သူတို့သည် ဘုရားသခင်ကို ယုံကြည်ကိုးစားသဖြင့် စစ်တိုက်သောအခါ ဘုရားသခင်ထံအော်ဟစ်ဆုတောင်းလေ့ရှိ၏။ ဘုရားသခင်သည်လည်း သူတို့အသံကို နားညောင်းတော်မူ၍ ဟာဂရိလူမျိုးနှင့်အပေါင်းပါအားလုံးကို သူတို့လက်သို့အပ်တော်မူ၏။
ယေရမိ 39:18 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် ငါ့ကို ယုံကြည်ကိုးစားသောကြောင့် အကယ်စင်စစ် သင့်ကို ငါလွတ်မြောက်စေမည်။ သင်သည် ဓားဘေးဖြင့် မကျဆုံးရ။ သင့်အသက်ကို တိုက်ယူသောပစ္စည်းကဲ့သို့ဖြစ်စေမည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။ Common Language Bible ငါသည်သင့်ကိုဘေးမဲ့လုံခြုံစွာထားမည် ဖြစ်သဖြင့် သင်သည်အသတ်ခံရလိမ့်မည် မဟုတ်။ သင်သည်ငါ့ကိုယုံကြည်ကိုးစား သောကြောင့်အသက်ချမ်းသာရာရလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏' ဟုမိန့်တော်မူကြောင်းဆင့် ဆိုလော့'' ဟုမှာကြားတော်မူ၏။ Garrad Bible သင် သည် ငါ့ ကို အား ထား သည့် အ တွက် ဓား လက် နက် ဖြင့် မ ကျ ဆုံး ဘဲ ငါ မု ချ လွတ် မြောက် စေ လျက်၊ အ သက် ဆု ပေး မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို လော့ ဟူ ၍ တည်း။ Judson Bible ငါသည် သင့်ကို စင်စစ်ကယ်နုတ်မည်။ သင်သည် ဓားဖြင့်မဆုံးရ။ လက်ရဥစ္စာကဲ့သို့ ကိုယ်အသက်ကို ရလိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ကိုကိုးစားသောကြောင့်တည်းဟု ထာဝရဘုရား မိန့်တော်မူ၏။ |
သူတို့သည် ဘုရားသခင်ကို ယုံကြည်ကိုးစားသဖြင့် စစ်တိုက်သောအခါ ဘုရားသခင်ထံအော်ဟစ်ဆုတောင်းလေ့ရှိ၏။ ဘုရားသခင်သည်လည်း သူတို့အသံကို နားညောင်းတော်မူ၍ ဟာဂရိလူမျိုးနှင့်အပေါင်းပါအားလုံးကို သူတို့လက်သို့အပ်တော်မူ၏။
ငတ်မွတ်ခေါင်းပါးသောအခါ သေဘေးမှလည်းကောင်း၊ စစ်တိုက်သောအခါ ဓားလက်နက်ဘေးမှလည်းကောင်း သင့်ကို ကယ်နုတ်တော်မူလိမ့်မည်။
ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူများနှင့် မိမိ၏မေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူများကို နှစ်သက်တော်မူ၏။
သားတော်ကိုနမ်းကြလော့။ သို့မဟုတ်လျှင် အမျက်တော်ထွက်သဖြင့် သင်တို့သည် လမ်း၌ပျက်စီးကြရလိမ့်မည်။ အကြောင်းမူကား ကိုယ်တော်၏အမျက်တော်မီးသည် တစ်ခဏချင်းတွင်တောက်လောင်လိမ့်မည်။ ကိုယ်တော်ကိုခိုလှုံသောသူအပေါင်းတို့သည် မင်္ဂလာရှိကြ၏။
ကြည့်ရှုလော့။ ထာဝရဘုရားသည် မိမိကိုကြောက်ရွံ့သောသူတို့နှင့် မိမိမေတ္တာကရုဏာတော်ကို မျှော်လင့်ကိုးစားသောသူတို့၏စိတ်ဝိညာဉ်ကို ကြည့်ရှုတော်မူ၏။
ထာဝရဘုရားသည် မိမိအစေအပါးတို့၏ စိတ်ဝိညာဉ်ကို ရွေးနုတ်ကယ်တင်တော်မူသည်ဖြစ်၍ ကိုယ်တော်ကိုခိုလှုံသောသူတစ်စုံတစ်ဦးမျှ ပြစ်ဒဏ်စီရင်ခြင်းခံရလိမ့်မည်မဟုတ်။
ထာဝရဘုရားကိုယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုလော့။ ပြည်တော်၌နေထိုင်၍ သစ္စာတရား၌ကျက်စားလော့။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ ကိုယ်တော်ကို ယုံကြည်ကိုးစားသောသူသည် မင်္ဂလာရှိပါ၏။
သင်၏အနီးတွင် လူတစ်ထောင်၊ သင်၏လက်ယာဘက်တွင် လူတစ်သောင်း လဲကျသော်လည်း ထိုဘေးတို့သည် သင့်ထံသို့ ရောက်လာမည်မဟုတ်။
စိတ်နှလုံးတည်ကြည်သောသူသည် ကိုယ်တော်ကိုယုံကြည်ကိုးစားသောကြောင့် ကိုယ်တော်သည် သူ့ကိုစောင့်ရှောက်၍ ငြိမ်သက်ခြင်းအတိ ရှိစေတော်မူမည်။
မြို့တွင်း၌ နေရစ်သောသူသည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေရလိမ့်မည်။ သင်တို့ကိုဝိုင်းထားသောခါလဒဲတပ်ထံ ဝင်ရောက်ခိုလှုံသောသူမူကား သူ၏အသက်သည် တိုက်ယူသောပစ္စည်းကဲ့သို့ဖြစ်၍ အသက်ချမ်းသာရာရမည်။
ထာဝရဘုရားမိန့်တော်မူသည်မှာ “ဤမြို့တွင် နေထိုင်သောသူတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေရလိမ့်မည်။ ခါလဒဲလူမျိုးတို့ဘက်သို့ လိုက်သွားသောသူတို့မူကား သူတို့၏အသက်သည် တိုက်ယူသောပစ္စည်းကဲ့သို့ဖြစ်၍ အသက်ချမ်းသာရာရလိမ့်မည်။
ပညတ်တရားမပါဘဲ အပြစ်ပြုသောသူရှိသမျှသည် ပညတ်တရားမပါဘဲ ပျက်စီးကြလိမ့်မည်။ ပညတ်တရားအောက်၌ရှိလျက် အပြစ်ပြုသောသူရှိသမျှသည်လည်း ပညတ်တရားအားဖြင့် စီရင်ခြင်းခံရကြလိမ့်မည်။
ဤသည်ကား ခရစ်တော်၌ ဦးစွာမျှော်လင့်ထားသောငါတို့သည် ဘုရားသခင်၏ဘုန်းတော်ကို ချီးမွမ်းကြမည့်အကြောင်းတည်း။
ကိုယ်တော်အား သေသောသူတို့ထဲမှ ထမြောက်စေ၍ ဘုန်းအသရေပေးတော်မူသောဘုရားသခင်ကို ကိုယ်တော်အားဖြင့် သင်တို့ယုံကြည်ကြ၏။ သို့ဖြစ်၍ သင်တို့၏ယုံကြည်ခြင်းနှင့်မျှော်လင့်ခြင်းတို့သည် ဘုရားသခင်ထဲ၌တည်ရှိကြ၏။