Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 40:4 - Common Language Bible

4 ယ​ခု​သင်​၏​လက်​ကောက်​ဝတ်​မှ​သံ​ကြိုး​များ ကို​ငါ​ဖြုတ်​ပေး​မည်။ သင်​သည်​ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့​လိုက်​လို​က​လိုက်​ပါ​လော့။ သင့်​အား​ကောင်း​စွာ​ငါ​ကြည့်​ရှု​ပါ​မည်။ သင် မ​လိုက်​လို​လျှင်​နေ​နိုင်​ပါ​သည်။ တစ်​ပြည် လုံး​မှ​သင်​ကြိုက်​ရာ​အ​ရပ်​သို့​သင်​သွား နိုင်​သည်'' ဟု​ပြော​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ကိုယ် တော် မှာ မူ လက် ထိတ် သံ ကြိုး ကို ယ နေ့ ကျွန်ုပ် ချွတ် ပါ ၏။ ဗာ ဗု လုန် မြို့ သို့ လိုက် လို သော သ ဘော ရှိ လျှင်၊ လိုက် ပါ။ ကျွန်ုပ် သည် ဒိ ဋ္ဌ ကြည့် ရှု မည်။ လိုက် လို သော သ ဘော မ ရှိ လျှင်၊ မ လိုက် ပါ နှင့်။ ဤ ပြည် တစ် ဝှမ်း လုံး သည် ကိုယ် တော့် ရှေ့ တွင် ရှိ ပါ၏။ နှစ် သက် ၍ သ ဘော ရှိ ရာ သို့ ကြွ ပါ တော့ ဟု ဆို ပြီး နောက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ယ​ခု​မှာ သင့်​လက်၌ ချည်​နှောင်​လျက်​ရှိ​သော သံ​ကြိုး​ကို ငါ​ချွတ်​မည်။ ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့ လိုက်​လာ​ခြင်း​ငှာ အ​လို​ရှိ​လျှင် လိုက်​လာ​ပါ။ ငါ​သည် ကောင်း​မွန်​စွာ​ကြည့်​ရှု​မည်။ ငါ​နှင့်​အ​တူ ဗာ​ဗု​လုန်​မြို့​သို့​လိုက်​ခြင်း​ငှာ အ​လို​မ​ရှိ​လျှင် မ​လိုက်​နှင့်။ တစ်​ပြည်​လုံး​သည် သင့်​ရှေ့​မှာ​ရှိ၏။ အ​ကြင်​အ​ရပ်​သို့ သွား​ကောင်း​သည်​ဟု စိတ်​ထင်​လျှင်၊ ထို​အ​ရပ်​တည်း​ဟူ​သော စိတ်​ရောက်​ရာ​အ​ရပ်​သို့ သွား​ပါ​လော့​ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 ကြည့်ရှု​လော့​။ ယခုတွင် သင့်​လက်​၌​ချည်နှောင်​ထား​သော​ကြိုး​ကို ဖြေပေး​မည်​။ ငါ​နှင့်အတူ ဘေဘီလုံ​မြို့​သို့​လိုက်​လို​လျှင်​လိုက်​ပါ​။ သင့်​ကို ကောင်းစွာ​ကြည့်ရှု​ပါ​မည်​။ ဘေဘီလုံ​မြို့​သို့ ငါ​နှင့်​သင်​မ​လိုက်​လို​လျှင်​လည်း မလိုက်​ပါ​နှင့်​။ တိုင်းပြည်​တစ်ပြည်လုံး သင့်​ရှေ့မှောက်​တွင်​ရှိ​၏​။ ကောင်း​မည်​၊ အဆင်ပြေ​မည်​ဟု သင်​ထင်​သည့်​နေရာ​များ​သို့ သင်​သွား​နိုင်​၏​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 40:4
8 ပူးပေါင်းရင်းမြစ်များ  

ထို့​ကြောင့်​သင်​နှင့်​ငါ​ခွဲ​ခွာ​ကြ​ပါ​စို့။ သင့်​ရှေ့​မှောက်​တွင်​မြေ​တစ်​ပြင်​လုံး​ရှိ​၏။ သင်​ကြိုက်​နှစ်​သက်​ရာ​ကို​ရွေး​ယူ​လော့။ သင်​က​တစ်​ဘက်​သို့​သွား​လျှင်​ငါ​က​တ​ခြား​တစ်​ဘက်​သို့​သွား​မည်'' ဟု​ပြော​လေ​၏။


အ​ဘိ​မ​လက်​က``ငါ​၏​တိုင်း​ပြည်​တစ်​ဝန်း လုံး​တွင် သင်​ကြိုက်​ရာ​အ​ရပ်​၌​နေ​လော့'' ဟု အာ​ဗြ​ဟံ​အား​မိန့်​ကြား​၏။-


အ​ရှင်​က`ထို​သူ​ငယ်​ကို​ခေါ်​ဆောင်​ခဲ့​ကြ၊ ငါ တွေ့​မြင်​လို​သည်' ဟု​မိန့်​ကြား​ပါ​သည်။-


အီ​ဂျစ်​ပြည်​တွင်​အ​ကောင်း​ဆုံး​အ​ရပ်​ဖြစ် သော​ဂေါ​ရှင်​ဒေ​သ​၌​နေ​ထိုင်​ကြ​ပါ​စေ။ သူ တို့​အ​နက်​သင့်​တော်​သော​သူ​များ​ရှိ​လျှင် ငါ​၏​သိုး​နွား​အုပ်​အ​ရာ​၌​ခန့်​ထား​လော့'' ဟု​မိန့်​ကြား​လေ​၏။


``သင့်​သ​ဘော​အ​တိုင်း​ပြု​ရန်​ထို​လူ​မျိုး​နှင့် သူ​တို့​၏​ငွေ​ကို​သင့်​လက်​သို့​ငါ​ပေး​အပ်​၏'' ဟု​မိန့်​တော်​မူ​၏။


ငါ​က``သင်​ပြော​သ​ကဲ့​သို့​မ​ဟုတ်။ ငါ​မ​ထွက် ပြေး​ပါ'' ဟု​ပြန်​ပြော​သော်​လည်း​ဣ​ရိ​ယ သည်​ငါ​၏​စ​ကား​ကို​နား​မ​ထောင်​ဘဲ ငါ့ ကို​ဖမ်း​ဆီး​ပြီး​လျှင်​မှူး​မတ်​များ​ထံ​သို့ ခေါ်​ဆောင်​သွား​လေ​သည်။-


ငါ့​ကို​သံ​ကြိုး​များ​နှင့်​ချည်​နှောင်​ထား​တော်​မူ ပါ​၏။ ငါ​သည်​အ​ကျဉ်း​သား​ဖြစ်​၍ ငါ​လွတ်​မြောက်​ရန်​လမ်း​မ​ရှိ။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ