ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ)
ယေရမိ 46:28 - မြန်မာ့စံမီသမ္မာကျမ်း အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ သင်နှင့်အတူ ငါရှိမည်။ သင့်ကို ငါနှင်ထုတ်၍ သင်ရောက်လေရာအရပ်ရှိ လူမျိုးအားလုံးကို သုတ်သင်ဖျက်ဆီးမည်။ သင့်ကို ငါသုတ်သင်ဖျက်ဆီးမည်မဟုတ်သော်လည်း အပြစ်မပေးဘဲမနေ။ သင့်ကို တရားမျှတစွာဆုံးမမည်”ဟု မိန့်တော်မူ၏။ Common Language Bible ငါသည်သင်တို့ထံသို့ကြွလာ၍ သင်တို့အားကယ်တင်မည်။ သင်တို့အားငါကွဲလွင့်စေခဲ့ရာ နိုင်ငံတကာတို့ကိုငါဖျက်ဆီးမည်။ သို့ရာတွင်သင်တို့ကိုမူဖျက်ဆီးမည် မဟုတ်။ ငါသည်သင်တို့အားအပြစ်ဒဏ်မခတ်ဘဲ ထားမည်မဟုတ်သော်လည်း၊ အပြစ်ဒဏ်ခတ်သောအခါ၌မူကားမျှတစွာ ဒဏ်ခတ်မည်။ ဤကားငါထာဝရဘုရားပြောကြားသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ့ ကျွန် ရင်း အို ယာ ကုပ်၊ ငါ သည် သင် နှင့် အ တူ ရှိ သော ကြောင့်၊ ကြောက် ရွံ့ ခြင်း ကင်း လျက် နေ လော့။ ငါ နှင် ထုတ်၍ သင် နေ ခဲ့ ရာ လူ အ မျိုး မျိုး ကို ငါ ကုန် ဆုံး စေ သော် လည်း၊ သင့် ကို ကား၊ အ ပြစ် ကင်း သည် ဟု မ မှတ် လျက် ပင်၊ တ ရား သ ဖြင့် သာ ဆုံး မ လျက်၊ ကုန် ဆုံး စေ မည် မ ဟုတ် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ ၍ တည်း။ Judson Bible ငါ့ကျွန်ယာကုပ် မကြောက်နှင့်။ သင်နှင့်အတူ ငါရှိ၏။ သင့်ကို ငါနှင်ထုတ်သော တိုင်းနိုင်ငံရှိသမျှတို့ကို ငါသည်ဆုံးစေသော်လည်း၊ သင့်ကိုမဆုံးစေ။ သို့ရာတွင်၊ ရှင်းရှင်းအပြစ်မလွှတ်ဘဲ အတော်အတန်ဆုံးမမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။ |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ)
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသခင်သည် ငါတို့၏ခိုကိုးရာဖြစ်တော်မူ၏။(စေလာ)
သူ့ကိုရိုက်နှက်သောသူအား ကိုယ်တော်ဒဏ်ခတ်တော်မူသကဲ့သို့ သူ့ကိုဒဏ်ခတ်တော်မူသလော။ သူ့ကိုသတ်သောသူတို့ အသတ်ခံရသကဲ့သို့ သူအသတ်ခံရသလော။
ဤနည်းဖြင့် ကိုယ်တော်သည် ယာကုပ်အမျိုး၏အပြစ်ကို ဖြေလွှတ်တော်မူ၏။ ယဇ်ပလ္လင်ကျောက်ရှိသမျှတို့ကို ထုံးကျောက်ကဲ့သို့ အစိတ်စိတ်အမွှာမွှာကျိုးပဲ့စေ၍ အာရှရနတ်ဘုရားမတံခွန်တိုင်များ၊ နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်များကို ဖြိုလှဲခြင်းသည် သူ၏အပြစ်ကိုဖယ်ရှားသည့်အကြောင်းရင်း ဖြစ်၏။
မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ မစိုးရိမ်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်၏။ အကယ်စင်စစ် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို ကူညီမစမည်။ ငါ၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် သင့်ကို ငါထောက်မမည်။
သင်သည် ရေကိုဖြတ်ကူးသောအခါ သင်နှင့်အတူငါရှိမည်။ မြစ်ကိုဖြတ်ကူးသောအခါ သင့်ကို ရေလွှမ်းမည်မဟုတ်။ မီးထဲလျှောက်သောအခါ သင့်ကိုမီးလောင်မည်မဟုတ်။ မီးလျှံသည် သင့်ကို ဟပ်မည်မဟုတ်။
အကယ်စင်စစ် “ငါ့ရှေ့မှောက်၌ လူတိုင်းဒူးထောက်ကြရလိမ့်မည်။ လူတိုင်း၏နှုတ်သည် သစ္စာဆိုကြရလိမ့်မည်”ဟု ငါကိုယ်တိုင် ကျိန်ဆိုပြီ။ ဤဖြောင့်မှန်သောစကားသည် ငါ့နှုတ်မှထွက်လာသည်ဖြစ်၍ ပြန်လှည့်လာမည်မဟုတ်။
သင့်ကိုကယ်နုတ်ရန် သင်နှင့်အတူ ငါရှိမည်ဖြစ်၍ သူတို့သည် သင့်ကိုတိုက်ခိုက်သော်လည်း နိုင်လိမ့်မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်ကိုပဲ့ပြင်တော်မူသောအခါ အမျက်တော်ဖြင့်မဟုတ်ဘဲ တရားမျှတမှုဖြင့် ပဲ့ပြင်တော်မူပါ။ သို့မဟုတ်လျှင် အကျွန်ုပ်အကျိုးနည်းရပါလိမ့်မည်။
ငါသည် ဤလူတို့ရှေ့၌ သင့်ကို ခိုင်ခံ့သောကြေးနီမြို့ရိုးဖြစ်စေမည်။ သူတို့သည် သင့်ကိုတိုက်ခိုက်သော်လည်း နိုင်မည်မဟုတ်။ အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုရွေးနုတ်ကယ်တင်မည်”ဟု မိန့်တော်မူ၏။
သူတို့ကို ထိန်းကျောင်းမည့်သိုးထိန်းများကို ငါခန့်ထားမည်။ သူတို့ ကြောက်ရွံ့ထိတ်လန့်ရတော့မည်မဟုတ်။ ပျောက်ဆုံးခြင်းလည်းရှိတော့မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ အို အစ္စရေး၊ စိတ်မပျက်နှင့်။ သင့်ကို ဝေးသောအရပ်မှ၊ သင်၏အမျိုးအနွယ်ကို သုံ့ပန်းအဖြစ်နေရသောပြည်မှ ငါကယ်တင်မည်။ ယာကုပ်သည် ပြန်လာ၍ ခြိမ်းခြောက်မည့်သူမရှိဘဲ ငြိမ်းချမ်းသာယာစွာ နေရလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ငါသည် သင်နှင့်အတူရှိမည်။ သင့်ကိုကယ်တင်မည်။ သင့်ကို ငါကွဲလွင့်စေရာအရပ်ရပ်ရှိ လူမျိုးအားလုံးကို သုတ်သင်ဖျက်ဆီးမည်။ သင့်ကို ငါသုတ်သင်ဖျက်ဆီးမည်မဟုတ်သော်လည်း အပြစ်မပေးဘဲမနေ။ သင့်ကို တရားမျှတစွာဆုံးမမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ငါသည် ပြည်တစ်ပြည်လုံးကို လူသူကင်းမဲ့ရာဖြစ်စေမည်။ သို့သော် အကုန်အစင်သုတ်သင်ဖျက်ဆီးမည်မဟုတ်။
“စပျစ်စိုက်ခင်းသို့သွား၍ ဖျက်ဆီးကြလော့။ သို့သော်လည်း အကုန်အစင်မဖျက်ဆီးနှင့်။ အခက်အလက်များသည် ထာဝရဘုရားနှင့် မဆိုင်သောကြောင့် ဖယ်ပစ်လော့။
ထာဝရဘုရားက “သို့သော်လည်း ထိုနေ့ရက်တွင် သင်တို့ကို ငါအကုန်အစင်ဖျက်ဆီးမည်မဟုတ်။
ထိုပြည်၌ကြားရသောသတင်းများကြောင့် သင်တို့မကြောက်နှင့်၊ စိတ်မပျက်နှင့်။ အခြေအမြစ်မရှိသောသတင်းစကားများကို တစ်နှစ်ပြီးတစ်နှစ် ကြားရလိမ့်မည်။ ပြည်ထဲ၌ အကြမ်းဖက်မှုဖြစ်နေပြီ။ အုပ်စိုးသူအချင်းချင်း တိုက်ခိုက်ကြပြီ။
ထိုနည်းတူ သံ၊ ရွှံ့စေး၊ ကြေးနီ၊ ငွေ၊ ရွှေတို့သည်လည်း တစ်စစီကျိုးပဲ့သွား၍ နွေကာလတွင် တလင်းပြင်ရှိအဖျင်းအမှော်ကဲ့သို့ ဖြစ်လေ၏။ လေတိုက်သောအခါ လွင့်ပါသွားသဖြင့် အစအနပင် မတွေ့တော့ပေ။ ရုပ်တုကြီးကို ဝင်တိုက်သောကျောက်တုံးမူကား တောင်ကြီးဖြစ်လာပြီး မြေတစ်ပြင်လုံး၌ ပြည့်လေ၏။
အို ထာဝရဘုရား၊ ကိုယ်တော့်အကြောင်းကိုကြားရ၍ အကျွန်ုပ်ကြောက်ပါ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ပြုတော်မူသောအမှုများကို အကျွန်ုပ်တို့ခေတ်ကာလတွင် ထပ်မံပြုတော်မူပါ။ အကျွန်ုပ်တို့ခေတ်ကာလတွင် ထင်ရှားစေတော်မူပါ။ အမျက်ထွက်သော်လည်း ကရုဏာတော်ကို ပြန်လည်အောက်မေ့တော်မူပါ။
“ကြည့်ရှုလော့။ အပျိုကညာသည် သန္ဓေတည်၍ သားယောက်ျားကိုဖွားမြင်လိမ့်မည်။ ထိုသား၏အမည်ကို ဧမာနွေလဟု ခေါ်ကြလိမ့်မည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသည့်အရာ ပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။ (ဧမာနွေလ၏အဓိပ္ပာယ်မှာ “ငါတို့နှင့်အတူရှိတော်မူသောဘုရားသခင်”ဟူ၍ ဖြစ်၏။)
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၏။ မည်သူမျှ သင့်ကို မတရားနှိပ်စက်၍ ထိခိုက်စေမည်မဟုတ်။ ဤမြို့တွင် ငါနှင့်ဆိုင်သောလူ များစွာရှိ၏”ဟု မိန့်တော်မူ၏။
စီရင်ခြင်းခံရလျှင်လည်း လောကီသားတို့နှင့်အတူ ပြစ်ဒဏ်စီရင်ခြင်းမခံရမည့်အကြောင်း သခင်ဘုရား၏ဆုံးမတော်မူခြင်းကိုခံရကြ၏။
သို့သော် နှုတ်ကပတ်တော်ဟောပြောခြင်းအမှုကို ငါ့အားအပြည့်အဝဆောင်ရွက်စေ၍ လူမျိုးခြားအပေါင်းတို့သည် ထိုနှုတ်ကပတ်တော်ကိုကြားသိမည့်အကြောင်း သခင်ဘုရားသည် ငါ့ဘက်၌ရပ်တည်လျက် ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူ၏။ ဤသို့ဖြင့် ငါသည် ခြင်္သေ့ခံတွင်းမှ ကယ်နုတ်ခြင်းခံရ၏။
သင်အသက်ရှင်သမျှကာလပတ်လုံး သင့်ရှေ့၌ မည်သူမျှခုခံရပ်တည်နိုင်မည်မဟုတ်။ ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိမည်။ သင့်ကိုငါပစ်ထားမည်မဟုတ်၊ စွန့်ပစ်မည်မဟုတ်။
သင့်ကို ငါမိန့်မှာထားသည်မဟုတ်လော။ အားယူ၍ရဲရင့်ခြင်းရှိလော့။ မကြောက်နှင့်။ စိတ်မပျက်နှင့်။ သင်သွားလေရာရာ၌ သင်၏ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူ၏။
ငါသည် ငါချစ်သမျှသောသူတို့၏အပြစ်ကိုဖော်ပြ၍ ဆုံးမပဲ့ပြင်တတ်၏။ ထို့ကြောင့် စိတ်အားထက်သန်ခြင်းရှိ၍ နောင်တရလော့။