အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 9:10 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​သည် တောင်​များ​အတွက် ငိုကြွေး​မြည်တမ်း​မည်​။ စားကျက်​တောကြီး​များ​အတွက် ကြေကွဲဝမ်းနည်း​မည်​။ အကြောင်းမူကား ထို​နေရာ​တို့​ကို မီးလောင်​သွား​ပြီ​။ ဖြတ်သန်းသွားလာ​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ​။ သိုးနွား​တို့​၏​အသံ​ကို​မ​ကြား​ရ​။ ကောင်းကင်​ငှက်​များ​၊ တိရစ္ဆာန်​များ​သည်​လည်း အဝေး​သို့​ထွက်ပြေး​သွား​ကြ​ပြီ​။

အခန်းကိုကြည့်ပါ။

Common Language Bible

ယေ​ရ​မိ​က``တောင်​ရိုး​များ​အ​တွက်​ငါ​မြည် တမ်း​မည်။ မြက်​ခင်း​များ​အ​တွက်​ငါ​ငို​ကြွေး​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​စား​ကျက်​တို့​သည် ခြောက်​သွေ့​သွား​၍ ဖြတ်​သန်း​သွား​လာ​မည့်​သူ​ကင်း​မဲ့​လျက် နေ​သော​ကြောင့်​ဖြစ်​၏။ သိုး​နွား​မြည်​သံ​ကို​မ​ကြား​ရ​ကြ​တော့​ပေ။ ငှက်​များ၊တော​တိ​ရစ္ဆာန်​များ​သည်​လည်း ထွက်​ပြေး​ကြ​လေ​ပြီ'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ သည် တောင် တန်း အ တွက် ငို ကြွေး မြည် တမ်း လျက်၊ တော ကုန်း စား ကျက် များ အ တွက် ငို ချင်း ဖွဲ့ ဆို အံ့။ ဖြတ် သန်း သူ ကင်း အောင်၊ ထို နေ ရာ များ ကျွမ်း လောင် သ ဖြင့်၊ လေ သ တ္တ ဝါ၊ မြေ သ တ္တ ဝါ အ ပေါင်း တို့ ပြေး သွား ၍၊ တိ ရ စ္ဆာန် မြည် သံ ကို မ ကြား ရ။

အခန်းကိုကြည့်ပါ။

Judson Bible

တောင်​များ၊ လွင်​ပြင်​များ​တို့​အ​တွက် ငါ​သည် ငို​ကြွေး​မြည်​တမ်း​ခြင်း​ကို ပြု​ရ​မည်။ ထို​အ​ရပ်​တို့၌ မီး​လောင်​သော​ကြောင့်၊ လူ​သည် မ​လျှောက်​မ​သွား​ရ။ သိုး​နွား မြည်​သံ​ကို မ​ကြား​ရ။ မိုး​ကောင်း​ကင်​ငှက်​နှင့် သား​ရဲ​တို့​သည် ထွက်​ပြေး​ရ​ကြ​ပြီ။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 9:10
30 ပူးပေါင်းရင်းမြစ်များ  

ကြည့်ရှု​လော့​။ ငါ​သည် သင့်​ကို အသွား​ထက်​သည့် ကောက်နယ်​တန်ဆာပလာ​အသစ်​ဖြစ်စေ​မည်​။ သင်​သည် တောင်ကြီး​တို့​ကို နင်းနယ်​၍ ညက်ညက်ကြေ​စေ​မည်​။ တောင်ငယ်​တို့​ကို ဖွဲ​ကဲ့သို့​ဖြစ်စေ​မည်​။


ပြိုပျက်​ခဲ့​သော​၊ လူသူကင်းမဲ့​ခဲ့​သော​၊ ဖျက်ဆီး​ခြင်း​ခံရ​သော​သင်​၏​ပြည်​သည် နေထိုင်​သူ​များ​သောကြောင့် ကျဉ်းကျပ်​လိမ့်မည်​။ သင့်​ကို ဝါးမျို​ခဲ့​သော​သူ​တို့​သည်​လည်း အဝေး​သို့​လွင့်သွား​ကြ​လိမ့်မည်​။


သိုးထိန်း​အမြောက်အမြား​တို့​သည် ငါ့​စပျစ်ခြံ​ကို ဖျက်ဆီး​ကြ​ပြီ​။ ငါ့​လယ်ကွင်း​ကို နင်းချေ​ကြ​ပြီ​။ ငါ​တန်ဖိုး​ထား​သော​လယ်မြေ​ကို လူသူကင်းမဲ့​ရာ​တောကန္တာရ​ကဲ့သို့ ဖြစ်​စေ​ကြ​ပြီ​။


သူ​တို့​သည် ငါ့​လယ်မြေ​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​ပြီ​။ လူသူကင်းမဲ့​သော​လယ်မြေ​သည် ငါ့​အား ငိုကြွေးမြည်တမ်း​ပြ​ပြီ​။ မည်သူ​မျှ​အလေး​မ​ထား​ကြ​သောကြောင့် ပြည်​တစ်ပြည်လုံး​ပျက်စီး​သွား​လေ​ပြီ​။


တိုင်းပြည်​သည် မည်သည့်​အချိန်​ထိ ငိုကြွေးမြည်တမ်း​ရ​မည်နည်း​။ ကွင်းပြင်​ရှိ​မြက်​တို့​သည် မည်သည့်​အချိန်​ထိ ခြောက်သွေ့​ရ​မည်နည်း​။ “​ငါ​တို့​၏​အဆုံး​ကို ကိုယ်တော်​မ​မြင်​”​ဟု ပြောဆို​ကြ​သော ပြည်သား​တို့​၏​မကောင်းမှု​ကြောင့် တိရစ္ဆာန်​များ​၊ ငှက်​များ သေကျေပျက်စီး​ကုန်​ပါ​ပြီ​။


မြည်းရိုင်း​တို့​သည် တောင်ကတုံး​ပေါ်၌​ရပ်​၍ ခွေးအ​ကဲ့သို့ အသက်ရှူ​ကြ​၏​။ မြက်​မ​စား​ရ​သောကြောင့် မျက်စိမှုန်ဝေ​ကြ​ကုန်​၏​။


သူ့​ကို ခြင်္သေ့ပျို​တို့ ဟိန်းဟောက်​ကြ​ပြီ​၊ မာန်ဖီ​ကြ​ပြီ​။ သူ​၏​ပြည်​ကို လူသူကင်းမဲ့​ရာ​ဖြစ်စေ​ကြ​ပြီ​။ သူ​၏​မြို့​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​၍ နေထိုင်​သူ​မ​ရှိ​တော့​ပြီ​။


သူ​တို့​က ‘ငါ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ပြီးလျှင် ချောက်​ပေါများ​သော​သဲကန္တာရ​၊ ခြောက်သွေ့​၍​သေမင်းအရိပ်​လွှမ်းမိုး​ရာ​၊ နေထိုင်​သွားလာ​သူ​မ​ရှိ​ရာ တောကန္တာရ​တစ်လျှောက် ပို့ဆောင်​တော်မူ​သော​ထာဝရဘုရား​သည် အဘယ်မှာ​နည်း’​ဟု မ​မေး​ကြ​။


အကြောင်းမူကား တစ်ပြည်လုံး အိမ်ထောင်ရေးဖောက်ပြန်​သူ​တို့​နှင့် ပြည့်​လျက်​နေ​၏​။ အကျိန်​ခံရ​သောကြောင့် တစ်ပြည်လုံး ငိုကြွေးမြည်တမ်း​ကြ​၏​။ တောကန္တာရ​စားကျက်မြေ​များ​လည်း ခြောက်သွေ့​လျက်​ရှိ​၏​။ သူ​တို့​သည် ဆိုးညစ်​စွာ​အသက်ရှင်​ကြ​၏​။ သူ​တို့​၏​ခွန်အား​ကို မမှန်မကန်​အသုံးချ​ကြ​၏​။


မြောက်အရပ်​မှ​လူမျိုး​တစ်​မျိုး​သည် ဘေဘီလုံ​မြို့​ကို ချီတက်​တိုက်ခိုက်​လိမ့်မည်​။ ထို​မြို့​ကို လူသူကင်းမဲ့​ရာ​ဖြစ်​စေ​မည်​။ မည်သူမျှ ထို​မြို့​၌ နေထိုင်​ကြ​တော့​မည်​မ​ဟုတ်​။ လူ​မှစ၍ တိရစ္ဆာန်​တိုင်အောင် ထွက်ပြေး​သွား​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


သင်​တို့​၏​ဆံပင်​ကို​ရိတ်​၍ လွှင့်ပစ်​လော့​။ တောင်ကတုံး​များ​ပေါ်၌ မြည်တမ်း​ခြင်း​ပြု​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် အမျက်​တော်​ခံထိုက်​သော​မျိုးဆက်​ကို ပယ်​တော်မူ​ပြီ​၊ စွန့်ပစ်​တော်မူ​ပြီ’​ဟူ၍ ပြောကြား​ရ​မည်”​ဟု မိန့်​တော်မူ​၏​။


ငါ​သည် ဖြေမဆည်​နိုင်​လောက်အောင် ဝမ်းနည်း​၏​။ ငါ့​စိတ်နှလုံး​သည် ညှိုးနွမ်း​လျက်​ရှိ​၏​။


ထို့ကြောင့် ငါ​ငိုကြွေး​နေ​ရ​ပြီ​။ ငါ့​မျက်စိ​မှ မျက်ရည်​များ​စီးကျ​ရ​လေ​ပြီ​။ နှစ်သိမ့်ပေး​မည့်​သူ​၊ ငါ့​စိတ်ဝိညာဉ်​ကို ပြန်လည်​အားဖြည့်​ပေး​မည့်​သူ​သည် ငါ​နှင့်​အလှမ်းဝေး​လေ​ပြီ​။ ရန်သူ​က အနိုင်ရ​သောကြောင့် ငါ့​သားသမီး​တို့ ညှိုးငယ်​ရ​လေ​ပြီ​။


ငါ့​လူမျိုး​သမီးပျို​တို့ ပျက်စီး​သောကြောင့်​၊ နို့စို့နို့ညှာ​ကလေးငယ်​တို့ မြို့​လမ်းမ​များ​ပေါ်၌ လဲကျ​သောကြောင့် ငိုရလွန်း​၍ မျက်စိမှုန်ဝေ​ကုန်​ပြီ​။ ငါ့​အထဲ​၌ ပွက်ပွက်ဆူ​နေ​ပြီ​။ ငါ့​အသည်းနှလုံး​လည်း မြေ​ပေါ်​ကြွေကျ​လေ​ပြီ​။


ဇိအုန်​တောင်​ပေါ်၌ လူသူကင်းမဲ့​သောကြောင့် တောခွေး​တို့ သွားလာ​နေ​ကြ​ပါ​၏​။


“ထို​ပြည်​ထဲသို့ သားရဲတိရစ္ဆာန်​ကို စေလွှတ်​၍​ဖျက်ဆီး​စေ​မည်​၊ ထို​သားရဲတိရစ္ဆာန်​များ​ကြောင့် ထို​ပြည်​သည် ဖြတ်သန်းသွားလာ​မည့်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ​ဖြစ်သွား​မည်​ဆို​ပါစို့​။


“​အချင်း​လူသား​၊ တိုင်ရာ​မြို့​အတွက် ငိုချင်း​ချ​လော့​။


မည်သူ​မျှ​၊ မည်သည့်​တိရစ္ဆာန်​မျှ ဖြတ်သန်း​သွားလာ​တော့​မည်​မ​ဟုတ်​။ အနှစ်​လေးဆယ်​ပတ်လုံး နေထိုင်​မည့်​သူ ရှိ​တော့​မည်​မ​ဟုတ်​။


ထို​ပြည်​ကို လူသူကင်းမဲ့​ရာ​၊ ဆိတ်ညံ​ရာ ဖြစ်​စေ​မည်​။ သူ​ဂုဏ်ယူအားထား​ရာ သူ​၏​ခွန်အား​ကို​လည်း ကွယ်ပျောက်​စေ​မည်​။ အစ္စရေး​တောင်​တို့​သည် ဖြတ်သန်းသွားလာ​မည့်​သူ​မ​ရှိ​။ လူသူကင်းမဲ့​ရာ​ဖြစ်သွား​မည်​။


သင်​တို့​နေထိုင်​ရာ​အရပ်ရပ်​ရှိ​မြို့​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​မည်​။ အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​သည် လူသူကင်းမဲ့​ရာ​ဖြစ်​မည်​။ သင်​တို့​၏​ယဇ်ပလ္လင်​သည် ဖျက်ဆီး​ခံရ​သဖြင့် ပျက်စီး​သွား​မည်​။ ရုပ်တု​တို့​သည်​လည်း ချိုးဖျက်​ခံရ​သဖြင့် ပြိုပျက်​သွား​မည်​။ နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​သည်​လည်း ခုတ်လှဲ​ခံရ​မည်​။ သင်​တို့​ပြုလုပ်​ထား​သော​အရာ​တို့​သည် သုတ်သင်ပယ်ရှင်း​ခြင်း​ခံရ​မည်​။


ထို့ကြောင့် တိုင်းပြည်​သည် ငိုကြွေးမြည်တမ်း​လိမ့်မည်​။ ပြည်သူပြည်သား​များ​လည်း ချုံးချုံးကျ​ကုန်​လိမ့်မည်​။ တောရိုင်းတိရစ္ဆာန်​များ​၊ မိုးကောင်းကင်​ငှက်​များ​နှင့် ပင်လယ်​ငါး​များ​ပါ​မကျန် သေကျေ​ကြ​လိမ့်မည်​။


အို ယဇ်ပုရောဟိတ်​တို့​၊ လျှော်တေအဝတ်​ကို​ဝတ်​၍ မြည်တမ်း​ကြ​လော့​။ ယဇ်ပလ္လင်​၏​အမှုထမ်း​တို့​၊ ညည်းတွား​ကြ​လော့​။ ငါ​၏​ဘုရားသခင်​အမှု​တော်​ကို​ထမ်းဆောင်​သော​သူ​တို့​၊ လာ​ကြ​။ တစ်ညလုံး လျှော်တေအဝတ်​ကို​ဝတ်အိပ်​ကြ​လော့​။ အကြောင်းမူကား သင်​တို့​ဘုရားသခင်​၏​အိမ်​တော်​တွင် ဘောဇဉ်ပူဇော်သက္ကာ​၊ သွန်းလောင်းရာပူဇော်သက္ကာ​တို့ ကုန်ခန်း​လေ​ပြီ​။


အို ထာဝရဘုရား​၊ ကိုယ်တော့်​ကို အကျွန်ုပ်​ဟစ်ခေါ်​ပါ​၏​။ အကြောင်းမူကား မီး​သည် တောကန္တာရ​ရှိ​စားကျက်မြေ​များ​ကို ဝါးမျို​၍ မီးလျှံ​တို့​သည် တော​ရှိ​သစ်ပင်​တို့​ကို လောင်ကျွမ်း​လေ​ပြီ​။


အို အစ္စရေး​အမျိုးအနွယ်​တို့​၊ သင်​တို့​အကြောင်း​ကို ငါ​ငိုချင်းဖွဲ့​သီဆို​မည်​။ ဤ​အကြောင်း​ကို သင်​တို့ နားထောင်​ကြ​လော့​။


ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​လမ်းဆုံလမ်းခွ​၌ ငိုကြွေး​ကြ​လိမ့်မည်​။ လူစည်ကား​ရာ​နေရာ​ရှိသမျှ​၌ ‘​အလိုလေး​၊ အလိုလေး​’​ဟု အော်ဟစ်​ကြ​လိမ့်မည်​။ ငိုကြွေးမြည်တမ်း​ရန် လယ်သမား​တို့​ကို ခေါ်​ကြ​လိမ့်မည်​။ ငိုချင်းချ​ရန် ငိုချင်းသည်​တို့​ကို ခေါ်​ကြ​လိမ့်မည်​။


ထို​နေ့ရက်​၌ လူ​တို့​က သင်​တို့​ကို ပုံခိုင်း​၍ ‘ငါ​တို့ လုံးလုံး​ပျက်စီး​ကြ​ရ​ပြီ​။ ကိုယ်တော်​သည် ငါ့​လူမျိုး​တို့​၏​အမွေမြေ​ကို သူတစ်ပါး​အား လွှဲပြောင်း​ပေး​ပြီ​။ ငါ့​ထံမှ​လည်း ရုပ်သိမ်း​လိုက်​ပြီ​။ ငါ​တို့​၏​လယ်ယာ​ကို​လည်း ရန်သူ​အား ပေးလိုက်​လေ​ပြီ’​ဟူ၍ ခါးသီး​စွာ​ငိုကြွေးမြည်တမ်း​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


သို့ဖြစ်၍ သင်​တို့​ကြောင့် ဇိအုန်​မြို့​သည် လယ်​ကဲ့သို့ ထွန်ယက်​ခြင်း​ကို ခံရ​မည်​။ ဂျေရုဆလင်​မြို့​သည်​လည်း အပြိုအပျက်ပုံ​ဖြစ်​လိမ့်မည်​။ အိမ်​တော်​တည်ရှိ​ရာ​တောင်​သည်​လည်း တောအုပ်​ဖြစ်​လိမ့်မည်​။