ဧဖက် 3:18 - မြန်မာ့စံမီသမ္မာကျမ်း18 ထိုမေတ္တာတော်၏အလျား၊ အနံ၊ အမြင့်၊ အနက်တို့ မည်မျှရှိသည်ကို သန့်ရှင်းသူအားလုံးနှင့်အတူ သဘောပေါက်နိုင်စွမ်းရှိသဖြင့် အခန်းကိုကြည့်ပါ။Garrad Bible18-19 သိ မီ ခြင်း ငှာ မ စွမ်း နိုင် သော ခ ရစ် တော်၏ မေ တ္တာ တော့် အ နံ၊ အ လျား၊ အ မြင့်၊ အ နက် ကို သီး သန့် ထား တော် မူ သူ အ ပေါင်း တို့ နှင့် တ ကွ နား လည် သိ မြင် နိုင် ရန် ဉာဏ် သ တ္တိ ရှိ သ ဖြင့် ဘု ရား သ ခင် ပြည့် စုံ သည် နှင့် အ မျှ ပြည် စုံ စေ တော် မူ ပါ မည့် အ ကြောင်း များ ကို အ သ နား တော် ခံ ပါ ၏။ အခန်းကိုကြည့်ပါ။Judson Bible18 သင်တို့သည် သန့်ရှင်းသူအပေါင်းတို့၏ နည်းတူ၊ အနံအလျား အနက်အမြင့်တို့ကို ပိုင်းခြား၍ သိခြင်းငှာလည်းကောင်း၊- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း18-19 ထိုမေတ္တာတော်၏ အလျား၊ အနံ၊ အမြင့်၊ အစောက်တို့ မည်မျှ ရှိသည်ကို ယုံကြည်သူအားလုံးနှင့်အတူ နားလည်သဘောပေါက်နိုင်စွမ်း ရှိရန် ကျွန်ုပ်ဆုတောင်း၏။ ခရစ်တော်၏မေတ္တာတော်သည် ကြီးမားလှသဖြင့် မည်သည့်အခါမျှ သင်တို့ အပြည့်အဝ နားလည်နိုင်မည် မဟုတ်သော်လည်း ထိုမေတ္တာတော်ကို သင်တို့ သိရှိခံစား၍ ဘုရားသခင်၏ ပြည့်စုံတော်မူခြင်းအပေါင်းတို့ဖြင့် ပြည့်ဝလာကြရန် ကျွန်ုပ် ဆုတောင်း၏။ အခန်းကိုကြည့်ပါ။ |
အို ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်နှင့် ကိုယ်တော်၏အစွမ်းတန်ခိုးတည်ရာသေတ္တာတော်နှင့်အတူ စံတော်မူရာနေရာသို့ ကြွတော်မူပါ။ အို ဘုရားသခင်ထာဝရဘုရား၊ ယဇ်ပုရောဟိတ်တို့သည် ကယ်တင်ခြင်းတန်ဆာကိုဝတ်ဆင်၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည်လည်း ကိုယ်တော်၏ကောင်းမြတ်ခြင်း၌ ဝမ်းမြောက်ကြပါစေသော။
ဘုရားဝတ်၌မွေ့လျော်ခြင်း၏လျှို့ဝှက်နက်နဲသောအရာသည် အမှန်ပင်ကြီးမြတ်လှပေ၏။ ကိုယ်တော်သည် သွေးသားအားဖြင့်ထင်ရှားပြီး ဝိညာဉ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရလျက် ကောင်းကင်တမန်တို့၏ရှုမြင်ခြင်း၊ သတင်းတော်ကိုလူမျိုးခြားတို့ကြား၌ ဟောပြောခြင်း၊ ဤလောကတွင် လက်ခံယုံကြည်ခြင်းတို့ကိုခံရလျက် ဘုန်းအသရေနှင့်တကွ အထက်သို့ဆောင်ယူခြင်းကိုခံတော်မူ၏။
ဤတောင်ကြားချိုင့်ဝှမ်းလွင်ပြင်သည် အာဇေလအရပ်တိုင်အောင် ရောက်လိမ့်မည်။ ယုဒဘုရင်ဩဇိမင်းကြီးလက်ထက် ငလျင်လှုပ်သဖြင့် သင်တို့ထွက်ပြေးရသကဲ့သို့ ယခုလည်း တောင်ကြားချိုင့်ဝှမ်းလွင်ပြင်အတိုင်း သင်တို့ ထွက်ပြေးရလိမ့်မည်။ ငါ၏ဘုရားသခင်ထာဝရဘုရားသည်လည်း မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူလိမ့်မည်။