ဆာလံ 34:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထာဝရဘုရားသည် မိမိအစေအပါးတို့၏ စိတ်ဝိညာဉ်ကို ရွေးနုတ်ကယ်တင်တော်မူသည်ဖြစ်၍ ကိုယ်တော်ကိုခိုလှုံသောသူတစ်စုံတစ်ဦးမျှ ပြစ်ဒဏ်စီရင်ခြင်းခံရလိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible22 ထာဝရဘုရားသည်မိမိ၏လူစုတော်အား ကယ်တော်မူလိမ့်မည်။ ကိုယ်တော်ထံတော်သို့ခိုလှုံရန်ချဉ်းကပ်သူတို့သည် အပြစ်ဒဏ်နှင့်ကင်းလွတ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible22 ထာ ဝ ရ ဘု ရား သည်၊ ကျွန် တော် ရင်း တို့ အ သက် ကို ရွေး နုတ် တော် မူ သည့် အ လျောက်၊ ခို လှုံ သူ တစ် ယောက် မျှ ပြစ် ဒဏ် ခံ ရ မည် မ ဟုတ်။ အခန်းကိုကြည့်ပါ။Judson Bible22 ထာဝရဘုရားသည် မိမိကျွန်တို့၏ အသက်ဝိညာဉ်ကို ရွေးနုတ်တော်မူသည်ဖြစ်၍၊ ကိုယ်တော်ကို ခိုလှုံသောသူ တစ်စုံတစ်ယောက်မျှ အပြစ်စီရင်ခြင်းကို မခံရ။ အခန်းကိုကြည့်ပါ။ |
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး
ဘေးအန္တရာယ်အပေါင်းမှ ငါ့ကိုရွေးနုတ်တော်မူသော ကောင်းကင်တမန်သည် ဤသူငယ်တို့ကိုကောင်းချီးပေးတော်မူပါစေသော။ သူတို့ကို ငါ၏အမည်ဖြင့်လည်းကောင်း၊ ငါ့ဘိုးဘအာဗြဟံနှင့်ဣဇက်တို့၏အမည်ဖြင့်လည်းကောင်း မှည့်ခေါ်ပါစေသော။ သူတို့သည် မြေကြီးပေါ်၌ အလွန်ပွားများကြပါစေသော”ဟု ဆိုလေ၏။