ငါ့ကို ရွေးနုတ်တော်မူမည့်အရှင်သည် အသက်ရှင်တော်မူ၍ နောက်ဆုံး၌ မြေကြီးပေါ်တွင် ပေါ်ထွန်းတော်မူမည်ကို ငါသိ၏။
ယေရမိ 48:47 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် နောင်ကာလတွင် ဖမ်းခေါ်သွားခြင်းခံရသောမောဘပြည်သားတို့ကို ငါပြန်လာစေမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤသည်ကား မောဘပြည်အတွက် တရားစီရင်ခြင်းပေတည်း။ Common Language Bible သို့ရာတွင်နောင်လာလတ္တံ့သောကာလ၌ ထာဝရဘုရားသည် မောဘပြည်ကိုတစ်ဖန် ပြန်၍ကောင်းစားလာစေမည်။ ဤကားမောဘ ပြည်အပေါ်သို့ကျရောက်မည့်အဖြစ်အပျက် နှင့်ပတ်သက်၍ ထာဝရဘုရားမိန့်တော်မူ သောစကားများဖြစ်သတည်း။ Garrad Bible သို့ ရာ တွင်၊ သုံ့ ပန်း ခံ ရ သော မော ဘ လူ မျိုး ကို၊ နောင် ကာ လ၌ ပြန် ပို့ မည် ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် ဟူ ၍ တည်း။ မောဘ ပြည် စီ ရင် ချက် ဗျာ ဒိတ် ပြီး ၏။ Judson Bible သို့ရာတွင်၊ သိမ်းသွားခြင်းကိုခံရသော မောဘအမျိုးသားတို့ကို နောင်ကာလ၌ ငါဆောင်ခဲ့ဦးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ ဤရွေ့ကား၊ မောဘခံရသောအပြစ်တရားပေတည်း။ |
ငါ့ကို ရွေးနုတ်တော်မူမည့်အရှင်သည် အသက်ရှင်တော်မူ၍ နောက်ဆုံး၌ မြေကြီးပေါ်တွင် ပေါ်ထွန်းတော်မူမည်ကို ငါသိ၏။
ထိုအချိန်တွင် အရပ်ရှည်၍အသားအရေချောမွတ်သောလူမျိုး၊ အနီးအဝေးရှိလူတို့ကြောက်ရွံ့ရသောလူမျိုး၊ မြစ်များဖြာထွက်သောပြည်၌နေသည့် ခွန်အားကြီး၍ နိုင်ထက်စီးနင်းပြုတတ်သောလူမျိုးသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအတွက် လက်ဆောင်ပဏ္ဏာကို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏နာမတော်တည်ရာ ဇိအုန်တောင်သို့ ယူဆောင်လာကြလိမ့်မည်။
သို့သော် ထိုမြို့၏အကျိုးအမြတ်နှင့် ဝင်ငွေတို့ကို ထာဝရဘုရားအား ဆက်ကပ်ကြရမည်။ စုဆောင်းခွင့်မရှိ၊ သိုမှီးခွင့်မရှိ။ ထိုမြို့၏အကျိုးအမြတ်သည် ထာဝရဘုရားရှေ့တော်၌နေသောသူတို့ ဝဝလင်လင်စားရရန်နှင့် ကောင်းကောင်းမွန်မွန်ဝတ်ရရန်အတွက် ဖြစ်လိမ့်မည်။
ရေကူးသောသူသည် ရေကူးရန်လက်ကိုဆန့်သကဲ့သို့ မောဘပြည်သည် ပြည်အလယ်၌ မိမိလက်ကိုဆန့်လိမ့်မည်။ သို့သော် ကိုယ်တော်သည် ထိုပြည်၏မာန်မာန၊ ထိုပြည်၏လက်စွမ်းကို ချိုးနှိမ်တော်မူမည်။
လူမျိုးအပေါင်းတို့လက်မှ ထွက်ပြေးလွတ်မြောက်လာသောသူတို့၊ စုရုံး၍ လာကြလော့။ အတူတကွ ချဉ်းကပ်ကြလော့။ သစ်သားရုပ်တုဆင်းတုကို ဆောင်ထားသောသူ၊ မကယ်တင်နိုင်သောဘုရားထံ ဆုတောင်းသောသူတို့သည် အသိဉာဏ်မရှိ။
ထာဝရဘုရားက “ငါ့လူမျိုးတော်အစ္စရေးတို့ အမွေဆက်ခံရန် ငါပေးထားသောအမွေပြည်ကိုထိပါးလာသော အိမ်နီးချင်းဆိုးအပေါင်းတို့ကို သူတို့ပြည်မှ ထုတ်ပစ်မည်။ ယုဒအမျိုးအနွယ်တို့ကိုလည်း သူတို့ထဲမှ ထုတ်ပစ်မည်။
ငါသည် သူတို့ကို ထုတ်ပစ်ပြီးမှ ပြန်၍သနားစုံမက်ဦးမည်။ သူတို့ကို သူတို့ပိုင်သောအမွေမြေအသီးသီး၊ သူတို့ပြည်အသီးသီးသို့ ပြန်ခေါ်လာမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် အကြံအစည်တော် မထမြောက်မချင်း၊ မပြီးမြောက်မချင်း အမျက်တော်ပြေလိမ့်မည်မဟုတ်။ ဤအရာကို နောက်ဆုံးသောကာလ၌ သင်တို့ ရှင်းရှင်းလင်းလင်းနားလည်ကြလိမ့်မည်။
ထာဝရဘုရား၏အကြံအစည်တော် အထမမြောက်မီ၊ မပြီးမြောက်မီ ပြင်းထန်သောအမျက်တော်ပြေလိမ့်မည်မဟုတ်။ ဤအရာကို နောက်ဆုံးသောကာလ၌ သင်တို့နားလည်ကြလိမ့်မည်။
ထာဝရဘုရားက “သူတို့၏အသက်ကိုရန်ရှာသော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနှင့် သူ့အစေအပါးများလက်သို့ သူတို့ကို ငါအပ်မည်။ နောက်မှ အီဂျစ်ပြည်တွင် ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက ‘ဖမ်းခေါ်သွားခြင်းခံရသောဧလံပြည်သားတို့ကို နောင်ကာလတွင် ငါပြန်လာစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ထာဝရဘုရားက “ထို့နောက်မှ ဖမ်းခေါ်သွားခြင်းခံရသောအမ္မုန်အမျိုးသားတို့ကို ပြန်လာစေမည်”ဟု မိန့်တော်မူ၏။
ကာလအတန်ကြာပြီးနောက် သင့်ကိုဆင့်ခေါ်လိမ့်မည်။ နောင်ကာလတွင် သင်သည် ဓားဘေးမှလွတ်မြောက်လာသောသူ၊ လူမျိုးတကာတို့ထံမှ ပြန်လည်စုစည်းသောသူတို့၏ပြည်ထဲသို့ ကျူးကျော်ဝင်ရောက်မည်။ သူတို့သည် လူမျိုးတကာတို့ထံမှ ပြန်လည်ထုတ်ဆောင်လာသောသူများဖြစ်၍ ကြာမြင့်စွာဆိတ်ညံနေသော အစ္စရေးတောင်တန်းတွင် ဘေးကင်းလုံခြုံစွာ နေထိုင်လျက်ရှိသောသူများဖြစ်၏။
ဤဗျာဒိတ်နိမိတ်သည် နောင်လာမည့်နေ့ရက်များနှင့်ဆိုင်သည်ဖြစ်၍ ထိုနေ့ရက်များတွင် သင့်လူမျိုး၌ ဖြစ်ပျက်မည့်အရာတို့ကို ကြားပြောရန် ငါရောက်လာပြီ”ဟု ဆို၏။
သူသည် သာယာဝပြောသောပြည်ကို ဝင်တိုက်သဖြင့် လူအများလဲကျသေဆုံးရလိမ့်မည်။ သို့သော် ဧဒုံပြည်သား၊ မောဘပြည်သားနှင့် အမ္မုန်အမျိုးသားတို့ထဲမှ အထင်ကရပုဂ္ဂိုလ်များသည် သူ့လက်မှလွတ်မြောက်လိမ့်မည်။
သို့သော် နက်နဲသောအရာကို ဖွင့်ပြပေးနိုင်သောဘုရားသခင်တစ်ပါး ကောင်းကင်ဘုံတွင် ရှိတော်မူ၏။ ထိုဘုရားက နောင်ကာလဖြစ်ပျက်မည့်အရာများကို နေဗုခဒ်နေဇာမင်းကြီးအား ဖော်ပြတော်မူပြီ။ သလွန်တော်ပေါ်တွင် ရှင်ဘုရင်မြင်မက်တော်မူသောအိပ်မက်နှင့် တွေးတောရင်း စိတ်အာရုံတွင်မြင်ရသောအရာကား ဤသို့ဖြစ်၏။
ထို့နောက်မှ အစ္စရေးအမျိုးသားတို့သည် ပြန်လာ၍ မိမိတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာကြလိမ့်မည်။ သူတို့၏ဘုရင် ဒါဝိဒ်မင်းကြီးကို ရှာကြလိမ့်မည်။ နောက်ဆုံးသောနေ့တွင် ထာဝရဘုရားထံမှ ကောင်းချီးခံစားရမည့်အကြောင်း ထာဝရဘုရားထံ ကြောက်ရွံ့ရိုသေစွာ ပြန်လာကြလိမ့်မည်။
ယခု ငါ့လူမျိုးထံသို့ ငါပြန်သွားမည်။ နောင်အခါ ဤလူမျိုးသည် သင့်လူမျိုးကို မည်သို့ပြုမည်ကို သင့်အား ငါသတိပေးခဲ့မည်”ဟု ဆို၍
အကြောင်းမူကား ငါသေပြီးလျှင် သင်တို့သည် လုံးလုံးဖောက်ပြန်၍ ငါမှာကြားထားသောလမ်းမှလွှဲသွားကြမည်ကိုလည်းကောင်း၊ နောင်ကာလ၌ သင်တို့သည် သင်တို့လက်ဖြင့်လုပ်သောအရာအားဖြင့် ထာဝရဘုရား၏အမျက်တော်ကိုနှိုးဆော်၍ ကိုယ်တော်၏မျက်မှောက်တော်၌ မကောင်းသောအမှုကိုပြုကြသဖြင့် သင်တို့အပေါ် ဘေးအန္တရာယ်ကျရောက်မည်ကိုလည်းကောင်း ငါသိ၏”ဟု ပြောကြားလေ၏။
သင်တို့သည် နောင်ကာလ၌ ဤအမှုအလုံးစုံတို့နှင့်ကြုံတွေ့၍ ဆင်းရဲဒုက္ခခံရသောအခါ သင်တို့၏ဘုရားသခင်ထာဝရဘုရားထံသို့ပြန်လာ၍ ကိုယ်တော်၏စကားကို နားထောင်ကြလိမ့်မည်။