ယေရမိထွက်မသွားမီ ကိုယ်ရံတော်မှူးက “ယုဒပြည်ကိုအုပ်ချုပ်ရန် ဘေဘီလုံဘုရင်ခန့်ထားခဲ့သော ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိထံသို့ ပြန်သွား၍ ပြည်သူတို့နှင့်အတူ နေထိုင်ပါလော့။ သို့မဟုတ်လျှင်လည်း ကောင်းမည်ဟု သင်ထင်သည့်နေရာသို့ သွားပါလော့”ဟု ဆိုလျက် ယေရမိအား လက်ဆောင်နှင့် စားနပ်ရိက္ခာကိုပေး၍ ပြန်လွှတ်လိုက်လေ၏။