ယေရမိ 8:1 - မြန်မာ့စံမီသမ္မာကျမ်း1 ထာဝရဘုရားက “ထိုကာလ၌ ယုဒဘုရင်တို့၏အရိုးများ၊ အကြီးအကဲတို့၏အရိုးများ၊ ယဇ်ပုရောဟိတ်တို့၏အရိုးများ၊ ပရောဖက်တို့၏အရိုးများ၊ ဂျေရုဆလင်မြို့သားတို့၏အရိုးများကို သူတို့၏သင်္ချိုင်းတွင်းများထဲမှ ထုတ်ပစ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible1 ``ထိုအချိန်ကာလ၌လူတို့သည် ယုဒ ဘုရင်များနှင့်မှူးမတ်များ၊ ယဇ်ပုရောဟိတ် များ၊ ပရောဖက်များနှင့်အခြားယေရုရှလင် မြို့သားများ၏အရိုးတို့ကို သက်ဆိုင်ရာ သင်္ချိုင်းတွင်းများမှတူးဖော်ကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible1 ထို ကာ လ၌ ပင် ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ယု ဒ ဘု ရင် တို့ အ ရိုး များ တို့ နှင့် တ ကွ မှူး မတ်၊ ပ ရော ဟိတ်၊ ပ ရော ဖက် တို့ မှ စ၍ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ အ ရိုး များ ကို၊ သင်္ချိုင်း တွင်း က ထုတ် ဖော် ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible1 ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုကာလအခါ ယုဒရှင်ဘုရင်တို့၏အရိုး၊ မှူးမတ်တို့၏အရိုး၊ ယဇ်ပုရောဟိတ်တို့၏အရိုး၊ ပရောဖက်တို့၏အရိုး၊ ယေရုရှလင်မြို့သားတို့၏အရိုးများကို သင်္ချိုင်းတွင်းများအထဲက ထုတ်ပစ်၍၊ အခန်းကိုကြည့်ပါ။ |
ထို့နောက် ယောရှိမင်းကြီးသည် ဝန်းကျင်ကိုလှည့်ကြည့်လိုက်သောအခါ တောင်ပေါ်တွင် သင်္ချိုင်းဂူများကို တွေ့သဖြင့် လူလွှတ်၍ သင်္ချိုင်းဂူအတွင်းရှိ အရိုးတို့ကိုယူစေပြီး ယဇ်ပလ္လင်ပေါ်တွင် မီးရှို့၍ ယဇ်ပလ္လင်ကို ညစ်ညူးစေ၏။ ဤသို့ဖြင့် ဘုရားသခင်၏လူ ကြိုတင်ဟောပြောခဲ့သည့်ထာဝရဘုရား၏စကားတော်များအတိုင်း ဤအရာတို့ ဖြစ်လာလေ၏။
ထိုသူသည် ထာဝရဘုရားဆင့်ဆိုစေသည့်အတိုင်း ယဇ်ပလ္လင်ကိုဆန့်ကျင်လျက် “အို ယဇ်ပလ္လင် ယဇ်ပလ္လင်၊ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဒါဝိဒ်အမျိုးအနွယ်မှ ယောရှိအမည်ရှိသောသားတစ်ယောက် မွေးဖွားလိမ့်မည်။ သူသည် အထွတ်အမြတ်ထားရာကုန်းမြင့်များ၌ နံ့သာပေါင်းမီးရှို့ပူဇော်သောယဇ်ပုရောဟိတ်တို့ကို သင့်အပေါ်တွင် ပူဇော်လိမ့်မည်။ လူ၏အရိုးတို့ကို သင့်အပေါ်တွင် မီးရှို့လိမ့်မည်’ဟူ၍ မိန့်တော်မူပြီ”ဟု ကြွေးကြော်လေ၏။
ပရောဖက်ပြုခံရသောပြည်သားတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့ကြောင့် သေဆုံး၍ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ ပစ်ထားခြင်းခံရလိမ့်မည်။ သူတို့နှင့်တကွ သူတို့၏မယား၊ သားသမီးတို့ကို သင်္ဂြိုဟ်မည့်သူရှိမည်မဟုတ်။ သူတို့ပြုခဲ့သောမကောင်းမှုကို သူတို့အပေါ်သို့ ငါသွန်ချမည်။