အစ္စရေးဘုရင်ကလည်း “ဗင်္ဟာဒဒ်မင်းကြီးအား ‘ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလျက်နှင့် ချွတ်ပြီးသောသူကဲ့သို့ မဝါကြွားသင့်’ဟူ၍ ပြန်လျှောက်လော့”ဟု ပြန်ပြော၏။
ရောမ 11:18 - မြန်မာ့စံမီသမ္မာကျမ်း ထိုအကိုင်းအခက်များအပေါ် ဝါကြွားသောစိတ်မရှိနှင့်။ ဝါကြွားလျှင်လည်း သင်သည် အမြစ်ကိုထောက်မသည်မဟုတ်။ အမြစ်ကသာ သင့်ကိုထောက်မ၏။ Common Language Bible သို့ဖြစ်၍သင်တို့သည်ခုတ်ဖြတ်ပစ်လိုက်သည့် အကိုင်းများနှင့်တူသောသူတို့ကိုအထင် မသေးကြနှင့်။ သင်တို့သည်အဘယ်သို့လျှင် ဝါကြွားနိုင်သနည်း။ သင်တို့သည်အကိုင်း အခက်မျှသာဖြစ်၍အမြစ်ကိုထောက်မ သည်မဟုတ်။ အမြစ်သည်သာလျှင်သင်တို့ ကိုထောက်မ၏။ Garrad Bible ထို အ ကိုင်း အ ခက် များ အ ပေါ် တွင် မ ဝါ ကြွား နှင့်။ ဝါ ကြွား ခဲ့ လျှင် အ မြစ် ကို သင် ထောက် မ သည် မ ဟုတ်။ Judson Bible ဝါကြွားလျှင်မူကား၊ သင်သည်အမြစ်ကို မဆောင်၊ အမြစ်သည် သင့်ကိုဆောင်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ သင်သည် ခုတ်ဖြတ်ခံရသော အကိုင်းအခက်များ၏ နေရာ၌ ကိုင်းဆက်ကူးခြင်းခံရသောကြောင့် ထိုခုတ်ဖြတ်ခံရသော အကိုင်းအခက်များကို မကြွားဝါနှင့်။ ကြွားဝါခဲ့လျှင် သင်သည် အကိုင်းအခက်မျှသာဖြစ်ကြောင်းကို သတိရလော့။ သင်သည် အမြစ်ကို ထောက်မသည်မဟုတ်ဘဲ အမြစ်ကသာ သင့်ကိုထောက်မ၏။ |
အစ္စရေးဘုရင်ကလည်း “ဗင်္ဟာဒဒ်မင်းကြီးအား ‘ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားလျက်နှင့် ချွတ်ပြီးသောသူကဲ့သို့ မဝါကြွားသင့်’ဟူ၍ ပြန်လျှောက်လော့”ဟု ပြန်ပြော၏။
ပျက်စီးခြင်း၏ရှေ့ပြေးသည် မာနကြီးခြင်းဖြစ်၏။ ပြိုလဲခြင်း၏ရှေ့ပြေးကား ဘဝင်မြင့်ခြင်းဖြစ်၏။
ထိုအခါ ပေတရုက “ကိုယ်တော်ကြောင့် အားလုံးစိတ်ပျက်ကြလျှင်လည်း အကျွန်ုပ်သည် မည်သည့်အခါမျှ စိတ်ပျက်မည်မဟုတ်ပါ”ဟု ပြန်လျှောက်လေ၏။
ငါ၌ ဤသိုးခြံထဲမှမဟုတ်သော အခြားသိုးတို့ရှိသေး၏။ ထိုသိုးတို့ကိုလည်း ငါခေါ်ဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့အသံကိုနားထောင်ကြသဖြင့် သိုးအုပ်တစ်အုပ်တည်း၊ သိုးထိန်းတစ်ပါးတည်းဖြစ်လိမ့်မည်။
ကယ်တင်ခြင်းသည် ဂျူးလူမျိုးတို့ထဲမှဖြစ်ပေါ်လာသည်ဖြစ်၍ ငါတို့သည် ကိုယ်သိသောအရာကို ကိုးကွယ်ကြ၏။ သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏။
ပေါလုရောက်သောအခါ ဂျေရုဆလင်မြို့မှလာသော ဂျူးလူမျိုးတို့သည် သူ့ကိုဝိုင်းရံလျက် သူတို့သက်သေမပြနိုင်သော ကြီးလေးသည့်စွဲချက်များစွာတို့ကို သူ့အပေါ်တင်ကြ၏။
မှန်ပေ၏။ သူတို့သည် မယုံကြည်မှုကြောင့် ခုတ်ဖြတ်ခြင်းခံရပြီး သင်မူကား ယုံကြည်ခြင်းကြောင့်တည်နေ၏။ ထောင်လွှားသောသဘောမရှိဘဲ ကြောက်ရွံ့ခြင်းရှိလော့။
သို့ဖြစ်လျှင် ဝါကြွားစရာအဘယ်မှာရှိသနည်း။ ၎င်းသည် ဖယ်ရှားခြင်းခံရလေပြီ။ မည်သည့်တရားအားဖြင့် ဖယ်ရှားသနည်း။ အကျင့်တရားအားဖြင့်လော။ မဟုတ်ပေ။ ယုံကြည်ခြင်းတရားအားဖြင့် ဖယ်ရှား၏။
ထို့ကြောင့် ကတိတော်သည် ယုံကြည်ခြင်းနှင့်ဆိုင်၏။ ဤသည်ကား ထိုကတိတော်ကို ကျေးဇူးတော်အားဖြင့်ဖြစ်စေ၍ ပညတ်တရားနှင့်ဆိုင်သောအမျိုးအနွယ်အတွက်သာမကဘဲ အာဗြဟံ၏ယုံကြည်ခြင်းနှင့်ဆိုင်သည့်အမျိုးအနွယ်အပါအဝင် အမျိုးအနွယ်ရှိသမျှတို့အတွက် တည်မြဲစေရန်ဖြစ်၏။
သင်တို့သည် ခရစ်တော်နှင့်စပ်ဆိုင်လျှင် အာဗြဟံ၏အမျိုးအနွယ်ဖြစ်၍ ကတိတော်အရ အမွေခံများဖြစ်ကြ၏။