မြေတစ်ပြင်လုံးသည် သင့်ရှေ့၌ရှိသည်မဟုတ်လော။ ယခု ငါနှင့်ခွဲ၍နေပါ။ သင်သည် လက်ဝဲဘက်သို့သွားလျှင် ငါသည် လက်ယာဘက်သို့သွားမည်။ သင်သည် လက်ယာဘက်သို့သွားလျှင် ငါသည် လက်ဝဲဘက်သို့သွားမည်”ဟု ဆို၏။
ယေရမိ 40:4 - မြန်မာ့စံမီသမ္မာကျမ်း ကြည့်ရှုလော့။ ယခုတွင် သင့်လက်၌ချည်နှောင်ထားသောကြိုးကို ဖြေပေးမည်။ ငါနှင့်အတူ ဘေဘီလုံမြို့သို့လိုက်လိုလျှင်လိုက်ပါ။ သင့်ကို ကောင်းစွာကြည့်ရှုပါမည်။ ဘေဘီလုံမြို့သို့ ငါနှင့်သင်မလိုက်လိုလျှင်လည်း မလိုက်ပါနှင့်။ တိုင်းပြည်တစ်ပြည်လုံး သင့်ရှေ့မှောက်တွင်ရှိ၏။ ကောင်းမည်၊ အဆင်ပြေမည်ဟု သင်ထင်သည့်နေရာများသို့ သင်သွားနိုင်၏”ဟု ဆိုလေ၏။ Common Language Bible ယခုသင်၏လက်ကောက်ဝတ်မှသံကြိုးများ ကိုငါဖြုတ်ပေးမည်။ သင်သည်ငါနှင့်အတူ ဗာဗုလုန်မြို့သို့လိုက်လိုကလိုက်ပါလော့။ သင့်အားကောင်းစွာငါကြည့်ရှုပါမည်။ သင် မလိုက်လိုလျှင်နေနိုင်ပါသည်။ တစ်ပြည် လုံးမှသင်ကြိုက်ရာအရပ်သို့သင်သွား နိုင်သည်'' ဟုပြော၏။ Garrad Bible ကိုယ် တော် မှာ မူ လက် ထိတ် သံ ကြိုး ကို ယ နေ့ ကျွန်ုပ် ချွတ် ပါ ၏။ ဗာ ဗု လုန် မြို့ သို့ လိုက် လို သော သ ဘော ရှိ လျှင်၊ လိုက် ပါ။ ကျွန်ုပ် သည် ဒိ ဋ္ဌ ကြည့် ရှု မည်။ လိုက် လို သော သ ဘော မ ရှိ လျှင်၊ မ လိုက် ပါ နှင့်။ ဤ ပြည် တစ် ဝှမ်း လုံး သည် ကိုယ် တော့် ရှေ့ တွင် ရှိ ပါ၏။ နှစ် သက် ၍ သ ဘော ရှိ ရာ သို့ ကြွ ပါ တော့ ဟု ဆို ပြီး နောက်၊ Judson Bible ယခုမှာ သင့်လက်၌ ချည်နှောင်လျက်ရှိသော သံကြိုးကို ငါချွတ်မည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်လာခြင်းငှာ အလိုရှိလျှင် လိုက်လာပါ။ ငါသည် ကောင်းမွန်စွာကြည့်ရှုမည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့လိုက်ခြင်းငှာ အလိုမရှိလျှင် မလိုက်နှင့်။ တစ်ပြည်လုံးသည် သင့်ရှေ့မှာရှိ၏။ အကြင်အရပ်သို့ သွားကောင်းသည်ဟု စိတ်ထင်လျှင်၊ ထိုအရပ်တည်းဟူသော စိတ်ရောက်ရာအရပ်သို့ သွားပါလော့ဟု ဆို၏။ |
မြေတစ်ပြင်လုံးသည် သင့်ရှေ့၌ရှိသည်မဟုတ်လော။ ယခု ငါနှင့်ခွဲ၍နေပါ။ သင်သည် လက်ဝဲဘက်သို့သွားလျှင် ငါသည် လက်ယာဘက်သို့သွားမည်။ သင်သည် လက်ယာဘက်သို့သွားလျှင် ငါသည် လက်ဝဲဘက်သို့သွားမည်”ဟု ဆို၏။
ထို့နောက် အဘိမလက်မင်းကြီးက “ကြည့်လော့။ ငါ၏နယ်မြေသည် သင့်ရှေ့၌ရှိ၏။ သင်အလိုရှိသည့်နေရာ၌ နေထိုင်လော့”ဟု မိန့်ဆို၏။
ထိုအခါ သခင်က သခင့်အစေအပါးတို့အား ‘သူ့ကို တွေ့မြင်ရဖို့ ငါ့ထံသို့ခေါ်ဆောင်ခဲ့လော့’ဟု ဆိုပါ၏။
အီဂျစ်ပြည်သည် သင့်မျက်စိရှေ့၌ရှိ၏။ သင့်ဖခင်နှင့်သင့်ညီအစ်ကိုတို့ကို ဤပြည်၏အကောင်းဆုံးနေရာ၌ နေရာချပေးလော့။ ဂေါရှင်အရပ်၌ နေထိုင်စေလော့။ သူတို့ထဲ၌ အရည်အချင်းရှိသူပါကြောင်း သင်သိလျှင် သူတို့အား ငါ၏တိရစ္ဆာန်တို့ကိုကြီးကြပ်ကွပ်ကဲသူအဖြစ် ခန့်ထားလော့”ဟု မိန့်ဆိုလေ၏။
ရှင်ဘုရင်က ဟာမန်အား “ဤငွေကို သင့်အားပေးပြီ။ ဤလူမျိုးကိုလည်း သင်အလိုရှိသည့်အတိုင်းပြုနိုင်၏”ဟု မိန့်ဆိုလေ၏။
ယေရမိကလည်း “မဟုတ်ပါ၊ ခါလဒဲတပ်ဘက်သို့ ငါမကူးပါ”ဟု ဆိုသော်လည်း ဣရိယသည် သူ၏စကားကိုနားမထောင်ဘဲ ယေရမိကို မှူးမတ်များထံသို့ ခေါ်ဆောင်သွားလေ၏။