လောတသည်လည်း သွား၍ သမီးတို့နှင့်စုံဖက်မည့် မိမိသမက်တို့အား “ထကြ၊ ဤအရပ်မှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးတော့မည်”ဟု ဆိုလေ၏။ သို့သော် သူ၏သမက်တို့က ရယ်စရာပြောသည်ဟူ၍သာ ထင်မှတ်ကြ၏။
ယေရမိ 43:1 - မြန်မာ့စံမီသမ္မာကျမ်း သူတို့၏ဘုရားသခင်ထာဝရဘုရားက ယေရမိကိုစေလွှတ်၍ဆင့်ဆိုစေသော သူတို့၏ဘုရားသခင်ထာဝရဘုရား၏စကားအလုံးစုံကို လူအပေါင်းတို့အား ယေရမိဆင့်ဆိုပြီးသောအခါ Common Language Bible ငါသည်လူတို့ကိုပြောကြားရန်သူတို့၏ ဘုရားသခင်ထာဝရဘုရား စေလွှတ်မှာ ကြားတော်မူသမျှသောစကားတို့ကို ဆင့်ဆိုပြီးသောအခါ၊- Garrad Bible ယေ ရ မိ အား ဖြင့်၊ ထို သူ တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး တော် မူ သ မျှ ဗျာ ဒိတ် တော် ချက် တည်း ဟူ သော၊ အ ထက် စကား များ ကို၊ လူ ပ ရိ သတ် အား၊ အ ကုန် အ စင် ဆင့် ဆို သည့် အ ဆုံး ၌၊ Judson Bible ထိုလူများတို့၏ဘုရားသခင် ထာဝရဘုရားသည် ယေရမိအားဖြင့် မှာတော်မူသမျှသော အမိန့်တော်တို့ကို၊ ယေရမိသည် လူအပေါင်းတို့အား အကုန်အစင်ကြားပြောသည်ရှိသော်၊ |
လောတသည်လည်း သွား၍ သမီးတို့နှင့်စုံဖက်မည့် မိမိသမက်တို့အား “ထကြ၊ ဤအရပ်မှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ဤမြို့ကိုဖျက်ဆီးတော့မည်”ဟု ဆိုလေ၏။ သို့သော် သူ၏သမက်တို့က ရယ်စရာပြောသည်ဟူ၍သာ ထင်မှတ်ကြ၏။
ထို့နောက် မောရှေသည် ထာဝရဘုရား၏စကားတော်အလုံးစုံတို့ကိုလည်းကောင်း၊ ပညတ်တော်မူချက်အလုံးစုံတို့ကိုလည်းကောင်း လူတို့အား လာ၍ပြောကြား၏။ လူအပေါင်းတို့ကလည်း “ထာဝရဘုရားမိန့်တော်မူသမျှစကားအတိုင်း အကျွန်ုပ်တို့ပြုပါမည်”ဟု တစ်သံတည်းပြန်ပြောကြ၏။
“သင်သည် ခါးကိုစည်း၍ ထပြီးလျှင် သင့်အား ငါမိန့်မှာထားသောစကားအလုံးစုံကို သူတို့အား ဆင့်ဆိုလော့။ သူတို့ကို မကြောက်နှင့်။ ကြောက်လျှင် သင့်ကို သူတို့ရှေ့တွင် ငါခြောက်လှန့်မည်။
သို့သော် ထာဝရဘုရားက ငါ့အား “ ‘အကျွန်ုပ်သည် သူငယ်သာဖြစ်ပါသည်’ဟု မဆိုနှင့်။ သင့်ကိုငါစေလွှတ်သော လူအပေါင်းတို့ထံသို့ သင်သွားရမည်။ ငါမိန့်မှာသောစကားအလုံးစုံတို့ကို သင်ပြောကြားရမည်။
ထာဝရဘုရားက “ထာဝရဘုရား၏အိမ်တော်ဝင်း၌ရပ်၍ ထာဝရဘုရား၏အိမ်တော်သို့ လာရောက်ရှိခိုးကိုးကွယ်ကြသော ယုဒပြည်သူပြည်သားအားလုံးတို့အား ငါမိန့်မှာထားသောစကားရှိသမျှတို့ကို ဆင့်ဆိုလော့။ စကားတစ်ခွန်းကိုမျှ မချန်ထားနှင့်။
ယေရမိသည် ထာဝရဘုရားမိန့်မှာတော်မူသောစကားအလုံးစုံတို့ကို ပြည်သူပြည်သားအပေါင်းတို့အား ဆင့်ဆိုပြီးသောအခါ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် လူအပေါင်းတို့သည် သူ့ကိုဖမ်းဆီး၍ “သင်သည် မုချသေရမည်။
သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောစကားကိုလည်းကောင်း၊ ငါ့ကို သင်တို့ထံစေလွှတ်၍ ဆင့်ဆိုစေသမျှကိုလည်းကောင်း ယနေ့ သင်တို့အား ငါပြောပြသော်လည်း သင်တို့နားမထောင်ကြ။
ထို့ကြောင့် သင်တို့သွားရောက်နေထိုင်မည့်ပြည်၌ သင်တို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေကြရမည်ကို အသေအချာမှတ်ထားကြလော့”ဟု ပြောဆိုလေ၏။
သူတို့သည် ထာဝရဘုရားအကြောင်း လိမ်လည်ပြောဆိုလျက် “သူသည် ထာဝရဘုရားမဟုတ်။ ငါတို့အပေါ် ဘေးအန္တရာယ် ကျရောက်မည်မဟုတ်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးကို ငါတို့ ကြုံတွေ့ရမည်မဟုတ်။
ဤစာကို သင်ဖတ်ပြပြီးသောအခါ စာလိပ်ကိုကျောက်ခဲနှင့်အတူချည်၍ ယူဖရေးတီးမြစ်ထဲသို့ ပစ်ချပြီးလျှင်
သင်တို့အား ငါပညတ်ထားသမျှသောအရာအားလုံးတို့ကိုစောင့်ထိန်းရန် သူတို့ကို သွန်သင်ကြလော့။ ငါသည်လည်း ကပ်ကမ္ဘာကုန်ဆုံးသည့်တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ်ရှိ၏”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ငါသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဘုရားသခင်၏အကြံအစည်တော်ကို သင်တို့အား အကုန်အစင်ဖော်ပြခဲ့ပြီ။
“သွား၍ ဗိမာန်တော်ထဲ၌ရပ်လျက် ဤအသက်ရှင်ခြင်းနှင့်ဆိုင်သော တရားစကားအလုံးစုံတို့ကို လူတို့အားဟောပြောကြလော့”ဟု ဆို၏။
ရှမွေလကလည်း မိမိထံ ရှင်ဘုရင်တောင်းဆိုသောထိုသူတို့အား ထာဝရဘုရားမိန့်တော်မူသမျှကို ပြောပြလေ၏။