Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မြည်​တမ်း​စ​ကား 5:18 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ဇိအုန်​တောင်​ပေါ်၌ လူသူကင်းမဲ့​သောကြောင့် တောခွေး​တို့ သွားလာ​နေ​ကြ​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ဇိ​အုန်​တောင်​တော်​သည်​လူ​သူ​ဆိတ်​ညံ​သ​ဖြင့် ခွေး​အ​တို့​ကျက်​စား​ရာ​ဖြစ်​၍​နေ​ပါ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 လူ​ဆိတ်​ညံ​လျက်​ရှိ​သော ဇိ​အုန်​တောင်​ပေါ်​မှာ မြေ​ခွေး​တို့​သည် သွား​လာ​ကြ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




မြည်​တမ်း​စ​ကား 5:18
18 ပူးပေါင်းရင်းမြစ်များ  

သူ​သည် ထာဝရဘုရား​၏​အိမ်​တော်​မှစ၍ ဘုရင့်​နန်းတော်​နှင့် ဂျေရုဆလင်​မြို့​ရှိ အိမ်​အားလုံး​ကို မီးရှို့​၏​။ မှူးကြီးမတ်ရာ​တို့​၏​အိမ်​အားလုံး​ကို​လည်း မီး​ရှို့​လေ​၏​။


သူ့​အနား​ရှိ အမ္မုန်​လူမျိုး​တောဘိ​က​လည်း “​သူ​တို့​တည်ဆောက်​နေ​သော​ကျောက်​မြို့ရိုး​သည် မြေခွေး​ခုန်တက်​ရုံ​မျှ​နှင့်​ပင် ပြိုသွား​လိမ့်မည်​”​ဟု ဆို​၏​။


သူ​တို့​သည် ဓားသွား​အောက်​ကျရောက်​၍ တောခွေး​တို့​၏​အစာ​ဖြစ်​ကြ​ရ​လိမ့်မည်​။


အို ထာဝရဘုရား​၊ ပြင်းစွာ​အမျက်ထွက်​တော်​မ​မူ​ပါ​နှင့်​။ အပြစ်​များ​ကို အစဉ်​မှတ်​တော်​မ​မူ​ပါ​နှင့်​။ ကြည့်ရှု​တော်မူ​ပါ​။ အကျွန်ုပ်​တို့​အားလုံး​သည် ကိုယ်တော်​၏​လူမျိုး​တော်​ဖြစ်​ပါ​၏​။


အို ကွင်းပြင်​ရှိ​ငါ့​တောင်​၊ ပြည်​တစ်ပြည်လုံး​ရှိ အပြစ်​များ​ကြောင့် သင်​၏​ဥစ္စာပစ္စည်း​၊ သင်​၏​ဘဏ္ဍာ​အလုံးစုံ​တို့​နှင့် သင်​အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို လုယူဖျက်ဆီး​ရာ​အဖြစ် ငါ​ပေးလိုက်​မည်​။


‘​ဤ​အိမ်​တော်​သည် ရှိလော​အရပ်​ကဲ့သို့ ဖြစ်​လိမ့်မည်​။ ဤ​မြို့​သည် နေထိုင်​သော​သူ​မ​ရှိ​ဘဲ တိတ်ဆိတ်​ခြောက်ကပ်​လိမ့်မည်​’​ဟု ထာဝရဘုရား​၏​နာမ​တော်​ဖြင့် အဘယ်ကြောင့် ပရောဖက်ပြု​ဟောပြော​ရ​သနည်း​”​ဟု ဆို​ပြီးလျှင် လူ​တို့​သည် ထာဝရဘုရား​အိမ်​တော်​၌ ယေရမိ​ထံ ဝိုင်းအုံ​လာ​ကြ​၏​။


“​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဂျေရုဆလင်​မြို့​မှစ၍ ယုဒ​မြို့ရွာ​အားလုံး​အပေါ် ငါ​ကျရောက်​စေ​သည့် ဘေးအန္တရာယ်​အလုံးစုံ​ကို သင်​တို့​တွေ့မြင်​ခဲ့​ကြ​ပြီ​။ ယခု ထို​မြို့ရွာ​တို့​သည် ပြိုပျက်​ရာ​ဖြစ်​၍ နေထိုင်​သူ​ပင် မ​ရှိ​တော့​ပေ​။


ထို့ကြောင့် ငါ့​အမျက်​ဒေါသ​မီး​ကို ငါ​သွန်ချ​သဖြင့် ယုဒ​မြို့ရွာ​များ​နှင့် ဂျေရုဆလင်​မြို့​လမ်း​တို့​ကို လောင်ကျွမ်း​လေ​ပြီ​။ ယခု​ကဲ့သို့ ပြိုပျက်​ရာ​အရပ်​၊ လူသူကင်းမဲ့​ရာ​အရပ် ဖြစ်​လေ​ပြီ’​ဟု မိန့်​တော်မူ​၏​။


သူ​သည် ထာဝရဘုရား​၏​အိမ်​တော်​မှစ၍ ဘုရင့်​နန်းတော်​နှင့် ဂျေရုဆလင်​မြို့​ရှိ အိမ်​အားလုံး​ကို မီးရှို့​၏​။ မှူးကြီးမတ်ရာ​တို့​၏​အိမ်​အားလုံး​ကို​လည်း မီး​ရှို့​လေ​၏​။


ငါ​သည် တောင်​များ​အတွက် ငိုကြွေး​မြည်တမ်း​မည်​။ စားကျက်​တောကြီး​များ​အတွက် ကြေကွဲဝမ်းနည်း​မည်​။ အကြောင်းမူကား ထို​နေရာ​တို့​ကို မီးလောင်​သွား​ပြီ​။ ဖြတ်သန်းသွားလာ​သော​သူ​တစ်​ယောက်​မျှ​မ​ရှိ​။ သိုးနွား​တို့​၏​အသံ​ကို​မ​ကြား​ရ​။ ကောင်းကင်​ငှက်​များ​၊ တိရစ္ဆာန်​များ​သည်​လည်း အဝေး​သို့​ထွက်ပြေး​သွား​ကြ​ပြီ​။


“ငါ​သည် ဂျေရုဆလင်​မြို့​ကို ကျောက်ပုံ​ဖြစ်​စေ​မည်​၊ ခွေးအ​တို့​ခိုအောင်း​ရာ ဖြစ်စေ​မည်​။ ယုဒ​မြို့​များ​ကို နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ​အရပ် ဖြစ်​စေ​မည်​။”


အို အစ္စရေး​လူမျိုး​တို့​၊ သင်​တို့​၏​ပရောဖက်​များ​သည် အပြိုအပျက်​များ​ကြား​မှ တောခွေး​များ​နှင့်​တူ​၏​။


အို အကျွန်ုပ်​တို့​၏​ဘုရားသခင်​၊ ယခု ကိုယ်တော့်​အစေအပါး​၏​ဆုတောင်းသံ​၊ အသနားခံ​သံ​ကို နားညောင်း​တော်မူ​ပါ​။ အို ဘုရားရှင်​၊ လူ​ဆိတ်ညံ​သွား​သော​ကိုယ်တော်​၏​သန့်ရှင်းရာဌာန​တော်​၌ ကိုယ်တော်တိုင်​အဖို့ ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ထွန်းလင်း​စေ​တော်မူ​ပါ​။


သို့ဖြစ်၍ သင်​တို့​ကြောင့် ဇိအုန်​မြို့​သည် လယ်​ကဲ့သို့ ထွန်ယက်​ခြင်း​ကို ခံရ​မည်​။ ဂျေရုဆလင်​မြို့​သည်​လည်း အပြိုအပျက်ပုံ​ဖြစ်​လိမ့်မည်​။ အိမ်​တော်​တည်ရှိ​ရာ​တောင်​သည်​လည်း တောအုပ်​ဖြစ်​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ