ယေရမိ 40:3 - မြန်မာ့စံမီသမ္မာကျမ်း3 သင်တို့သည် ထာဝရဘုရား၏စကားတော်ကို နားမထောင်၊ ထာဝရဘုရားကို ပြစ်မှားကြသောကြောင့် ဤအမှုဖြစ်ပျက်လေပြီ။ ထာဝရဘုရားသည် ဘေးအန္တရာယ်ကို ကျရောက်စေပြီ။ မိန့်တော်မူသည့်အတိုင်း ပြုလေပြီ။ အခန်းကိုကြည့်ပါ။Common Language Bible3 ယခုပြုတော်မူလေပြီ။ ဤသို့ဖြစ်ပျက်ရ ခြင်းမှာသင်၏အမျိုးသားတို့သည်ထာဝရ ဘုရားအားပြစ်မှားကာ ကိုယ်တော်၏စကား ကိုနားမထောင်ကြသောကြောင့်ဖြစ်၏။- အခန်းကိုကြည့်ပါ။Garrad Bible3 ဗျာ ဒိတ် တော် အ တိုင်း စီ ရင် လျက်၊ သင့် ရောက် စေ တော် မူ ပြီ။ ထာ ဝ ရ ဘု ရား အား ပြစ် မှား ၍ ဗျာ ဒိတ် တော် သံ ကို မ နာ ခံ ကြ သည့် အ တွက်၊ ဤ အ မှု ရောက် ခဲ့ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible3 ခြိမ်းတော်မူသည် အတိုင်းလည်း၊ အမှုကိုရောက်စေ၍ စီရင်တော်မူပြီ။ သင်တို့သည် အမိန့်တော်ကို နားမထောင်၊ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ဤအမှုသည် သင်တို့အပေါ်သို့ရောက်လေပြီ။ အခန်းကိုကြည့်ပါ။ |
သူတို့သည် အေးအေးချမ်းချမ်းနေရသောအခါ ကိုယ်တော်ရှေ့တော်တွင် မကောင်းမှုကိုပြုကြပြန်သဖြင့် သူတို့ကို အုပ်ချုပ်မည့်ရန်သူတို့လက်သို့ အပ်လိုက်တော်မူ၏။ သူတို့သည် ပြန်လာ၍ ကိုယ်တော့်ထံ အော်ဟစ်သောအခါ ကိုယ်တော်သည် ကောင်းကင်မှ နားညောင်းတော်မူ၏။ ကိုယ်တော်၏ ကရုဏာတော်နှင့်အညီ သူတို့ကိုအကြိမ်ကြိမ်ကယ်နုတ်တော်မူခဲ့၏။
အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် ငါ့အမျက်ကိုနှိုးဆော်၍ ဗာလရှေ့၌ နံ့သာပေါင်းကိုမီးရှို့ခြင်းဖြင့် မကောင်းမှုကိုပြုသောကြောင့် သင့်ကိုစိုက်ပျိုးတော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သင့်အပေါ် ဘေးအန္တရာယ်ကျရောက်မည့်အကြောင်း မိန့်ဆိုပြီ”ဟု မိန့်တော်မူ၏။
“သင်သည် အီသီယိုးပီးယားလူမျိုး ဧဗဒမေလက်ထံသို့သွားပြီးလျှင် ‘အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ဤမြို့ကို ကောင်းစားစေမည်မဟုတ်၊ ဘေးအန္တရာယ်ကျရောက်စေမည်ဟူသော ငါ့နှုတ်ထွက်စကားတို့ကို ပြည့်စုံစေမည်။ ထိုနေ့ရောက်သောအခါ ဤအမှုအရာတို့သည် သင့်မျက်စိရှေ့တွင်ပင် ဖြစ်ပျက်လိမ့်မည်ဟု မိန့်တော်မူ၏။