အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ယေ​ရ​မိ 4:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ခြင်္သေ့​သည် ပုန်းအောင်း​ရာ​မှ​ထွက်လာ​ပြီ​။ လူမျိုးတကာ​တို့​ကို​ဖျက်ဆီး​သော​သူ​သည် မိမိ​၏​နေရာ​မှ​ထွက်လာ​ပြီ​။ သင်​၏​ပြည်​ကို လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်စေ​ရန် မိမိ​နေရာ​မှ​ထွက်လာ​ပြီ​။ သင်​တို့​၏​မြို့​များ​သည် ပျက်စီး​သွား​လိမ့်မည်​။ နေထိုင်​သူ​ရှိ​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။

Common Language Bible

ခြင်္သေ့​သ​ဖွယ်​ခို​အောင်း​ရာ​မှ​ထွက်​လာ​လေ​ပြီ။ လူ​မျိုး​တ​ကာ​ကို​ဖျက်​ဆီး​မည့်​သူ​သည် ထွက်​ခွာ​လာ​လေ​ပြီ။ သူ​သည်​ယု​ဒ​ပြည်​ကို​ဖျက်​ဆီး​ရန်​ထွက်​ခွာ​လာ လေ​ပြီ။ ယု​ဒ​မြို့​တို့​သည်​ယို​ယွင်း​ပျက်​စီး​လျက် လူ​သူ​ဆိတ်​ငြိမ်​ရာ​ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။

Garrad Bible

လူ မျိုး များ ကို တိုက် ဖျက် မည့် မင်း သည် ခြင်္သေ့ သ ဖွယ် နေ ရာ ရင်း ပိတ် ပေါင်း မှ ထွက် ချီ ၍ လာ ပြီ တ ကား။ သင့် နေ ပြည် ကို ဆိတ် ညံ ရာ၊ မြို့ ရွာ များ ကို နေ သူ မဲ့ ဖုန်း ဆိုး ကုန်း ဖြစ် စေ မည် ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ခြင်္သေ့​သည် မိ​မိ​နေ​ရာ​ခြုံ​ထဲ​က ထွက်​လာ​ပြီ။ တိုင်း​နိုင်​ငံ​တို့​ကို ဖျက်​ဆီး​သော​သူ​သည် လမ်း၌​လာ​ဆဲ​ရှိ၏။ သင်၏​ပြည်​ကို လူ​ဆိတ်​ညံ​ရာ​အ​ရပ် ဖြစ်​စေ​ခြင်း​ငှာ၊ သူ​သည် မိ​မိ​နေ​ရာ​မှ ထွက်​လာ​သည်​ဖြစ်၍၊ သင်၏​မြို့​တို့​သည် လူ​မ​နေ​နိုင်​အောင်​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။



ယေ​ရ​မိ 4:7
33 ပူးပေါင်းရင်းမြစ်များ  

ယောယကိမ်​မင်းကြီး​လက်ထက်​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး ချီလာ​၍​တိုက်ခိုက်​သဖြင့် ယောယကိမ်​မင်းကြီး​သည် သူ့​လက်အောက်ခံ​အဖြစ် သုံး​နှစ်​နေ​ရ​၏​။ ထို့နောက် သူ့​ကို ပြန်လည်​ပုန်ကန်​ခဲ့​၏​။


ဇေဒကိ​မင်းကြီး နန်းစံ​ကိုး​နှစ်​၊ ဒသမ​လ​၊ ဆယ်​ရက်​နေ့​တွင် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် မိမိ​စစ်သည်​အပေါင်း​တို့​နှင့်တကွ ဂျေရုဆလင်​မြို့​သို့​စစ်ချီလာ​၍ မြို့ပြင်​၌​စခန်းချ​ကြ​၏​။ မြို့​ပတ်ပတ်လည်​၌ မြေကတုတ်​ကို​ဆောက်​ကြ​၏​။


သင်​တို့​ပြည်​သည် လူသူကင်းမဲ့​လေ​ပြီ​။ သင်​တို့​၏​မြို့​များ​ကို​လည်း မီး​လောင်​လေ​ပြီ​။ တစ်ပါးအမျိုးသား​တို့​သည် သင်​တို့​၏​မြေ​ကို သင်​တို့​ရှေ့​၌ ဝါးမျို​ကြ​ပြီ​။ တစ်ပါးအမျိုးသား​တို့​ဖျက်ဆီး​သဖြင့် လူသူကင်းမဲ့​လေ​ပြီ​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​အကယ်စင်စစ် အိမ်​များစွာ​တို့​သည် လူသူကင်းမဲ့​လိမ့်မည်​၊ ကြီးမား​ထည်ဝါ​သော​အိမ်​တို့​သည် နေထိုင်​သူ​ကင်းမဲ့​လိမ့်မည်​”​ဟူ၍ မိန့်​တော်မူ​သည်​ကို ငါ​ကြား​ရ​၏​။


ထိုအခါ ငါ​က “​အို ဘုရားရှင်​၊ မည်မျှ​ကြာ​ပါ​မည်နည်း​”​ဟု မေးလျှောက်​ရာ ကိုယ်တော်​က “​မြို့​တို့​သည်​ပျက်စီး​၍ နေထိုင်​သူ​မ​ရှိ​၊ အိမ်​တို့​တွင် လူ​မ​ရှိ​၊ တစ်ပြည်လုံး​သည် ပျက်စီး​၍ လူသူကင်းမဲ့​သည့်​တိုင်အောင်​၊


သူ့​ကို ခြင်္သေ့ပျို​တို့ ဟိန်းဟောက်​ကြ​ပြီ​၊ မာန်ဖီ​ကြ​ပြီ​။ သူ​၏​ပြည်​ကို လူသူကင်းမဲ့​ရာ​ဖြစ်စေ​ကြ​ပြီ​။ သူ​၏​မြို့​တို့​သည် ဖျက်ဆီး​ခြင်း​ခံရ​၍ နေထိုင်​သူ​မ​ရှိ​တော့​ပြီ​။


ယုဒ​ဘုရင်​၏​နန်းတော်​နှင့်​ပတ်သက်၍ ထာဝရဘုရား​က “​သင်​သည် ဂိလဒ်​ပြည်​ကဲ့သို့​၊ လက်ဘနွန်​တောင်ထိပ်​ကဲ့သို့ ဖြစ်​သော်လည်း ငါ​သည် သင့်​ကို တောကန္တာရ​ကဲ့သို့​၊ လူ​မ​နေ​သော​မြို့​ကဲ့သို့ ဖြစ်​စေ​မည်​။


လက်နက်​ကိုယ်စီ​ပါ​သော အဖျက်သမား​များ​ကို သင့်​ထံသို့ ငါ​စေလွှတ်​မည်​။ သူ​တို့​သည် သင်​တို့​၏​အကောင်းဆုံး​သစ်ကတိုးပင်​များ​ကို ခုတ်လှဲ​၍ မီး​ထဲသို့ ပစ်ချ​ကြ​လိမ့်မည်​။


ခြင်္သေ့ပျို​သည် ပုန်းအောင်း​ရာ​နေရာ​ကို​စွန့်ခွာ​သကဲ့သို့ ထာဝရဘုရား​သည် သူ​တို့​၏​ပြည်​ကို​စွန့်ခွာ​တော်မူ​ပြီ​။ သူ​တို့​၏​ပြည်​သည် နိုင်ထက်စီးနင်း​ပြု​သော​သူ​နှင့် ပြင်းထန်​သော​အမျက်​တော်​ဒဏ်​ကြောင့် လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​လေ​ပြီ”​ဟု မိန့်​တော်မူ​၏​။


ကြည့်ရှု​လော့​။ မြောက်အရပ်​မှ လူမျိုး​အပေါင်း​တို့​နှင့်တကွ ငါ့​အစေအပါး ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​ကို ဆင့်ခေါ်​ပြီး ဤ​ပြည်​နှင့်​ပြည်သူပြည်သား​များ​မှစ၍ ပတ်ပတ်လည်​ရှိ​တိုင်းနိုင်ငံ​အားလုံး​ကို ဝင်ရောက်​တိုက်ခိုက်​ရန် ငါ​စေလွှတ်​မည်​။ ငါ​သည် သူ​တို့​ကို လုံးလုံး​ဖျက်ဆီး​မည်​။ ထိတ်လန့်စရာ​၊ ကဲ့ရဲ့ပြစ်တင်စရာ​၊ ထာဝရ​ပျက်စီး​ရာ ဖြစ်​စေ​မည်’​ဟု မိန့်​တော်မူ​၏​။


‘​ဤ​အိမ်​တော်​သည် ရှိလော​အရပ်​ကဲ့သို့ ဖြစ်​လိမ့်မည်​။ ဤ​မြို့​သည် နေထိုင်​သော​သူ​မ​ရှိ​ဘဲ တိတ်ဆိတ်​ခြောက်ကပ်​လိမ့်မည်​’​ဟု ထာဝရဘုရား​၏​နာမ​တော်​ဖြင့် အဘယ်ကြောင့် ပရောဖက်ပြု​ဟောပြော​ရ​သနည်း​”​ဟု ဆို​ပြီးလျှင် လူ​တို့​သည် ထာဝရဘုရား​အိမ်​တော်​၌ ယေရမိ​ထံ ဝိုင်းအုံ​လာ​ကြ​၏​။


တစ်ဖန် ထာဝရဘုရား​က ‘ဤ​လူမျိုး​၊ ဤ​နိုင်ငံ​သည် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ကို အစေ​မ​ခံ​၊ ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို မ​ထမ်း​လျှင် ဤ​လူမျိုး​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် ငါ​ဒဏ်ခတ်​မည်​။ ထို​ဘုရင်​၏​လက်​ဖြင့် ရှင်းရှင်း​ဖျက်ဆီး​ပစ်​မည်​။


ထာဝရဘုရား​က ‘​ဤ​အရပ်​တွင် လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ​၊ ဆိတ်ညံ​ရာ​ဖြစ်​လေ​ပြီ​ဟု သင်​တို့​ပြောဆို​ကြ​သော လူ​မ​ရှိ​၊ တိရစ္ဆာန်​မ​ရှိ​၊ နေထိုင်​သူ​မ​ရှိ ဆိတ်ညံ​သော​ယုဒ​မြို့​များ​နှင့် ဂျေရုဆလင်​မြို့​လမ်း​များ​ပေါ်တွင်


ထာဝရဘုရား​က ‘အကယ်စင်စစ် ငါ​သည် ရန်သူ​တို့​ကို​အမိန့်ပေး​၍ ဤ​မြို့​သို့ ပြန်လာ​စေ​မည်​။ သူ​တို့​သည် ဤ​မြို့​ကို တိုက်ခိုက်​သိမ်းပိုက်​၍ မီး​ရှို့​ကြ​လိမ့်မည်​။ ငါ​သည် ယုဒ​မြို့ရွာ​တို့​ကို နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ​အရပ်​ဖြစ်​စေ​မည်’​ဟူ၍ မိန့်​တော်မူ​သည်”​ဟု မိန့်ဆို​၏​။


မြင်းသည်တော်​၊ လေးသည်တော်​တို့​၏​အသံ​ကြောင့် မြို့သား​အားလုံး ထွက်ပြေး​ကြ​၏​။ သူ​တို့​သည် တောနက်​ထဲသို့​ဝင်​၍ ကျောက်ဆောင်​များ​ပေါ်သို့​တက်​ကြ​၏​။ မြို့​ရှိသမျှ​တို့​သည် စွန့်ပစ်​ခြင်း​ကို​ခံရ​၍ နေထိုင်​သူ​တစ်ယောက်​မျှ​မ​ရှိ​ပေ​။


“​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဂျေရုဆလင်​မြို့​မှစ၍ ယုဒ​မြို့ရွာ​အားလုံး​အပေါ် ငါ​ကျရောက်​စေ​သည့် ဘေးအန္တရာယ်​အလုံးစုံ​ကို သင်​တို့​တွေ့မြင်​ခဲ့​ကြ​ပြီ​။ ယခု ထို​မြို့ရွာ​တို့​သည် ပြိုပျက်​ရာ​ဖြစ်​၍ နေထိုင်​သူ​ပင် မ​ရှိ​တော့​ပေ​။


ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​ဟူသည့် နာမ​တော်​ရှိ​သော​ရှင်ဘုရင်​က “​အကယ်စင်စစ် ငါ​အသက်ရှင်​သည်​နှင့်အညီ တောင်​များ​တွင် တာဗော်​တောင်​ကဲ့သို့​၊ ပင်လယ်​ကမ်းနား​တွင် ကရမေလ​တောင်​ကဲ့သို့ ထင်ပေါ်​သော​သူ​တစ်​ဦး ရောက်လာ​မည်​”​ဟု မိန့်​တော်မူ​၏​။


ကြည့်ရှု​လော့​။ ဂျော်ဒန်​တောအုပ်​မှ စိမ်းလန်း​သော​စားကျက်မြေ​သို့ ခြင်္သေ့​တက်လာ​သောအခါ သားကောင်​တို့​ထွက်ပြေး​ရ​သကဲ့သို့ ထို​ပြည်သား​တို့​ကို ထို​ပြည်​မှ ငါ​ရုတ်ချည်း​ထွက်ပြေး​စေ​မည်​။ ငါ​ရွေးချယ်​သော​သူ​ကို ထို​ပြည်​၌ ငါ​ခန့်ထား​မည်​။ မည်သူ​သည် ငါ​နှင့်​တူ​သနည်း​။ မည်သူ​သည် ငါ့​ကို​စိန်ခေါ်​ဝံ့​သနည်း​။ မည်သည့်​သိုးထိန်း​သည် ငါ့​ကို​ဆန့်ကျင်​ပြီး ရပ်တည်​နိုင်​သနည်း​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် တော​ထဲမှ​ခြင်္သေ့​သည် သူ​တို့​ကို တိုက်ခိုက်​လိမ့်မည်​။ သဲကန္တာရ​မှ​ဝံပုလွေ​သည် သူ​တို့​ကို​ဖျက်ဆီး​လိမ့်မည်​။ ကျားသစ်​သည် သူ​တို့​၏​မြို့​များ​ကို ချောင်းမြောင်း​လိမ့်မည်​။ မြို့​ထဲမှ​ထွက်လာ​သော​သူ​အပေါင်း​တို့​သည် တစ်စစီကိုက်ဖြတ်​ခြင်း​ခံရ​လိမ့်မည်​။ အကြောင်းမူကား သူ​တို့​ကျူးလွန်​သော​အပြစ်​သည် များပြား​၏​။ သူ​တို့​၏​ဖောက်ပြန်သွေဖည်မှု​သည် မရေမတွက်​နိုင်​။


အစ္စရေး​လူမျိုး​သည် ခြင်္သေ့​တို့​အလိုက်​ခံရ​၍ တကွဲတပြား​ဖြစ်​နေ​သော​သိုး​ကဲ့သို့​ဖြစ်​၏​။ ဦးစွာ အဆီးရီးယား​ဘုရင်​သည် ကိုက်စား​၏​။ နောက်ဆုံး​မှာ ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​သည် သူ့​အရိုး​တို့​ကို ဝါးမျို​လေ​၏​။


ကြည့်ရှု​လော့​။ ရန်သူ​သည် ခြင်္သေ့​ကဲ့သို့ ဂျော်ဒန်​တောအုပ်​မှ စိမ်းလန်း​သော​စားကျက်မြေ​သို့​တက်လာ​သောအခါ ထို​ပြည်သား​တို့​ကို ထို​ပြည်​မှ ငါ​ရုတ်ချည်း​ထွက်ပြေး​စေ​မည်​။ ငါ​ရွေးချယ်​သော​သူ​ကို ထို​ပြည်​၌ ငါ​ခန့်ထား​မည်​။ မည်သူ​သည် ငါ​နှင့်​တူ​သနည်း​။ မည်သူ​သည် ငါ့​ကို​စိန်ခေါ်​ဝံ့​သနည်း​။ မည်သည့်​သိုးထိန်း​သည် ငါ့​ကို​ဆန့်ကျင်​ပြီး ရပ်တည်​နိုင်​သနည်း​”​ဟု မိန့်​တော်မူ​၏​။


ဒန်​ပြည်​မှ မြင်း​နှာမှုတ်သံ​ကို​ကြား​ရ​၏​။ စစ်မြင်း​တို့​၏​ဟီ​သံ​ကြောင့် တစ်ပြည်လုံး​တုန်ခါ​လေ​၏​။ ရန်သူ​တို့​သည် ရောက်လာ​၍ ပြည်​နှင့်​ပြည်​ထဲရှိ​အရာ​အားလုံး​တို့​ကို​လည်းကောင်း​၊ မြို့​နှင့်​မြို့သူမြို့သား​တို့​ကို​လည်းကောင်း ဝါးမျို​လေ​ပြီ​။


“ငါ​သည် ဂျေရုဆလင်​မြို့​ကို ကျောက်ပုံ​ဖြစ်​စေ​မည်​၊ ခွေးအ​တို့​ခိုအောင်း​ရာ ဖြစ်စေ​မည်​။ ယုဒ​မြို့​များ​ကို နေထိုင်​သူ​မ​ရှိ​၊ လူသူကင်းမဲ့​ရာ​အရပ် ဖြစ်​စေ​မည်​။”


လူ​နေရာ​မြို့​တို့​သည် တိတ်ဆိတ်​သွား​လိမ့်မည်​။ ပြည်​သည် လူသူကင်းမဲ့​သွား​လိမ့်မည်​။ ထိုအခါ ငါ​သည် ထာဝရဘုရား​ဖြစ်ကြောင်း သင်​တို့​သိ​ကြ​မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။


ငါ့​အမျက်​ကို သင့်​အပေါ်​သွန်ချ​မည်​။ ဒေါသ​မီး​ဖြင့် မှုတ်ထုတ်​ပစ်​မည်​။ သင့်​ကို ရက်စက်ကြမ်းကြုတ်​သော အဖျက်သမား​တို့​လက်​သို့​အပ်​မည်​။


“​အချင်း​လူသား​၊ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​အတွက် ငိုကြွေးမြည်တမ်း​လျက် ‘​သင်​သည် လူမျိုးတကာ​တို့​တွင် ခြင်္သေ့ပျို​နှင့်​တူ​၏​။ မြစ်ချောင်း​တို့​တွင် ကူးခတ်​သွားလာ​ပြီး ထို​မြစ်ချောင်း​တို့​ကို ခြေ​ဖြင့်​မွှေနှောက်​ကာ နောက်ကျိ​စေ​သော ပင်လယ်​မြွေနဂါး​နှင့်​တူ​၏’​ဟု သူ့​အား ဆင့်ဆို​လော့​။


ထိုသို့ ဘုန်းတန်ခိုး​ကို ပေး​တော်မူ​သောကြောင့် နိုင်ငံ​အသီးသီး​မှ ဘာသာစကား​အမျိုးမျိုး​ပြောဆို​သော​လူမျိုး​အပေါင်း​တို့​သည် သူ​၏​ရှေ့​တွင် ကြောက်ရွံ့​တုန်လှုပ်​ကြ​ရ​ပါ​၏​။ သူ​သည် သတ်​လို​သော​သူ​ကို သတ်​၍ အသက်ချမ်းသာ​ပေး​လို​သော​သူ​ကို ပေး​ပါ​၏​။ ချီးမြှောက်​လို​သော​သူ​ကို ချီးမြှောက်​၍ နှိမ့်ချ​လို​သော​သူ​ကို နှိမ့်ချ​ပါ​၏​။


ပထမ​သားရဲ​သည် ခြင်္သေ့​နှင့်​တူ​၍ လင်းယုန်​အတောင်​ပါရှိ​၏​။ ငါ​ကြည့်​နေ​စဉ် အတောင်ပံ​တို့​သည် နုတ်ပစ်​ခြင်း​ခံရ​၏​။ မြေ​ပေါ်မှ ထူမ​လိုက်​သောအခါ လူ​ကဲ့သို့​ခြေ​နှစ်​ချောင်း​ဖြင့် ရပ်​၏​။ သူ့​အား လူ့​စိတ်​ကို သွင်းပေး​ထား​၏​။


ငါ​သည် သင်​တို့​၏​မြို့​များ​ကို ပြိုပျက်​စေ​၍ သင်​တို့​၏​သန့်ရှင်းရာဌာန​ကို လူသူကင်းမဲ့​စေ​မည်​။ သင်​တို့​၏​မွှေးကြိုင်​သော​ရနံ့​ကို​လည်း ငါ​ခံယူ​မည်​မ​ဟုတ်​။


ငါ​သည် သင်​တို့​ကို လူမျိုးခြား​တို့​ထဲတွင် ကွဲလွင့်​စေ​မည်​။ ဓား​ကို​ထုတ်​၍ သင်​တို့​နောက်​ကို​လိုက်​မည်​။ သင်​တို့​၏​ပြည်​သည် လူသူကင်းမဲ့​၍ သင်​တို့​၏​မြို့​တို့​သည် ပြိုပျက်​လိမ့်မည်​။