ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
ယေရမိ 52:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။ Common Language Bible ထိုနှစ်စတုတ္ထလ၊ ကိုးရက်နေ့၌အစာငတ် မွတ်ခေါင်းပါးမှုသည်အလွန်ဆိုးရွား၍ လာသဖြင့် လူတို့တွင်အစာရေစာ အလျှင်းမရှိကြတော့ပေ။- Garrad Bible စ တု တ္ထ လ၊ ကိုး ရက် နေ့ တိုင် ရောက် သော်၊ မြို့ သူ မြို့ သား တို့ အ စာ မဲ့ မွတ် သိပ်၍၊ မြို့ ရိုး လည်း ပေါက် သ ဖြင့်၊ ညဉ့် အ ခါ၊ ခါ လ ဒဲ စစ် တပ် ဝိုင်း ထား လျက် ပင်၊ Judson Bible ထိုနှစ်၊ စတုတ္ထလ ကိုးရက်နေ့တွင်၊ မြို့ထဲမှာ အလွန် အစာအာဟာရခေါင်းပါးသဖြင့်၊ မြို့သူမြို့သားတို့သည် စားစရာမရှိသောအခါ၊ |
ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
ကြည့်ရှုလော့။ ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရားသည် အစာအထောက်အပံ့၊ ရေအထောက်အပံ့ စသည့် ကူညီပံ့ပိုးမှုအားလုံးကို ဂျေရုဆလင်မြို့အပါအဝင် ယုဒပြည်တစ်ပြည်လုံးမှ ဖယ်ရှားတော်မူ၏။
သူတို့က ‘အကျွန်ုပ်တို့သည် မည်သည့်အရပ်သို့ သွားရမည်နည်း’ဟု သင့်အားမေးလျှင် သင်က သူတို့အား ထာဝရဘုရားက ‘သေသင့်သောသူတို့သည် သေဘေးရှိရာသို့၊ ဓားဘေးသင့်မည့်သူတို့သည် ဓားဘေးရှိရာသို့၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်မည့်သူတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးရှိရာသို့၊ ဖမ်းခေါ်သွားခြင်းခံရမည့်သူတို့သည် ဖမ်းခေါ်သွားရာသို့ သွားရမည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
သူတို့အသက်ကိုရန်ရှာသောရန်သူတို့သည် သူတို့ကို ဝိုင်းရံထားသဖြင့် အကျပ်အတည်းထဲသို့ရောက်သောအခါ သူတို့သားသမီးများ၏အသားကို သူတို့အား ပြန်စားစေမည်။ သူတို့သည် အချင်းချင်းတို့၏အသားကို ပြန်စားကြရမည်ဟူ၍ မိန့်တော်မူပြီ’ဟု ဆင့်ဆိုလော့။
မြို့တွင်း၌ နေရစ်သောသူသည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေရလိမ့်မည်။ သင်တို့ကိုဝိုင်းထားသောခါလဒဲတပ်ထံ ဝင်ရောက်ခိုလှုံသောသူမူကား သူ၏အသက်သည် တိုက်ယူသောပစ္စည်းကဲ့သို့ဖြစ်၍ အသက်ချမ်းသာရာရမည်။
ထာဝရဘုရားက ‘ဝမ်းမြောက်ရွှင်မြူးသောအသံ၊ သတို့သားသတို့သမီးအသံ၊ ကြိတ်ဆုံကြိတ်သံ၊ မီးခွက်အလင်းတို့ကိုပါ ချုပ်ငြိမ်းစေမည်။
ထို့နောက် ဇေဒကိမင်းကြီး၏အမိန့်တော်ဖြင့် ယေရမိကို ထောင်ဝင်းထဲ၌ ထားကြ၏။ မြို့ထဲရှိ မုန့်များမရှိတော့သည်အထိ သူ့အား မုန့်ဖုတ်တန်းမှ မုန့်တစ်လုံးကို နေ့စဉ်ပေးရ၏။ ဤသို့ ယေရမိသည် ထောင်ဝင်းထဲ၌ နေရလေ၏။
“အကျွန်ုပ်၏အရှင်မင်းကြီး၊ ဤသူတို့သည် ပရောဖက်ယေရမိကို ရေတွင်းထဲပစ်ချခြင်းဖြင့် ဆိုးညစ်သောအမှုကို ပြုကြလေပြီ။ မြို့ထဲတွင်လည်း မုန့်မရှိတော့ပေ။ ထို့ကြောင့် ယေရမိသည် ထိုတွင်းထဲတွင် ငတ်မွတ်၍ သေရပါတော့မည်”ဟု လျှောက်ဆိုလေ၏။
ဇေဒကိမင်းကြီးနန်းစံ တစ်ဆယ့်တစ်နှစ်၊ စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲသို့ ထိုးဖောက်ဝင်ရောက်ကြ၏။
သူ့လူအပေါင်းတို့သည် ညည်းတွားလျက် စားစရာကိုရှာဖွေနေကြရပြီ။ သူတို့သည် အသက်ရှင်သန်နိုင်ရန် သူတို့၏အဖိုးတန်ပစ္စည်းများကို စားစရာနှင့်လဲလှယ်ကြရပြီ။ အို ထာဝရဘုရား၊ အကျွန်ုပ် မထီမဲ့မြင်ပြုခြင်းခံရသည်ကို ကြည့်တော်မူပါ။ မြင်တော်မူပါ။
ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်ကြောင့် အကျွန်ုပ်တို့ အရေပြားသည် မီးဖိုမှမီးကဲ့သို့ ပူလောင်နေပါ၏။
“အချင်းလူသား၊ ပြည်တစ်ပြည်ရှိပြည်သားတို့သည် ဖောက်ပြန်မှားယွင်း၍ ငါ့ကိုပြစ်မှားကြလျှင် ငါသည် လက်ကိုဆန့်ပြီး ထိုပြည်၏စားနပ်ရိက္ခာကို ဖြတ်တောက်ပစ်မည်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးကို ကျရောက်စေပြီး ထိုပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းပစ်မည်။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ဂျေရုဆလင်မြို့ထဲသို့ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ သားရဲတိရစ္ဆာန်ဘေး၊ ကပ်ရောဂါဘေး စသော ဘေးဆိုးလေးမျိုးဖြင့်ဒဏ်ခတ်ပြီး လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပယ်ရှင်းသောအခါ ပို၍ဆိုးဝါးပေလိမ့်မည်”ဟု မိန့်တော်မူ၏။
တစ်ဆယ့်တစ်နှစ်မြောက်၊ တတိယလ၊ ပထမနေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
ငါသည် သင်တို့ထံ သေစေနိုင်သောငတ်မွတ်ခေါင်းပါးခြင်းမြားကို ပစ်လွှတ်လိုက်သောအခါ၊ သင်တို့ကို ဖျက်ဆီးပစ်မည့် ဖျက်ဆီးခြင်းမြားကိုပစ်လွှတ်သောအခါ သင်တို့၌ ပို၍ဆိုးရွားသောငတ်မွတ်ခေါင်းပါးခြင်းဘေး ဖြစ်လိမ့်မည်။ သင်တို့၏စားနပ်ရိက္ခာကို ဖြတ်တောက်ပစ်မည်။
မြို့ပြင်တွင် ဓားဘေးရှိ၏။ မြို့ထဲတွင် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး ရှိ၏။ ကွင်းပြင်သို့ ထွက်သွားသောသူသည် ဓားဖြင့် အသတ်ခံရလိမ့်မည်။ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ကပ်ရောဂါတို့သည် မြို့ထဲတွင်နေသောသူတို့ကို ဝါးမျိုလိမ့်မည်။
အသက်အတွက် အမှီသဟဲဖြစ်သော အစားအစာကို သင်တို့ထံမှ ငါဖြတ်တောက်လိုက်သောအခါ မိန်းမဆယ်ယောက်တို့သည် မီးဖိုတစ်ခုတည်း၌ သင်တို့စားဖို့မုန့်ကို ဖုတ်၍ ထိုမုန့်ကို အချိန်အဆဖြင့်သာ သင်တို့ကို ပြန်ဝေပေးလိမ့်မည်။ သင်တို့သည်လည်း ဝလင်စွာ စားရကြလိမ့်မည်မဟုတ်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စတုတ္ထလအစာရှောင်ခြင်း၊ ပဉ္စမလအစာရှောင်ခြင်း၊ သတ္တမလအစာရှောင်ခြင်း၊ ဒသမလအစာရှောင်ခြင်းတို့သည် ယုဒအမျိုးအနွယ်အဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာပွဲတော်များ ဖြစ်လိမ့်မည်။ ထို့ကြောင့် သစ္စာရှိခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို မြတ်နိုးကြလော့”ဟု မိန့်တော်မူ၏။
သူတို့သည် ငတ်မွတ်ခေါင်းပါး၍ပိန်ချုံးသွားမည်။ ပူလောင်ခြင်း၊ ဆိုးရွားသောဘေးဥပဒ်တို့၏ဝါးမျိုခြင်းခံရမည်။ သားရဲအစွယ်၊ မြေပေါ်တွားသွားသောသတ္တဝါအဆိပ်ကို သူတို့ထံ ငါစေလွှတ်မည်။