Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 41:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 သတ္တမ​လ​တွင် တော်ဝင်​မင်းမျိုးမင်းနွယ်​ဖြစ်​သော ဧလိရှမာ​၏​မြေး​၊ နေသနိ​၏​သား​၊ ဘုရင်​၏​ကိုယ်ရံတော်မှူး ဣရှမေလ​သည် လူ​ဆယ်​ယောက်​နှင့်အတူ မိဇပါ​မြို့​ရှိ အဟိကံ​၏​မြေး​ဂေဒလိ​ထံသို့ ရောက်လာ​ကြ​၏​။ ထို​မိဇပါ​မြို့​တွင် အတူတကွ စားသောက်​နေ​ကြ​စဉ်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 သတ္တ​မ​လ​၌​ဘု​ရင်​ခံ​မင်း​၏​အ​ရာ​ရှိ​ကြီး တစ်​ဦး​ဖြစ်​သူ​ဧ​လိ​ရှ​မာ​၏​မြေး၊ နာ​သ​နိ ၏​သား၊ မင်း​မျိုး​မင်း​နွယ်​တစ်​ဦး​ဖြစ်​သူ ဣ​ရှ​မေ​လ​သည်​လူ​ဆယ်​ယောက်​နှင့်​အ​တူ ဂေ​ဒ​လိ​အား​တွေ့​ဆုံ​ရန် မိ​ဇ​ပါ​မြို့​သို့​လာ ၏။ သူ​တို့​သည်​အ​တူ​တ​ကွ​မိ​ဇ​ပါ​မြို့​တွင် စား​သောက်​လျက်​နေ​ကြ​စဉ်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 သ တ္တ မ လ တွင်၊ မင်း မျိုး မင်း နွယ် ဖြစ် သူ ဘု ရင် မင်း၏ ဗိုလ် မှူး တစ် ဦး ဧ လိ ရှ မာ့ မြေး၊ နာ သ နိ သား ဣ ရှ မေ လ သည်၊ လူ တစ် ကျိပ် နှင့် တ ကွ၊ မိ ဇ ပါ မြို့ ရှိ အ ဟိ ကံ့ သား ဂေ ဒ လိ ထံ ရောက် လာ လျက်၊ ထို မြို့၌ အ တူ စား သောက် ကြ စဉ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 သ​တ္တ​မ​လ​တွင် ဆွေ​တော်​မျိုး​တော်​ဖြစ်​သော မင်း​သား ဧ​လိ​ရှ​မာ​သား နာ​သ​နိ၏​သား​ဣ​ရှ​မေ​လ​သည်၊ လူ​တစ်​ကျိပ်​နှင့်​တ​ကွ၊ အ​ဟိ​ကံ​သား ဂေ​ဒ​လိ​ရှိ​ရာ မိ​ဇ​ပါ​မြို့​သို့​လာ၍၊ ထို​မြို့၌ တစ်​စု​တည်း​စား​သောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 41:1
25 ပူးပေါင်းရင်းမြစ်များ  

ဟေဗြုန်​မြို့​သို့ အာဗနာ​ပြန်ရောက်​လာ​သောအခါ ယွာဘ​က သူ့​အား သီးခြား​စကားပြော​လို​သည်​ဟု ဆို​၍ သူ့​ကို​မြို့​တံခါး​အတွင်း​သို့ ခေါ်သွား​ပြီးလျှင် သူ့​ဗိုက်​ကို ဓား​နှင့်​ထိုး​လိုက်​လေ​၏​။ ယွာဘ​ညီ အာသဟေလ​ကို သတ်​သော​သွေးကြွေး​အတွက် အာဗနာ​သေ​ရ​လေ​၏​။


အာခဇိ​မင်းကြီး​၏​မယ်တော်​အာသလိ​သည် မိမိ​၏​သား​တော်​အနိစ္စရောက်​သည်​ကို သိမြင်​သည်​နှင့်​ထ​၍ တော်ဝင်​မင်းမျိုးမင်းနွယ်​အားလုံး​ကို သုတ်သင်​ပစ်​လေ​၏​။


ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ချန်ထား​ခဲ့​သည့် ယုဒ​ပြည်​၌​ကျန်​ခဲ့​သော လူ​တို့​ကို အုပ်ချုပ်​ရန် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား​ဂေဒလိ​ကို ခန့်ထား​၏​။


သတ္တမ​လ​တွင် တော်ဝင်​မင်းမျိုးမင်းနွယ်​ဖြစ်​သော ဧလိရှမာ​၏​မြေး​၊ နေသနိ​၏​သား​ဣရှမေလ​သည် လူ​ဆယ်​ယောက်​နှင့်အတူ မိဇပါ​မြို့​သို့​လာ​၏​။ သူ​တို့​သည် ဂေဒလိ​အပါအဝင် ဂေဒလိ​နှင့်အတူ​နေ​သော ဂျူး​လူမျိုး​များ​နှင့် ခါလဒဲ​လူမျိုး​များ​ကို​ပါ မိဇပါ​မြို့​တွင် တိုက်ခိုက်​သတ်ဖြတ်​လေ​၏​။


အာခဇိ​မင်းကြီး​၏​မယ်တော်​အာသလိ​သည် မိမိ​၏​သား​တော်​အနိစ္စရောက်​သည်​ကို သိမြင်​သည်​နှင့်​ထ​၍ ယုဒ​တော်ဝင်​မင်းမျိုးမင်းနွယ်​အားလုံး​ကို သုတ်သင်​ပစ်​လေ​၏​။


သူ​တို့​သည် အကျွန်ုပ်​အား အကောင်း​ကို​အဆိုး​ဖြင့်​လည်းကောင်း​၊ အကျွန်ုပ်​၏​ချစ်ခြင်းမေတ္တာ​ကို မုန်းတီး​ခြင်း​ဖြင့်​လည်းကောင်း ပြန်ဆပ်​ကြ​ပါ​၏​။


ငါ့​မုန့်​ကို​စား​သော ငါ​ယုံကြည်စိတ်ချ​ခဲ့​သည့် ငါ​၏​မိတ်ဆွေရင်းချာ​ပင်လျှင် ငါ့​ကို​ဖနောင့်​နှင့်​ပေါက်​လေ​ပြီ​။


မာနထောင်လွှား​ခြင်း​သည် ခိုက်ရန်​ကို​သာ​ဖြစ်ပွား​စေ​တတ်​၏​။ အကြံပေး​ခြင်း​ကို​လက်ခံ​သော​သူ​၌​ကား ဉာဏ်ပညာ​ရှိ​၏​။


အမျက်ဒေါသ​သည် ရက်စက်​၍ အမျက်​သည် လွှမ်းမိုး​တတ်​၏​။ သို့သော် မနာလိုဝန်တိုမှု​ရှေ့​၌ မည်သူ​ခံရပ်​နိုင်​မည်နည်း​။


စာရေးတော်ကြီး​ဧလိရှမာ​၊ ရှေမာယ​၏​သား​ဒေလာယ​၊ အာခဗော်​၏​သား​ဧလနာသန်​၊ ရှာဖန်​၏​သား​ဂေမရိ​၊ ဟာနနိယ​၏​သား​ဇေဒကိ စသော အကြီးအကဲ​အပေါင်း​တို့​ထိုင်​နေ​သော ဘုရင့်​နန်းတော်ဝင်း​အတွင်း​ရှိ စာရေးတော်ကြီး​အခန်း​သို့ ဆင်းသွား​၏​။


သူ​တို့​သည် စာလိပ်​ကို စာရေးတော်ကြီး​ဧလိရှမာ​အခန်း​တွင် ထား​ခဲ့​ပြီး နန်းတော်ဝင်း​ရှိ ရှင်ဘုရင်​ထံသို့​သွား​၍ ထို​အကြောင်းအရာ​အလုံးစုံ​တို့​ကို ရှင်ဘုရင်​ကြားသိ​စေရန် လျှောက်ထား​လေ​၏​။


သူ​တို့​သည် ယေရမိ​ကို ထောင်ဝင်း​ထဲမှ ထုတ်ယူ​ပြီးလျှင် ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​ထံသို့ သူ့​ကို​အပ်​၍ အိမ်​သို့​ပြန်ပို့​စေ​၏​။ ဤသို့ဖြင့် ယေရမိ​သည် မိမိ​လူမျိုး​တို့​နှင့်အတူ နေထိုင်​ရ​လေ​၏​။


တစ်နေ့တွင် ကာရာ​၏​သား​ယောဟနန်​နှင့် တော​ထဲ၌​ပုန်းခို​နေ​သော စစ်သည်​အကြီးအကဲ​အပေါင်း​တို့​သည် ဂေဒလိ​ရှိ​ရာ​မိဇပါ​မြို့​သို့ လာ​ကြ​၍


ယေရမိ​ထွက်​မ​သွား​မီ ကိုယ်ရံတော်မှူး​က “​ယုဒ​ပြည်​ကို​အုပ်ချုပ်​ရန် ဘေဘီလုံ​ဘုရင်​ခန့်ထား​ခဲ့​သော ရှာဖန်​၏​မြေး​၊ အဟိကံ​၏​သား ဂေဒလိ​ထံသို့ ပြန်သွား​၍ ပြည်သူ​တို့​နှင့်အတူ နေထိုင်​ပါ​လော့​။ သို့မဟုတ်လျှင်လည်း ကောင်း​မည်​ဟု သင်​ထင်​သည့်​နေရာ​သို့ သွား​ပါ​လော့​”​ဟု ဆို​လျက် ယေရမိ​အား လက်ဆောင်​နှင့် စားနပ်ရိက္ခာ​ကို​ပေး​၍ ပြန်လွှတ်​လိုက်​လေ​၏​။


ယေရမိ​သည်​လည်း အဟိကံ​၏​သား ဂေဒလိ​ရှိ​ရာ မိဇပါ​မြို့​သို့​ပြန်သွား​၍ ပြည်​၌​ကျန်ရစ်​သော​ပြည်သား​တို့​နှင့်အတူ နေထိုင်​လေ​၏​။


ဘေဘီလုံ​မြို့​သို့ ဖမ်းခေါ်​သွား​ခြင်း​မ​ခံရ​သော ဆင်းရဲသား​ပြည်သား​များ​ဖြစ်​သည့် ယောက်ျား​၊ မိန်းမ​၊ ကလေး​တို့​ကို အုပ်ချုပ်​ရန် ဘေဘီလုံ​ဘုရင်​သည် အဟိကံ​၏​သား​ဂေဒလိ​ကို ခန့်ထား​ကြောင်း တော​ထဲ၌​ခို​နေ​သော စစ်သည်​အကြီးအကဲ​အပေါင်း​တို့ ကြားသိ​သောအခါ


နေသနိ​၏​သား ဣရှမေလ​၊ ကာရာ​၏​သား ယောဟနန်​နှင့်​ယောနသန်​၊ တာနုမက်​၏​သား စရာယ​၊ နေတောဖာသိ​လူမျိုး ဧဖဲ​၏​သား​များ​၊ မာခါသိ​အမျိုးသား ယေဇနိ​တို့​သည်​လည်း သူ​တို့​၏​လူ​များ​နှင့်တကွ ဂေဒလိ​ရှိ​ရာ မိဇပါ​မြို့​သို့​ရောက်လာ​ကြ​၏​။


ထို့နောက် မင်းမျိုးမင်းနွယ်​ထဲမှ လူ​တစ်ဦး​ကို​ခေါ်ယူ​၍ သူ​နှင့်​ပဋိညာဉ်​ဖွဲ့​ကာ ကျိန်ဆို​ထား​ခဲ့​၏​။ တိုင်းပြည်​အကြီးအကဲ​များ​ကို​မူ ဖမ်းခေါ်​သွား​၏​။


သင်​တို့​အားလုံး​ကို ငါ​ရည်ညွှန်း​ပြောဆို​သည်​မ​ဟုတ်။ ငါ​ရွေးကောက်​သော​သူ​တို့​ကို ငါ​သိ​၏။ သို့သော် ‘ငါ့​မုန့်​ကို​စား​သော​သူ​သည် ငါ့​ကို ဖနောင့်​နှင့်​ပေါက်​လေ​၏’ဟူသော​ကျမ်းချက်​သည် ပြည့်စုံ​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ