ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး နန်းစံတစ်ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌ ဘေဘီလုံဘုရင်၏အမှုထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဂျေရုဆလင်မြို့သို့ရောက်လာ၏။
ယေရမိ 39:8 - မြန်မာ့စံမီသမ္မာကျမ်း ခါလဒဲစစ်သည်တို့သည် ဘုရင့်နန်းတော်နှင့် လူနေအိမ်တို့ကိုမီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကိုလည်း ဖြိုဖျက်ကြ၏။ Common Language Bible ဤအတောအတွင်း၌ဗာဗုလုန်အမျိုး သားတို့သည် ဘုရင့်နန်းတော်နှင့်ပြည်သူ တို့၏အိမ်များကိုမီးရှို့ကာယေရုရှလင် မြို့ရိုးတို့ကိုဖြိုချကြ၏။- Garrad Bible ခါ လ ဒဲ တပ် သား တို့ လည်း နန်း တော် မှ စ သော မြို့ သူ မြို့ သား တို့၏ အိမ် များ ကို မီး တိုက်၍၊ ယေ ရု ရှ လင် မြို့ ရိုး ကို ဖြို ဖျက် ကြ ပြီး နောက်၊ Judson Bible ခါလဒဲလူတို့သည်လည်း၊ နန်းတော်နှင့် ဆင်းရဲသားအိမ်တို့ကို မီးရှို့၍၊ မြို့ရိုးကို ဖြိုဖျက်ကြ၏။ |
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး နန်းစံတစ်ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌ ဘေဘီလုံဘုရင်၏အမှုထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဂျေရုဆလင်မြို့သို့ရောက်လာ၏။
သူတို့သည် ဘုရားသခင်၏အိမ်တော်ကို မီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကို ဖြိုချပစ်၏။ နန်းတော်တစ်ခုလုံးကိုလည်း မီးရှို့ပြီး အဖိုးတန်အသုံးအဆောင်အားလုံးကိုလည်း ဖျက်ဆီးပစ်ကြ၏။
သူတို့က “သုံ့ပန်းဘဝမှလွတ်မြောက်ကြွင်းကျန်သူတို့သည် နေရင်းပြည်တွင် ဆင်းရဲဒုက္ခကြီးစွာရောက်ပြီး ကဲ့ရဲ့ရှုတ်ချခြင်းကို ခံနေရပါ၏။ ဂျေရုဆလင်မြို့ရိုးလည်း ဖြိုဖျက်ခြင်းခံရပါပြီ၊ မြို့တံခါးများလည်း မီးလောင်ကျွမ်းသွားပါပြီ”ဟု ပြောပြကြ၏။
အကြောင်းမူကား သူတို့သည် ယာကုပ်အမျိုးကိုဝါးမျို၍ သူ၏မှီတင်းနေထိုင်ရာအရပ်ကို ဖျက်ဆီးကြပါပြီ။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အကယ်စင်စစ် အိမ်များစွာတို့သည် လူသူကင်းမဲ့လိမ့်မည်၊ ကြီးမားထည်ဝါသောအိမ်တို့သည် နေထိုင်သူကင်းမဲ့လိမ့်မည်”ဟူ၍ မိန့်တော်မူသည်ကို ငါကြားရ၏။
သင်တို့သည် ဥပုသ်နေ့၌ ဂျေရုဆလင်မြို့တံခါးကိုဖြတ်၍ ဝန်ထုပ်ကိုမသယ်ဆောင်ရ။ ဥပုသ်နေ့ကိုသန့်ရှင်းအောင်စောင့်ထိန်းရမည်ဟူသော ငါ့စကားကို နားမထောင်လျှင် ငါသည် မြို့တံခါးကိုမီးရှို့၍ ဂျေရုဆလင်မြို့၏ခံတပ်များကို လောင်ကျွမ်းစေမည်။ ထိုမီးသည် ငြိမ်းလိမ့်မည်မဟုတ်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
အကြောင်းမူကား ဤမြို့ကို အကောင်းမဟုတ် အဆိုးအတွက် ငါထားထား၏။ ဘေဘီလုံဘုရင်လက်သို့အပ်သဖြင့် သူသည် မီးရှို့ပစ်လိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။
ဤမြို့ကိုတိုက်ခိုက်လာသော ခါလဒဲစစ်သည်တို့သည် မြို့ထဲသို့ဝင်ရောက်မီးရှို့ကြလိမ့်မည်။ ခေါင်မိုးပြင်ပေါ်တွင် ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်၍ အခြားဘုရားတို့အား သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့် ငါ့အမျက်ကို နှိုးဆော်သောသူတို့၏အိမ်အားလုံး မီးလောင်သွားလိမ့်မည်။
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက သင်သည် ယုဒဘုရင်ဇေဒကိထံသို့သွား၍ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် ဤမြို့ကို ဘေဘီလုံဘုရင်လက်သို့အပ်မည်။ သူသည် ဤမြို့ကို မီးရှို့လိမ့်မည်။
ထာဝရဘုရားက ‘အကယ်စင်စစ် ငါသည် ရန်သူတို့ကိုအမိန့်ပေး၍ ဤမြို့သို့ ပြန်လာစေမည်။ သူတို့သည် ဤမြို့ကို တိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ကြလိမ့်မည်။ ငါသည် ယုဒမြို့ရွာတို့ကို နေထိုင်သူမရှိ၊ လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
သင်တို့ကိုတိုက်ခိုက်လာသော ခါလဒဲတပ်တစ်တပ်လုံးကို သင်တို့အနိုင်ရလျှင်ပင် ကျန်ခဲ့သောဒဏ်ရာရသောသူတို့သည် ကိုယ့်တဲမှထလာပြီး ဤမြို့ကို မီးရှို့ကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ဘေဘီလုံဘုရင်၏မှူးမတ်တို့ထံ သွား၍အညံ့မခံလျှင် ဤမြို့သည် ခါလဒဲလူမျိုးတို့လက်သို့ ကျရောက်လိမ့်မည်။ သူတို့သည်လည်း ဤမြို့ကို မီးရှို့ကြလိမ့်မည်။ သင်သည်လည်း သူတို့လက်မှ လွတ်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု လျှောက်ဆိုလေ၏။
“စပျစ်စိုက်ခင်းသို့သွား၍ ဖျက်ဆီးကြလော့။ သို့သော်လည်း အကုန်အစင်မဖျက်ဆီးနှင့်။ အခက်အလက်များသည် ထာဝရဘုရားနှင့် မဆိုင်သောကြောင့် ဖယ်ပစ်လော့။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ့အမျက်ဒေါသသည် ဤအရပ်နှင့်တကွ လူ၊ တိရစ္ဆာန်၊ ကွင်းပြင်ရှိသစ်ပင်၊ မြေအသီးအနှံတို့အပေါ် သွန်ချမည်။ ငါ၏ဒေါသသည် မငြိမ်းဘဲတောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
ရန်သူတို့သည် သူ၏အဖိုးတန်ပစ္စည်းအားလုံးကို လက်ဝါးကြီးအုပ်လေပြီ။ လူမျိုးခြားတို့သည် ကိုယ်တော်၏လူအစုအဝေးထဲသို့မဝင်ရဟု ကိုယ်တော်မိန့်မှာတော်မူခဲ့သော်လည်း သန့်ရှင်းရာဌာနတော်အထိပင် သူတို့ဝင်ရောက်ကြသည်ကို သူတွေ့မြင်ရလေပြီ။
ဘုရားရှင်သည် ယာကုပ်အမျိုး၏နေရာရှိသမျှကို မညှာမတာဝါးမျိုတော်မူပြီ။ ယုဒသမီးပျို၏ခံတပ်များကို အမျက်တော်ဖြင့် ဖြိုဖျက်တော်မူပြီ။ မြေတိုင်အောင် ရောက်စေတော်မူပြီ။ နိုင်ငံနှင့်အကြီးအကဲတို့ကိုလည်း ရှုတ်ချတော်မူပြီ။
ဘုရားရှင်သည် ယဇ်ပလ္လင်ကိုစွန့်ပယ်တော်မူပြီ။ သန့်ရှင်းရာဌာနကို စက်ဆုပ်တော်မူပြီ။ နန်းတော်တံတိုင်းတို့ကိုလည်း ရန်သူ့လက်သို့ အပ်လိုက်တော်မူပြီ။ ရန်သူတို့သည် ပွဲတော်နေ့ကဲ့သို့ပင် ထာဝရဘုရား၏အိမ်တော်၌ ကြွေးကြော်ကြလေပြီ။
သင့်အိမ်ကို မီးရှို့ပစ်မည်။ မိန်းမအများရှေ့တွင် ဒဏ်ခတ်မည်။ ဤသို့ဖြင့် သင်အဖိုးအခပေးပြီး ဖောက်ပြန်မှားယွင်းသောအမှုပြုခြင်းမှ ငါရပ်တန့်စေမည်။
လူအလုံးအရင်းတို့သည် သူတို့ကို ကျောက်ခဲနှင့် ပေါက်သတ်ကြလိမ့်မည်၊ ဓားဖြင့် ခုတ်သတ်လိမ့်မည်။ သူတို့၏သားသမီးများကိုလည်း သတ်၍ အိမ်များကိုလည်း မီးရှို့ပစ်လိမ့်မည်။
ငါတို့ဖမ်းခေါ်သွားခြင်းခံရပြီး တစ်ဆယ့်နှစ်နှစ်မြောက်၊ ဒသမလ၊ ငါးရက်နေ့တွင် ဂျေရုဆလင်မြို့မှ ထွတ်ပြေးလွတ်မြောက်လာသူတစ်ဦး ငါ့ထံသို့ရောက်လာ၍ “မြို့တော်ကြီးတိုက်ခိုက်ခံရလေပြီ”ဟု ကြားပြောလေ၏။
ထို့ကြောင့် ငါသည် ယုဒပြည်အပေါ် မီးကိုလွှတ်၍ ဂျေရုဆလင်ခံတပ်တို့ကိုပါ လောင်ကျွမ်းစေမည်”ဟု မိန့်တော်မူ၏။
သို့ဖြစ်၍ သင်တို့ကြောင့် ဇိအုန်မြို့သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကို ခံရမည်။ ဂျေရုဆလင်မြို့သည်လည်း အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရှိရာတောင်သည်လည်း တောအုပ်ဖြစ်လိမ့်မည်။