ယေရမိ 7:34 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ယုဒမြို့များ၊ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်မှ ရွှင်မြူးခြင်းအသံ၊ ဝမ်းမြောက်ခြင်းအသံ၊ သတို့သားအသံ၊ သတို့သမီးအသံတို့ကို ရပ်စဲစေမည်။ သို့ဖြစ်၍ ထိုပြည်သည်လည်း ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။ Common Language Bible ငါသည်ယုဒမြို့များနှင့်ယေရုရှလင်လမ်း များတွင်မင်္ဂလာဆောင်ခဲ့၏။ ရွှင်လန်းဝမ်း မြောက်သံများကိုဆိတ်သုဉ်းစေမည်။ ထို ဒေသသည်လူသူကင်းမဲ့လိမ့်မည်။ Garrad Bible ထို ကာ လ၊ ပြည် တော် သည် ဆိတ် ညံ ရာ ရောက် သ ဖြင့်၊ ယု ဒ ပြည် ရှိ မြို့ ရွာ များ တွင် လည်း ကောင်း၊ ယေ ရု ရှ လင် မြို့ ရှိ လမ်း များ တွင် လည်း ကောင်း၊ အား ရ ရွှင် လန်း သံ၊ မင်္ဂ လာ ဆောင် သ တို့ သား၊ သ တို့ သ မီး တို့ ကြွေး ကြော် သံ များ ကို၊ ငါ ပြတ် စဲ စေ မည်။ Judson Bible ယုဒမြို့များ၊ ယေရုရှလင်လမ်းများတို့၌ ဝမ်းမြောက်သောအသံ၊ ရွှင်လန်းသောအသံ၊ မင်္ဂလာဆောင်သတို့သားအသံနှင့် မင်္ဂလာဆောင် သတို့သမီးအသံကို ငါစဲစေမည်။ တစ်ပြည်လုံးသည် လူဆိတ်ညံရာအရပ်ဖြစ်လိမ့်မည် ဟုမိန့်တော်မူ၏။ |
မီးသည် ကိုယ်တော်၏လူပျိုတို့ကိုလောင်ကျွမ်း၍ ကိုယ်တော်၏အပျိုကညာတို့သည် မင်္ဂလာသီချင်းများကို မဆိုရကြပေ။
သင်တို့ပြည်သည် လူသူကင်းမဲ့လေပြီ။ သင်တို့၏မြို့များကိုလည်း မီးလောင်လေပြီ။ တစ်ပါးအမျိုးသားတို့သည် သင်တို့၏မြေကို သင်တို့ရှေ့၌ ဝါးမျိုကြပြီ။ တစ်ပါးအမျိုးသားတို့ဖျက်ဆီးသဖြင့် လူသူကင်းမဲ့လေပြီ။
ဇိအုန်မြို့တံခါးတို့သည် ညည်းတွား၍ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ဇိအုန်မြို့သည် လူသူကင်းမဲ့လိမ့်မည်။ မြေကြီးပေါ်ထိုင်ရလိမ့်မည်။
ထိုအခါ ငါက “အို ဘုရားရှင်၊ မည်မျှကြာပါမည်နည်း”ဟု မေးလျှောက်ရာ ကိုယ်တော်က “မြို့တို့သည်ပျက်စီး၍ နေထိုင်သူမရှိ၊ အိမ်တို့တွင် လူမရှိ၊ တစ်ပြည်လုံးသည် ပျက်စီး၍ လူသူကင်းမဲ့သည့်တိုင်အောင်၊
အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဤအရပ်၌ ရွှင်မြူးသောအသံ၊ ဝမ်းမြောက်သောအသံ၊ သတို့သား၊ သတို့သမီးအသံတို့ကို သင်တို့ရှေ့မှောက်၊ သင်တို့လက်ထက်၌ပင် ငါရပ်စဲစေမည်။
ယုဒဘုရင်၏နန်းတော်နှင့်ပတ်သက်၍ ထာဝရဘုရားက “သင်သည် ဂိလဒ်ပြည်ကဲ့သို့၊ လက်ဘနွန်တောင်ထိပ်ကဲ့သို့ ဖြစ်သော်လည်း ငါသည် သင့်ကို တောကန္တာရကဲ့သို့၊ လူမနေသောမြို့ကဲ့သို့ ဖြစ်စေမည်။
ထာဝရဘုရားက ‘ဝမ်းမြောက်ရွှင်မြူးသောအသံ၊ သတို့သားသတို့သမီးအသံ၊ ကြိတ်ဆုံကြိတ်သံ၊ မီးခွက်အလင်းတို့ကိုပါ ချုပ်ငြိမ်းစေမည်။
သူတို့၏စကားကို နားမထောင်ကြနှင့်။ ဘေဘီလုံဘုရင်ကို အစေခံ၍ အသက်ရှင်ကြလော့။ အဘယ်ကြောင့် ဤမြို့သည် ပြိုပျက်ရာအရပ်ဖြစ်ရပါမည်နည်း။
ထာဝရဘုရားက ‘ဤအရပ်တွင် လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံရာဖြစ်လေပြီဟု သင်တို့ပြောဆိုကြသော လူမရှိ၊ တိရစ္ဆာန်မရှိ၊ နေထိုင်သူမရှိ ဆိတ်ညံသောယုဒမြို့များနှင့် ဂျေရုဆလင်မြို့လမ်းများပေါ်တွင်
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။
ငါကြည့်လိုက်သော် သီးနှံဖြစ်ထွန်းသောမြေတို့သည် တောကန္တာရဖြစ်လေပြီ။ ထာဝရဘုရားရှေ့၊ ပြင်းထန်သောအမျက်တော်ရှေ့၌ မြို့အားလုံး ပြိုပျက်သွားလေပြီ။
ထာဝရဘုရားက “ငါသည် ပြည်တစ်ပြည်လုံးကို လူသူကင်းမဲ့ရာဖြစ်စေမည်။ သို့သော် အကုန်အစင်သုတ်သင်ဖျက်ဆီးမည်မဟုတ်။
ထို့ကြောင့် ငါ့အမျက်ဒေါသမီးကို ငါသွန်ချသဖြင့် ယုဒမြို့ရွာများနှင့် ဂျေရုဆလင်မြို့လမ်းတို့ကို လောင်ကျွမ်းလေပြီ။ ယခုကဲ့သို့ ပြိုပျက်ရာအရပ်၊ လူသူကင်းမဲ့ရာအရပ် ဖြစ်လေပြီ’ဟု မိန့်တော်မူ၏။
မြို့တံခါးတို့၌ သက်ကြီးဝါကြီးတို့ မရှိကြတော့ပြီ။ လူပျိုတို့၏တီးမှုတ်သံလည်း ဆိတ်သုဉ်းသွားပြီ။
‘ငါသည် သီချင်းသံကို ဆိတ်သုဉ်းစေမည်။ စောင်းသံကိုလည်း သင်ကြားရတော့မည်မဟုတ်။
ရက်စက်ကြမ်းကြုတ်မှုသည် တောင်ဝှေးဆိုးအဖြစ်သို့ ပြောင်းလဲကြီးထွားလေပြီ။ ထိုအခါ သူတို့ကိုယ်တိုင်မှစ၍ သူတို့၏လူအလုံးအရင်း၊ စည်းစိမ်ဥစ္စာ၊ ထင်ပေါ်ကျော်ကြားမှု စသည်တို့လည်း တစ်ခုမျှကျန်ရှိတော့မည်မဟုတ်။
သတ်မှတ်ထားသည့်ပွဲတော်များဖြစ်သော လဆန်းနေ့ပွဲတော်၊ ဥပုသ်နေ့ပွဲတော်၊ သူကျင်းပသောပွဲအားလုံးကိုလည်း အဆုံးသတ်ပစ်မည်။
သူသည် ဗာလဘုရားပွဲနေ့များ၌ နံ့သာပေါင်းကိုမီးရှို့၍ နှာကွင်းနှင့် လက်ဝတ်ရတနာကိုဆင်မြန်းလျက် ချစ်သူများနောက်သို့လိုက်ပြီး ငါ့ကိုမေ့လျော့သည့်အတွက် သူ့အား ငါဒဏ်ခတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ငါသည် သင်တို့ကို လူမျိုးခြားတို့ထဲတွင် ကွဲလွင့်စေမည်။ ဓားကိုထုတ်၍ သင်တို့နောက်ကိုလိုက်မည်။ သင်တို့၏ပြည်သည် လူသူကင်းမဲ့၍ သင်တို့၏မြို့တို့သည် ပြိုပျက်လိမ့်မည်။
မြေကြီးသားတို့ပြုသောအမှု၏အကျိုးဆက်ကြောင့် ကမ္ဘာမြေကြီးသည် လူဆိတ်ညံရာဖြစ်လိမ့်မည်။
ဆီမီး၏အလင်းကိုလည်း သင့်အထဲ၌ လုံးဝထွန်းလင်းတော့မည်မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့်သတို့သမီးတို့၏အသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်တို့သည် ကမ္ဘာမြေကြီး၏မှူးကြီးမတ်ရာများဖြစ်ကြ၏။ လူမျိုးတကာတို့သည်လည်း သင်၏ပြုစားခြင်းဖြင့် လှည့်ဖြားခြင်းကိုခံခဲ့ရကြ၏။