သင်တို့လက်သည် သွေးနှင့်လည်းကောင်း၊ သင်တို့လက်ချောင်းသည် ဒုစရိုက်နှင့်လည်းကောင်း ညစ်ညူး၏။ သင်တို့၏နှုတ်သည် မုသားကိုပြောဆို၍ သင်တို့၏လျှာမှ ကောက်ကျစ်သောစကားထွက်၏။
ယေရမိ 9:2 - မြန်မာ့စံမီသမ္မာကျမ်း မည်သူသည် တောကန္တာရ၌ ခရီးသွားဧည့်သည်များ စခန်းချရာနေရာလေးတစ်နေရာကို ငါ့အား ပေးမည်နည်း။ သို့ပြုလျှင် ငါသည် ငါ၏လူမျိုးတော်ကိုစွန့်၍ သူတို့ထံမှထွက်သွားမည်။ သူတို့အားလုံးသည် အိမ်ထောင်ရေးဖောက်ပြန်၍ သစ္စာမဲ့သောလူစုဖြစ်၏။ Common Language Bible ငါသည်မိမိအမျိုးသားများအားစွန့်ခွာပြီး လျှင် သဲကန္တာရတွင်သွားရောက်နေထိုင်စရာ အခန်းတစ်ခုကိုလိုချင်စမ်းပါဘိ။ သူတို့အားလုံးပင်လျှင်သစ္စာမဲ့၍အခြား ဖောက်ပြားသူများဖြစ်ကြ၏။ Garrad Bible သူ့ သား အိမ် ရာ ကို ပြစ် မှား သူ၊ သ စ္စာ ဖျက် သော အ သင်း အ ပင်း ဖြစ် သူ၊ ငါ၏ အ မျိုး သား ချင်း တို့ ကို စွန့် ၍ ထွက် သွား ရ အံ့ သော ငှာ၊ တော၌ ခ ရီး သည် တို့ စား ခန်း ကို ငါ တွေ့ ပါ ရ စေ။ Judson Bible ငါသည် ငါ၏လူမျိုးကိုစွန့်၍ ထွက်သွားနိုင်အောင် တော၌ တဲစခန်းရှိပါစေသော။ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် သူ့မယားကို ပြစ်မှားသောသူ၊ သစ္စာပျက်သော အစည်းအဝေးဖြစ်ကြ၏။ |
သင်တို့လက်သည် သွေးနှင့်လည်းကောင်း၊ သင်တို့လက်ချောင်းသည် ဒုစရိုက်နှင့်လည်းကောင်း ညစ်ညူး၏။ သင်တို့၏နှုတ်သည် မုသားကိုပြောဆို၍ သင်တို့၏လျှာမှ ကောက်ကျစ်သောစကားထွက်၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။
သင့်ညီအစ်ကို၊ သင့်ဖခင်၏အိမ်သူအိမ်သားတို့ပင်လျှင် သင့်ကို သစ္စာဖောက်လေပြီ။ သူတို့သည် သင့်နောက်သို့လိုက်၍ ကျယ်လောင်စွာဟစ်ခေါ်လေပြီ။ သူတို့သည် သင့်အား ချိုသာစွာပြောလျှင်လည်း မယုံနှင့်။
သင်သည် မိမိစိတ်ထဲ၌ “အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း”ဟု တွေးလျှင် သင်၏ဒုစရိုက်များကြောင့် သင်အဝတ်အချွတ်ခံရ၏၊ သင်အကြမ်းဖက်ခံရ၏။
အကြောင်းမူကား တစ်ပြည်လုံး အိမ်ထောင်ရေးဖောက်ပြန်သူတို့နှင့် ပြည့်လျက်နေ၏။ အကျိန်ခံရသောကြောင့် တစ်ပြည်လုံး ငိုကြွေးမြည်တမ်းကြ၏။ တောကန္တာရစားကျက်မြေများလည်း ခြောက်သွေ့လျက်ရှိ၏။ သူတို့သည် ဆိုးညစ်စွာအသက်ရှင်ကြ၏။ သူတို့၏ခွန်အားကို မမှန်မကန်အသုံးချကြ၏။
“ငါ့လူမျိုးတော်တို့သည် ဆိုးမိုက်သောသူများဖြစ်ကြ၏။ ငါ့ကိုမသိကြ။ မိုက်မဲသောသားသမီးများဖြစ်ကြ၏။ အသိဉာဏ်မရှိကြ။ ဆိုးညစ်သောအမှုကိုပြုရာ၌ ကျွမ်းကျင်၍ ကောင်းသောအမှုကိုမပြုကြ။”
ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ခေါက်တုံ့ခေါက်ပြန်သွားလာလျက် ကြည့်ရှုလော့။ ဆင်ခြင်သုံးသပ်လော့။ ထိုမြို့၏လမ်းဆုံလမ်းခွများ၌ ရှာဖွေလော့။ တရားမျှတစွာပြုသောသူ၊ သစ္စာတရားကိုရှာဖွေသောသူတစ်ဦးတစ်ယောက်တွေ့လျှင်ပင် ထိုမြို့ကို ငါခွင့်လွှတ်မည်။
အကယ်စင်စစ် အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် ငါ့ကို သစ္စာမဲ့ကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သူတို့က ‘ထာဝရဘုရားအသက်ရှင်တော်မူသည်’ဟု ဆိုကြလျက်ပင် မဟုတ်မမှန်ကျိန်ဆိုတတ်ကြ၏”ဟု မိန့်တော်မူ၏။
တိုင်းပြည်သည် ကျိန်ဆိုခြင်း၊ လိမ်ညာခြင်း၊ လူသတ်ခြင်း၊ ခိုးယူခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ လူသတ်မှုကို အထပ်ထပ်ကျူးလွန်ကြ၏။
သူတို့သည် ထာဝရဘုရားအပေါ် သစ္စာမဲ့၍ တရားမဝင်သားသမီးများကို မွေးကြပြီ။ ထို့ကြောင့် လဆန်းနေ့တွင် သူတို့နှင့်အတူ သူတို့၏အမွေမြေသည်လည်း ဝါးမျိုခြင်းခံရလိမ့်မည်။
သို့သော် သူတို့သည် အာဒံကဲ့သို့ပင် ပဋိညာဉ်ကိုချိုးဖောက်ပြီး ထိုအရပ်တွင် ငါ့ကို သစ္စာဖောက်ကြပြီ။
မုန့်ဖုတ်သူသည် မုန့်ညက်ကိုနယ်ပြီး တဆေးပေါက်သည်အထိ မီးဆက်ထိုးစရာမလိုဘဲ မီးတောက်နေသောမီးဖိုကဲ့သို့ သူတို့အားလုံး အိမ်ထောင်ရေးဖောက်ပြန်လိုစိတ်များ ပြင်းထန်၏။
မြို့သားသူဌေးတို့သည် ရက်စက်ကြမ်းကြုတ်ကြ၏။ မြို့သူမြို့သားတို့သည် အလိမ်အညာစကားကိုသာ ပြောတတ်ကြ၏။ သူတို့၏လျှာသည် လိမ်လည်လှည့်စားသောစကားကိုသာ ဆိုတတ်ကြ၏။
ပရောဖက်တို့သည် တာဝန်မဲ့သောသစ္စာဖောက်များ ဖြစ်ကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း ပညတ်တရားကို ချိုးဖောက်၍ သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေကြပြီ။
ယုဒအမျိုးသည် သစ္စာမရှိ။ အစ္စရေးပြည်တွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြလေပြီ။ အကယ်စင်စစ် ယုဒအမျိုးသည် တိုင်းတစ်ပါးဘုရားကိုကိုးကွယ်သောသမီးပျိုတို့နှင့် စုံဖက်ခြင်းဖြင့် ထာဝရဘုရားမြတ်နိုးတော်မူသောသန့်ရှင်းစင်ကြယ်ခြင်းကို ညစ်ညူးစေလေပြီ။
သို့သော် သင်တို့က “အဘယ်ကြောင့်နည်း”ဟု မေးလျှင် အကယ်စင်စစ် သင်နှင့် သင်ငယ်စဉ်က ပေါင်းဖော်ခဲ့သောသင့်မယားကြားတွင် ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ သင်သည် သင့်ဘဝဖော်၊ သင်နှင့်ကတိသစ္စာပြုထားသောမယားကို သစ္စာဖောက်သောကြောင့်ဖြစ်၏။
ဖောက်ပြန်သောသူတို့၊ လောကနှင့်မိတ်ဖွဲ့ခြင်းသည် ဘုရားသခင်ကိုရန်ဘက်ပြုခြင်းဖြစ်ကြောင်း သင်တို့မသိကြသလော။ ထို့ကြောင့် လောက၏မိတ်ဆွေဖြစ်လိုသောသူသည် ဘုရားသခင်၏ရန်သူဖြစ်၏။
ယောရှုလက်ထက်မျိုးဆက်တစ်ဆက်လုံး သေဆုံး၍ဘိုးဘေးတို့စုစည်းရာသို့ ရောက်လေ၏။ ထိုမျိုးဆက်ပြီးမှ ထာဝရဘုရားကို မသိသော၊ အစ္စရေးအမျိုးသားတို့အဖို့ ထာဝရဘုရားပြုတော်မူသောအမှုကိုမသိသော နောက်မျိုးဆက်တစ်ဆက် ပေါ်လာ၏။