ယေဇကျေလ 23:47 - မြန်မာ့စံမီသမ္မာကျမ်း47 လူအလုံးအရင်းတို့သည် သူတို့ကို ကျောက်ခဲနှင့် ပေါက်သတ်ကြလိမ့်မည်၊ ဓားဖြင့် ခုတ်သတ်လိမ့်မည်။ သူတို့၏သားသမီးများကိုလည်း သတ်၍ အိမ်များကိုလည်း မီးရှို့ပစ်လိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible47 သူတို့အားခဲနှင့်ပေါက်၍ဋ္ဌားနှင့်ခုတ်လော့။ သူ တို့၏သားသမီးတို့ကိုသတ်၍အိမ်များကိုမီး ရှို့စေလော့။- အခန်းကိုကြည့်ပါ။Garrad Bible47 ခဲ ပစ် ဒဏ်၊ ဓား ခုတ် ဒဏ်၊ သား သ မီး တို့ ပါ ကွပ် မျက် ဒဏ်၊ တိုက် အိမ် မီး ရှို့ ဒဏ် များ ကို၊ ပ ရိ သတ် ခတ် ခြင်း ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible47 ထိုအလုံးအရင်းသည် မိန်းမတို့ကို ခဲနှင့်ပစ်၍၊ ဓားနှင့်ခုတ်ကြလိမ့်မည်။ သားသမီးတို့ကိုသတ်၍ အိမ်တို့ကိုလည်း မီးရှို့ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သဝန်တိုသောစိတ်ကြောင့် သင့်ကိုငါအမျက်ထွက်သည်ဖြစ်၍ သူတို့သည် အမျက်ပြင်းစွာဖြင့် သင့်ကိုစီရင်လိမ့်မည်။ သင့်နှာခေါင်း၊ နားရွက်တို့ကို ဖြတ်ပစ်လိမ့်မည်။ ကြွင်းကျန်သောသူတို့သည် ဓားဘေးဖြင့် သေဆုံးရလိမ့်မည်။ သင့်သားသမီးတို့ကို ဖမ်းခေါ်သွားလိမ့်မည်။ ကြွင်းကျန်သောသူတို့သည် မီးရှို့ခံရမည်။
ဤမြို့ကိုတိုက်ခိုက်လာသော ခါလဒဲစစ်သည်တို့သည် မြို့ထဲသို့ဝင်ရောက်မီးရှို့ကြလိမ့်မည်။ ခေါင်မိုးပြင်ပေါ်တွင် ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်၍ အခြားဘုရားတို့အား သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့် ငါ့အမျက်ကို နှိုးဆော်သောသူတို့၏အိမ်အားလုံး မီးလောင်သွားလိမ့်မည်။