Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟေ​ရှာ​ယ 3:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ကြည့်ရှု​လော့​။ ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​သည် အစာ​အထောက်အပံ့​၊ ရေ​အထောက်အပံ့ စသည့် ကူညီ​ပံ့ပိုးမှု​အားလုံး​ကို ဂျေရုဆလင်​မြို့​အပါအဝင် ယုဒ​ပြည်​တစ်ပြည်လုံး​မှ ဖယ်ရှား​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား၊ အ​နန္တ​တန်​ခိုး ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ပြည်​သူ​တို့​မှီ​ခို အား​ထား​သူ​မှန်​သ​မျှ​နှင့် ဝတ္ထု​ပစ္စည်း​မှန် သ​မျှ​ကို​ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ​တော့​မည်။ ကိုယ်​တော်​သည် သူ​တို့​၏​အ​စာ​ရေ​စာ​များ​ကို​ရုပ်​သိမ်း တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1-3 အ သို့ ဆို သော်၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား သ ခင် သည်၊ ခဲ ဖွယ် သောက် ဖွယ် အ မှီ တ ကဲ ရှိ သ မျှ မှ စ၍၊ စွမ်း ရည် ကောင်း သူ၊ စစ် သူ ရဲ၊ တ ရား မင်း၊ ပ ရော ဖက်၊ ဗေ ဒင် တတ်၊ လူ ကြီး၊ ငါး ဆယ် အုပ် ဗိုလ်၊ မျက် နှာ ကြီး သူ၊ အ ကြံ ပေး သူ၊ လက် မြောက် သူ၊ မန္တ ရား တတ် သူ တည်း ဟူ သော အ ထောက် အ ပံ့ အ မှီ တ ကဲ တို့ ကို ယေ ရု ရှ လင် မြို့ နှင့် ယု ဒ ပြည် မှ နုတ် ပယ် တော် မူ ပြီး လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​ဗိုလ်​ခြေ​သ​ခင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မုန့်​အ​ထောက်​အ​ပင့်​နှင့် ရေ​အ​ထောက်​အ​ပင့် ရှိ​သ​မျှ​မှ​စ၍၊ ခပ်​သိမ်း​သော အ​ထောက်​အ​ပင့်​တို့​ကို ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​ပြည်​မှ ပယ်​ရှား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ရှာ​ယ 3:1
19 ပူးပေါင်းရင်းမြစ်များ  

ထို​နှစ် စတုတ္ထ​လ​၊ ကိုး​ရက်​နေ့​တွင် မြို့​ထဲ၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ဆိုးရွား​စွာ​ဖြစ်​သဖြင့် မြို့သူမြို့သား​တို့ စားစရာ​အလျှင်း​မ​ရှိ​တော့ပေ​။


တစ်ဖန် ထို​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကို​ဆိုက်ရောက်​စေ​၍ အစားအစာ​ထောက်ပံ့မှု​ရှိသမျှ​ကို ဖြတ်တောက်​တော်မူ​၏​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်သခင်​ထာဝရဘုရား​၊ အစ္စရေး​လူမျိုး​တို့​၏​တန်ခိုးကြီး​သော​အရှင်​က “​ငါ့​ကို​ရန်ပြုသောသူ​တို့​ကို ငါ​ကျေနပ်​သည်​အထိ ငါ​ပြု​မည်​။ ငါ့​ရန်သူ​တို့​ကို ငါ​ကိုယ်တိုင် လက်တုံ့ပြန်​မည်​။


နှာခေါင်း​နှင့်​အသက်ရှူ​တတ်​သော​လူ​ကို မ​ကိုးစား​နှင့်​။ ထိုသို့​သော​သူ​၌ အဘယ်​အားထားစရာ​ရှိ​သနည်း​။


တစ်ဖန် ထာဝရဘုရား​က “​ဇိအုန်​သမီး​တို့​သည် ဘဝင်မြင့်​ကြ​၏​။ လည်​ကို​ဆန့်​လျက်​၊ မျက်လုံး​ကစား​လျက်​၊ သူ​တို့​၏​ခြေချင်း​မြည်​အောင် ဖွဖွရွရွ​လမ်းလျှောက်​တတ်​ကြ​သောကြောင့်


သို့သော် ရာဗရှာခ​က “​ငါ့​သခင်​သည် သင်​တို့​၏​သခင်​နှင့် သင်​တို့​ကို​သာ ဤ​စကား​တို့​ကို​ပြောကြား​ရန် ငါ့​ကို​စေလွှတ်​သည်​မ​ဟုတ်​။ သင်​တို့​နှင့်အတူ ကိုယ့်​မစင်​ကိုယ်​စား​၊ ကိုယ့်​ဆီး​ကိုယ်​သောက်​ကြ​သည့် မြို့ရိုး​ပေါ်တွင်​ထိုင်​သော​သူ​တို့​ကို​လည်း ပြောကြား​ရန် စေလွှတ်​သည်​”​ဟု ဆို​၏​။


ငါ​၏​လူမျိုး​တော်​သည် ထိုသို့ အသိပညာ​မဲ့​သဖြင့် ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်​။ ဂုဏ်သရေ​ရှိ​သော​သူ​တို့​သည် ငတ်မွတ်​သော​သူ​ဖြစ်​ကြ​လိမ့်မည်​။ လူအလုံးအရင်း​သည် ရေငတ်​၍ သေ​ကြ​ရ​လိမ့်မည်​။


သင်​၏​အရှင်သခင်​၊ မိမိ​လူမျိုး​တော်​ကို​ကာကွယ်​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ဒယီးဒယိုင်​ဖြစ်စေ​သော​ဖလား​၊ ငါ့​အမျက်​တော်​ဖလား​ထဲမှ အနည်အဖတ်​ကို သင့်​လက်​မှ ငါ​သိမ်းယူ​ပြီ​။ သင်​သည် ထို​ဖလား​ကို နောက်တစ်ဖန်​မ​သောက်​ရ​။


လူ​တိုင်း​မိမိ​လက်မောင်း​အသား​ကို စား​ကြ​ရ​၏​။ လက်ယာ​ဘက်​ကို ခုတ်ဖြတ်​သော်လည်း ဆာလောင်​သေး​၏​။ လက်ဝဲ​ဘက်​ကို စား​သော်လည်း မ​ဝ​ကြ​။


ထို့နောက် ဇေဒကိ​မင်းကြီး​၏​အမိန့်​တော်​ဖြင့် ယေရမိ​ကို ထောင်ဝင်း​ထဲ၌ ထား​ကြ​၏​။ မြို့​ထဲရှိ မုန့်​များ​မ​ရှိ​တော့​သည်​အထိ သူ့​အား မုန့်ဖုတ်တန်း​မှ မုန့်​တစ်​လုံး​ကို နေ့စဉ်​ပေး​ရ​၏​။ ဤသို့ ယေရမိ​သည် ထောင်ဝင်း​ထဲ၌ နေ​ရ​လေ​၏​။


“​အကျွန်ုပ်​၏​အရှင်​မင်းကြီး​၊ ဤ​သူ​တို့​သည် ပရောဖက်​ယေရမိ​ကို ရေတွင်း​ထဲ​ပစ်ချ​ခြင်း​ဖြင့် ဆိုးညစ်​သော​အမှု​ကို ပြု​ကြ​လေ​ပြီ​။ မြို့​ထဲတွင်​လည်း မုန့်​မ​ရှိ​တော့​ပေ​။ ထို့ကြောင့် ယေရမိ​သည် ထို​တွင်း​ထဲတွင် ငတ်မွတ်​၍ သေ​ရ​ပါ​တော့​မည်​”​ဟု လျှောက်ဆို​လေ​၏​။


ထာဝရဘုရား​၏​အမျက်​တော်​ကြောင့် ယုဒ​ပြည်သူ​၊ ဂျေရုဆလင်​မြို့သား​တို့​ကို အထံ​တော်​မှ​မ​နှင်ထုတ်​မီ ယုဒ​ပြည်​၌ ဤသို့​ဖြစ်ပျက်​ခဲ့​၏​။ ဇေဒကိ​မင်းကြီး​သည် ဘေဘီလုံ​ဘုရင်​ကို ပုန်ကန်​သဖြင့်


ထို​နှစ် စတုတ္ထ​လ​၊ ကိုး​ရက်​နေ့​တွင် မြို့​ထဲ၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ဆိုးရွား​စွာ​ဖြစ်​သဖြင့် မြို့သူမြို့သား​တို့ စားစရာ​အလျှင်း​မ​ရှိ​တော့​ပေ​။


အကျွန်ုပ်​တို့​သောက်​သော​ရေ​သည် ငွေ​ဖြင့် ဝယ်​ရ​ပါ​၏​။ ထင်း​သည်​လည်း အဖိုးအခ​ပေး​ရ​ပါ​၏​။


“​အချင်း​လူသား​၊ ပြည်​တစ်​ပြည်​ရှိ​ပြည်သား​တို့​သည် ဖောက်ပြန်မှားယွင်း​၍ ငါ့​ကို​ပြစ်မှား​ကြ​လျှင် ငါ​သည် လက်​ကို​ဆန့်​ပြီး ထို​ပြည်​၏​စားနပ်ရိက္ခာ​ကို ဖြတ်တောက်​ပစ်​မည်​။ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ကို ကျရောက်​စေ​ပြီး ထို​ပြည်​ရှိ လူ​နှင့်​တိရစ္ဆာန်​တို့​ကို သုတ်သင်ပယ်ရှင်း​ပစ်​မည်​။


အသက်​အတွက် အမှီသဟဲ​ဖြစ်​သော အစားအစာ​ကို သင်​တို့​ထံမှ ငါ​ဖြတ်တောက်​လိုက်​သောအခါ မိန်းမ​ဆယ်​ယောက်​တို့​သည် မီးဖို​တစ်ခုတည်း​၌ သင်​တို့​စား​ဖို့​မုန့်​ကို ဖုတ်​၍ ထို​မုန့်​ကို အချိန်အဆ​ဖြင့်​သာ သင်​တို့​ကို ပြန်ဝေ​ပေး​လိမ့်မည်​။ သင်​တို့​သည်​လည်း ဝလင်​စွာ စား​ရ​ကြ​လိမ့်မည်​မ​ဟုတ်​။


တစ်ဖန် ထာဝရဘုရား​က “သင်​တို့​မြို့ရွာ​တိုင်း​ရှိ​လူ​တို့​၏​သွား​ကို စင်ကြယ်​စေ​၏​။ နေရာ​တိုင်း​တွင် အစာရေစာ​ပြတ်လပ်​စေ​၏​။ ဤသို့​ဖြစ်​သော်လည်း သင်​တို့​သည် ငါ့​ထံသို့​ပြန်​မ​လာ​ကြ”​ဟု မိန့်​တော်မူ​၏​။


ယခု သင်​သည် သားဖွား​သော​မိန်းမ​ဝေဒနာ​ခံစား​ရ​သကဲ့သို့ အဘယ်ကြောင့် ကျယ်လောင်​စွာ​အော်ဟစ်​နေ​သနည်း​။ သင်​၌ ရှင်ဘုရင်​မ​ရှိ​သောကြောင့်​လော​။ သင့်​ကို အကြံပေးသူ မ​ရှိ​တော့​သောကြောင့်​လော​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ