Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 38:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 “​အကျွန်ုပ်​၏​အရှင်​မင်းကြီး​၊ ဤ​သူ​တို့​သည် ပရောဖက်​ယေရမိ​ကို ရေတွင်း​ထဲ​ပစ်ချ​ခြင်း​ဖြင့် ဆိုးညစ်​သော​အမှု​ကို ပြု​ကြ​လေ​ပြီ​။ မြို့​ထဲတွင်​လည်း မုန့်​မ​ရှိ​တော့​ပေ​။ ထို့ကြောင့် ယေရမိ​သည် ထို​တွင်း​ထဲတွင် ငတ်မွတ်​၍ သေ​ရ​ပါ​တော့​မည်​”​ဟု လျှောက်ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 ``အ​ရှင်​မင်း​ကြီး၊ ဤ​သူ​တို့​ပြု​ခဲ့​ကြ​သည့် အ​မှု​များ​သည်​မှား​ပါ​၏။ သူ​တို့​သည်​ယေ​ရ​မိ အား​ရေ​တွင်း​ထဲ​သို့​ချ​ခဲ့​ကြ​ပါ​ပြီ။ သူ​သည် ဧ​ကန်​မု​ချ​အ​စာ​ငတ်​၍​သေ​ရ​ပါ​လိမ့်​မည်။ မြို့​တွင်း​၌​လည်း​အ​စာ​ရေ​စာ​မ​ရှိ​တော့ ပါ'' ဟု​လျှောက်​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 အို အ ရှင် ဘု ရင် မင်း မြတ်၊ ဤ သူ တို့ သည် ပ ရော ဖက် ယေ ရ မိ ကို ရေ တွင်း သို့ ချ ၍ အ ဆိုး ပြု ကြ ပါ ပြီ။ မြို့ တော် တွင် ရိက္ခာ မ ရှိ သည့် အ တွက်၊ ထို တွင်း ၌၊ မွတ် သိပ် သေ ဆုံး တော့ မည် ဟု တင် လျှောက် သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အ​ကျွန်ုပ်​သ​ခင် အ​ရှင်​မင်း​ကြီး၊ ထို​သူ​တို့​သည် ပ​ရော​ဖက်​ယေ​ရ​မိ​ကို ပြု​လေ​သ​မျှ​တို့၌ မှား​ကြ​ပါ​ပြီ။ မြေ​တွင်း၌ ချ​ထား​ကြ​ပါ​ပြီ။ မြို့၌ မုန့်​ကုန်​သော​ကြောင့်၊ ထို​တွင်း၌ ငတ်​မွတ်၍​သေ​ပါ​လိမ့်​မည်​ဟု လျှောက်​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 38:9
12 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် လူအုပ်​ကြီး​ကို ကြောက်​၍ ဆွေမျိုးသားချင်း​တို့ ကဲ့ရဲ့​မည်​ကို စိုးရိမ်​သဖြင့် တံခါး​အပြင်​သို့​မ​ထွက်​ဘဲ တိတ်ဆိတ်​စွာ​နေ​ဖူး​သလော​။


သူ​တို့​အသက်​ကို​ရန်ရှာ​သော​ရန်သူ​တို့​သည် သူ​တို့​ကို ဝိုင်းရံ​ထား​သဖြင့် အကျပ်အတည်း​ထဲသို့​ရောက်​သောအခါ သူ​တို့​သား​သမီး​များ​၏​အသား​ကို သူ​တို့​အား ပြန်စား​စေ​မည်​။ သူ​တို့​သည် အချင်းချင်း​တို့​၏​အသား​ကို ပြန်စား​ကြ​ရ​မည်​ဟူ၍ မိန့်​တော်မူ​ပြီ’​ဟု ဆင့်ဆို​လော့​။


ထို့နောက် ဇေဒကိ​မင်းကြီး​၏​အမိန့်​တော်​ဖြင့် ယေရမိ​ကို ထောင်ဝင်း​ထဲ၌ ထား​ကြ​၏​။ မြို့​ထဲရှိ မုန့်​များ​မ​ရှိ​တော့​သည်​အထိ သူ့​အား မုန့်ဖုတ်တန်း​မှ မုန့်​တစ်​လုံး​ကို နေ့စဉ်​ပေး​ရ​၏​။ ဤသို့ ယေရမိ​သည် ထောင်ဝင်း​ထဲ၌ နေ​ရ​လေ​၏​။


ရှင်ဘုရင်​က​လည်း အီသီယိုးပီးယား​အမျိုးသား​ဧဗဒမေလက်​အား “ပရောဖက်​ယေရမိ​မသေမီ သင့်​လက်အောက်ငယ်သား လူ​အယောက်​သုံးဆယ်​ကို​ခေါ်​၍ သူ့​ကို ရေတွင်း​ထဲမှ ထုတ်ယူ​လော့​”​ဟု မိန့်ဆို​၏​။


ဧဗဒမေလက်​သည် နန်းတော်​ထဲမှ​ထွက်လာ​ပြီး ရှင်ဘုရင်​အား


ထာဝရဘုရား​က ထို​နေ့​၌ သင့်​ကို ငါ​ကယ်နုတ်​မည်​။ သင်​ကြောက်​သော​သူ​တို့​လက်​သို့ သင်​မ​ရောက်​ရ​။


ထို​နှစ် စတုတ္ထ​လ​၊ ကိုး​ရက်​နေ့​တွင် မြို့​ထဲ၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ဆိုးရွား​စွာ​ဖြစ်​သဖြင့် မြို့သူမြို့သား​တို့ စားစရာ​အလျှင်း​မ​ရှိ​တော့​ပေ​။


သူ့​လူ​အပေါင်း​တို့​သည် ညည်းတွား​လျက် စားစရာ​ကို​ရှာဖွေ​နေ​ကြ​ရ​ပြီ​။ သူ​တို့​သည် အသက်​ရှင်သန်​နိုင်​ရန် သူ​တို့​၏​အဖိုးတန်​ပစ္စည်း​များ​ကို စားစရာ​နှင့်​လဲလှယ်​ကြ​ရ​ပြီ​။ အို ထာဝရဘုရား​၊ အကျွန်ုပ် မထီမဲ့မြင်ပြု​ခြင်း​ခံရ​သည်​ကို ကြည့်​တော်မူ​ပါ​။ မြင်​တော်မူ​ပါ​။


ငါ့​ကို မြေတွင်း​ထဲ​ပစ်ချ​ပြီး သေကြောင်းကြံ​ကြ​ပြီ​။ ကျောက်တုံး​ဖြင့် ပစ်ပေါက်​ကြ​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ