်၏။ ကိုယ်တော်၏ဉာဏ်ပညာသည် ကြီးမြတ်တော်မူ၏။
သင်မသိသလော။ သင်မကြားဖူးသလော။ ထာဝရဘုရားသည် အစဉ်အမြဲတည်တော်မူသောဘုရားသခင်၊ မြေကြီးစွန်းတိုင်အောင် ဖန်ဆင်းတော်မူသောအရှင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် အားအင်ကုန်ခန်းတော်မမူ။ မောပန်းတော်မမူ။ ကိုယ်တော်၏ဉာဏ်ကို စစ်၍မကုန်နိုင်။
မြေကြီးသားတို့ကို ဘာမျှမဟုတ်သောအရာကဲ့သို့ မှတ်တော်မူ၏။ ကောင်းကင်သားကိုဖြစ်စေ၊ မြေကြီးသားကိုဖြစ်စေ အလိုရှိသည့်အတိုင်း ပြုတော်မူ၏။ ကိုယ်တော်၏လက်တော်ကို ဆီးတားနိုင်သောသူမရှိ။ “ကိုယ်တော် မည်သို့ပြုဘိသနည်း”ဟု ဆိုနိုင်သောသူမရှိ။
သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။
ထို့ပြင် ဘုန်းအသရေအတွက်ကြိုတင်ပြင်ဆင်ထားသော ကရုဏာတော်ဆိုင်ရာအိုးခွက်များ၌ မိမိဘုန်းအသရေတော်၏ကြွယ်ဝမှုကို သိစေရန်ပြုတော်မူလျှင် မည်သို့နည်း။
သို့သော် ဘုရားသခင်သည် ထိုအရာတို့ကို ဝိညာဉ်တော်အားဖြင့် ငါတို့အားဖော်ပြတော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် ဘုရားသခင်၏နက်နဲသောအရာများမှစ၍ ခပ်သိမ်းသောအရာတို့ကို စူးစမ်းတော်မူ၏။
ဘုရားသခင်၏ကျေးဇူးတော်ကြွယ်ဝတော်မူသည်နှင့်အညီ ငါတို့သည် သားတော်၏သွေးတော်အားဖြင့် ရွေးနုတ်ခြင်းတည်းဟူသော ကျူးလွန်သည့်အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကို ထိုသားတော်အားဖြင့်ရရှိကြ၏။
ဤသည်ကား ခရစ်တော်ယေရှု၌ ငါတို့အားကျေးဇူးပြုတော်မူခြင်းအားဖြင့် မိမိ၏ထူးကဲသောကျေးဇူးတော်၏ကြွယ်ဝမှုကို နောင်လာမည့်ကာလအစဉ်အဆက်တို့၌ ပြသရန်အတွက်ဖြစ်၏။
ဤသည်ကား ငါတို့၏သခင်ခရစ်တော်ယေရှု၌ ပြီးပြည့်စုံသောထာဝရအကြံအစည်တော်နှင့်အညီ အထက်ကောင်းကင်အရပ်၌ရှိသော အာဏာစက်များနှင့်အုပ်ချုပ်မှုများအား ယခုအခါတွင် အသင်းတော်အားဖြင့် ဘုရားသခင်၏အမျိုးမျိုးအဖုံဖုံသောဉာဏ်ပညာတော်ကို သိစေရန်ဖြစ်၏။
ဘုရားသခင်သည် မိမိဘုန်းအသရေတော်၏ကြွယ်ဝမှုနှင့်အညီ မိမိ၏ဝိညာဉ်တော်အားဖြင့် သင်တို့၏အတွင်းဝိညာဉ်လူကို တန်ခိုးနှင့်တကွ ကြံ့ခိုင်သန်စွမ်းစေတော်မူ၍
ထိုမေတ္တာတော်၏အလျား၊ အနံ၊ အမြင့်၊ အနက်တို့ မည်မျှရှိသည်ကို သန့်ရှင်းသူအားလုံးနှင့်အတူ သဘောပေါက်နိုင်စွမ်းရှိသဖြင့်
သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်
ဤလျှို့ဝှက်နက်နဲသောအရာသည် လူမျိုးခြားတို့တွင် ဘုန်းအသရေနှင့်မည်မျှကြွယ်ဝသည်ကို သန့်ရှင်းသူတို့အားသိစေရန် ဘုရားသခင်အလိုရှိတော်မူ၏။ ဤလျှို့ဝှက်နက်နဲသောအရာမှာ ဘုန်းအသရေတော်နှင့်ဆိုင်သောမျှော်လင့်ခြင်းဖြစ်သည့် သင်တို့ထဲ၌ရှိတော်မူသောခရစ်တော်ဖြစ်၏။