ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်၏သားအဟိကံ၊ မိက္ခာယ၏သားအာခဗော်၊ စာရေးတော်ကြီးရှာဖန်၊ ဘုရင့်အမှုထမ်းအသာယတို့အား
ယေရမိ 40:5 - မြန်မာ့စံမီသမ္မာကျမ်း ယေရမိထွက်မသွားမီ ကိုယ်ရံတော်မှူးက “ယုဒပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိထံသို့ ပြန်သွား၍ ပြည်သူတို့နှင့်အတူ နေထိုင်ပါလော့။ သို့မဟုတ်လျှင်လည်း ကောင်းမည်ဟု သင်ထင်သည့်နေရာသို့ သွားပါလော့”ဟု ဆိုလျက် ယေရမိအား လက်ဆောင်နှင့် စားနပ်ရိက္ခာကိုပေး၍ ပြန်လွှတ်လိုက်လေ၏။ Common Language Bible ငါပြန်လည်မဖြေကြားသောအခါနေဗုဇာ ရဒန်သည် ဆက်လက်၍``ယုဒမြို့များအတွက် ဘုရင်ခံအဖြစ်ဗာဗုလုန်ဘုရင်ခန့်ထားခဲ့ သူရှာဖန်၏မြေး၊ အဟိရံ၏သားဂေဒလိထံ သို့ပြန်၍သူနှင့်အတူပြည်သူတို့အထဲတွင် နေထိုင်ပါလော့။ သို့မဟုတ်လျှင်လည်းမိမိ သွားသင့်သည်ဟုထင်သည့်အရပ်သို့သွား ပါလော့'' ဟုဆို၏။ ထိုနောက်သူသည်လက် ဆောင်နှင့်ရိက္ခာအချို့ကိုယူဆောင်သွားရန် ပေးအပ်ပြီးလျှင်ငါ့အားခရီးပြုစေ၏။- Garrad Bible ယု ဒ ပြည် မြို့ ရွာ များ အ ပေါ် တွင်၊ ဗာ ဗု လုန် ဘု ရင် ခန့် ထား သော၊ ရှာ ဖန့် မြေး၊ အ ဟိ ကံ့ သား ဂေ ဒ လိ မှ စ၍ ပြည် သူ ပြည် သား တို့ နှင့် အ တူ နေ ထိုင် ရန် သော် လည်း ကောင်း၊ နှစ် သက် ရာ သို့ လည်း ကောင်း၊ ပြန် သွား ပါ တော့ ဟု၊ ယေ ရ မိ မ ပြန် မီ ပင် ထပ် မံ ဆို ပြီး လျှင်၊ စား နပ် ရိ က္ခာ နှင့် လက် ဆောင် ပေး လျက်၊ သွား ခွင့် ပြု သည့် အ တိုင်း၊ Judson Bible ယေရမိသည် ကိုယ်ရံတော်မှူးထံမှ မထွက်မီ၊ ကိုယ်ရံတော်မှူးက၊ ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည်နယ်တွင်၊ မြို့အုပ်အရာ၌ ခန့်ထားတော်မူသော ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိထံသို့ပြန်၍၊ ပြည်သားများနှင့်အတူ နေပါလော့။ သို့မဟုတ်၊ စိတ်ရှိသည်အတိုင်း သွားပါလော့ဟု ဆိုလျက်၊ စားစရိတ်နှင့် လက်ဆောင်ကိုပေး၍ လွှတ်လိုက်လေ၏။ |
ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်၏သားအဟိကံ၊ မိက္ခာယ၏သားအာခဗော်၊ စာရေးတော်ကြီးရှာဖန်၊ ဘုရင့်အမှုထမ်းအသာယတို့အား
ထိုအခါ ယဇ်ပုရောဟိတ်ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသာယတို့သည် ဂျေရုဆလင်မြို့နေရာသစ်တွင်နေထိုင်သော ဟရဟတ်၏မြေး၊ တိကဝ၏သား ဝတ်လုံတော်ထိန်းရှလ္လုံ၏မယားဖြစ်သူ ပရောဖက်မ ဟုလဒထံသွား၍ စကားပြောဆိုကြရာ
ထို့နောက် ရှင်ဘုရင်က ဟိလခိ၊ ရှာဖန်၏သားအဟိကံ၊ မိက္ခာ၏သားအာဗဒုန်၊ စာရေးတော်ကြီးရှာဖန်နှင့် ဘုရင့်အမှုထမ်းအသာယတို့အား
ဧဇရက “ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်အား ခန့်ညားထည်ဝါအောင် ပြုပေးလိုသောစိတ်ကို ရှင်ဘုရင်၌ ရှိစေတော်မူသော အကျွန်ုပ်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။
ဧဇရသည် အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားပေးထားတော်မူသော မောရှေ၏ပညတ်တရားကျမ်းကို ကောင်းစွာသိနားလည်သောကျမ်းပြုဆရာ ဖြစ်၏။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူရှိသောကြောင့် သူတောင်းဆိုသမျှကို ရှင်ဘုရင်က ခွင့်ပြုပေး၏။
အို ဘုရားရှင်၊ ကိုယ်တော့်အစေအပါး၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ကိုယ်တော်၏နာမတော်အား ကြောက်ရွံ့ရိုသေရသည်ကိုနှစ်သက်သော ကိုယ်တော့်အစေအပါးတို့၏ဆုတောင်းသံကို နားညောင်းတော်မူပါ။ ယနေ့ ကိုယ်တော့်အစေအပါးအား အောင်မြင်ခွင့်ပေးတော်မူပါ။ မင်းကြီးရှေ့မှာ ဤလူမျက်နှာသာရပါစေသော”ဟု ဆုတောင်း၏။ ထိုစဉ်က ငါသည် ရှင်ဘုရင်၏ဖလားတော်ဝန် ဖြစ်၏။
နှိမ့်ချခံနေရသူတို့အဖို့ သင်က ‘သူတို့ကို ချီးမြှောက်တော်မူပါ’ဟု ဆုတောင်းပေးလျှင် ကိုယ်တော်သည် နိမ့်ကျသောသူတို့ကို ကယ်တင်တော်မူမည်။
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။
ထာဝရဘုရားက “အကယ်စင်စစ် သင်၏ကောင်းကျိုးချမ်းသာအတွက် သင့်ကို ငါကယ်တင်မည်။ ဘေးရောက်ချိန်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ ရန်သူတို့က သင့်ကို တောင်းပန်လာစေရမည်။
သို့ရာတွင် ရှာဖန်၏သား အဟိကံသည် ယေရမိကိုကာကွယ်ပေးသဖြင့် သူ့ကိုသတ်မည့်သူတို့လက်မှ သူလွတ်မြောက်လေ၏။
သူတို့သည် ယေရမိကို ထောင်ဝင်းထဲမှ ထုတ်ယူပြီးလျှင် ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိထံသို့ သူ့ကိုအပ်၍ အိမ်သို့ပြန်ပို့စေ၏။ ဤသို့ဖြင့် ယေရမိသည် မိမိလူမျိုးတို့နှင့်အတူ နေထိုင်ရလေ၏။
ကြည့်ရှုလော့။ ယခုတွင် သင့်လက်၌ချည်နှောင်ထားသောကြိုးကို ဖြေပေးမည်။ ငါနှင့်အတူ ဘေဘီလုံမြို့သို့လိုက်လိုလျှင်လိုက်ပါ။ သင့်ကို ကောင်းစွာကြည့်ရှုပါမည်။ ဘေဘီလုံမြို့သို့ ငါနှင့်သင်မလိုက်လိုလျှင်လည်း မလိုက်ပါနှင့်။ တိုင်းပြည်တစ်ပြည်လုံး သင့်ရှေ့မှောက်တွင်ရှိ၏။ ကောင်းမည်၊ အဆင်ပြေမည်ဟု သင်ထင်သည့်နေရာများသို့ သင်သွားနိုင်၏”ဟု ဆိုလေ၏။
သတ္တမလတွင် တော်ဝင်မင်းမျိုးမင်းနွယ်ဖြစ်သော ဧလိရှမာ၏မြေး၊ နေသနိ၏သား၊ ဘုရင်၏ကိုယ်ရံတော်မှူး ဣရှမေလသည် လူဆယ်ယောက်နှင့်အတူ မိဇပါမြို့ရှိ အဟိကံ၏မြေးဂေဒလိထံသို့ ရောက်လာကြ၏။ ထိုမိဇပါမြို့တွင် အတူတကွ စားသောက်နေကြစဉ်
အကြောင်းမူကား နေသနိ၏သားဣရှမေလသည် ပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော အဟိကံ၏သားဂေဒလိကို သတ်လိုက်သောကြောင့် သူတို့သည် ခါလဒဲလူမျိုးတို့ကိုကြောက်ကြ၏။
နေသနိ၏သားဣရှမေလနှင့် သူနှင့်အတူပါလာသောလူဆယ်ယောက်တို့သည် ပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိကို ထ၍ဓားဖြင့်ခုတ်သတ်လေ၏။
နောက်တစ်နေ့တွင် ငါတို့သည် ဆီဒုန်မြို့သို့ဆိုက်ကပ်ကြ၏။ ယုလိသည် ပေါလုကိုကြင်နာစွာဆက်ဆံလျက် မိတ်ဆွေများထံသွား၍ လုပ်ကျွေးပြုစုခြင်းခံယူခွင့်ကို ပေးလေ၏။
သို့သော် တပ်မှူးသည် ပေါလုကိုကယ်လိုသဖြင့် သူတို့၏အကြံအစည်ကိုတားမြစ်ကာ ရေကူးတတ်သူများသည် ဦးစွာခုန်ချ၍ ကမ်းပေါ်သို့ကူးသွားကြရန်နှင့်
ထိုသူတို့သည် များစွာသောလက်ဆောင်ဖြင့် ငါတို့ကို ဂုဏ်ပြုလျက် ငါတို့ရွက်လွှင့်သောအခါ၌လည်း လိုအပ်သည့်အရာများကို တင်ပေးလိုက်ကြ၏။
ထို့ကြောင့် “ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူသောအရှင်ဖြစ်၍ ငါသည် ကြောက်ရွံ့မည်မဟုတ်။ လူသည် ငါ့ကို မည်သို့ပြုနိုင်မည်နည်း”ဟု ငါတို့သည် ယုံကြည်စိတ်ချစွာပြောဆိုရကြ၏။