Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 39:18 - Common Language Bible

18 ငါ​သည်​သင့်​ကို​ဘေး​မဲ့​လုံ​ခြုံ​စွာ​ထား​မည် ဖြစ်​သ​ဖြင့် သင်​သည်​အ​သတ်​ခံ​ရ​လိမ့်​မည် မ​ဟုတ်။ သင်​သည်​ငါ့​ကို​ယုံ​ကြည်​ကိုး​စား သော​ကြောင့်​အ​သက်​ချမ်း​သာ​ရာ​ရ​လိမ့်​မည်။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏' ဟု​မိန့်​တော်​မူ​ကြောင်း​ဆင့် ဆို​လော့'' ဟု​မှာ​ကြား​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 သင် သည် ငါ့ ကို အား ထား သည့် အ တွက် ဓား လက် နက် ဖြင့် မ ကျ ဆုံး ဘဲ ငါ မု ချ လွတ် မြောက် စေ လျက်၊ အ သက် ဆု ပေး မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို လော့ ဟူ ၍ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 ငါ​သည် သင့်​ကို စင်​စစ်​ကယ်​နုတ်​မည်။ သင်​သည် ဓား​ဖြင့်​မ​ဆုံး​ရ။ လက်​ရ​ဥ​စ္စာ​ကဲ့​သို့ ကိုယ်​အ​သက်​ကို ရ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​သည် ငါ့​ကို​ကိုး​စား​သော​ကြောင့်​တည်း​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 သင်​သည် ငါ့​ကို ယုံကြည်ကိုးစား​သောကြောင့် အကယ်စင်စစ် သင့်​ကို ငါ​လွတ်မြောက်​စေ​မည်​။ သင်​သည် ဓားဘေး​ဖြင့် မ​ကျဆုံး​ရ​။ သင့်​အသက်​ကို တိုက်ယူ​သော​ပစ္စည်း​ကဲ့သို့​ဖြစ်​စေ​မည်​ဟု မိန့်​တော်မူ​၏’​ဟူ၍ ဆင့်ဆို​လော့”​ဟု မိန့်ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 39:18
19 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ခါ​သူ​တို့​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​ကိုး​စား​လျက် ကူ​မ​တော်​မူ​ရန် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​၏။ ဘု​ရား​သ​ခင် သည်​လည်း​နား​ညောင်း​တော်​မူ​သ​ဖြင့် သူ​တို့ သည်​ဟာ​ဂ​ရ​အ​မျိုး​သား​နှင့်​၎င်း​၏​မ​ဟာ မိတ်​တို့​ကို​အ​နိုင်​ရ​ကြ​၏။-


အစာခေါင်းပါးသောအခါ သေဘေးမှ၎င်း၊ စစ်တိုက်သောအခါ ထားဘေးမှ၎င်း၊ သင့်ကို ရွေးနှုတ် တော်မူလိမ့်မည်။


သို့​ရာ​တွင်​မိ​မိ​အား​ကြောက်​ရွံ့​ရို​သေ​သူ​များ၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သူ​များ ကို နှစ်​သက်​တော်​မူ​ပေ​သည်။


တုန်​လှုပ်​လျက်​ရှေ့​တော်​တွင်​ဦး​ညွှတ်​ပျပ်​ဝပ်​ကြ​လော့။ ယင်း​သို့​မ​ပြု​ပါ​မူ​ကိုယ်​တော်​သည် အ​မျက်​တော်​ထွက်​တော်​မူ​သ​ဖြင့် သင်​တို့​သည်​မု​ချ​သေ​ကြေ​ပျက်​စီး​ကြ​လိမ့်​မည်။ ကိုယ်​တော်​ထံ​တော်​သို့​ချဉ်း​ကပ်​ခို​လှုံ​သူ အ​ပေါင်း​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။


ဘု​ရား​သ​ခင်​သည်​မိ​မိ​အား​ကြောက်​ရွံ့ ရို​သေ​သော၊ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ကိုး​စား​သော​သူ များ​အား ကြည့်​ရှု​စောင့်​ထိန်း​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ကယ်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ထံ​တော်​သို့​ခို​လှုံ​ရန်​ချဉ်း​ကပ်​သူ​တို့​သည် အ​ပြစ်​ဒဏ်​နှင့်​ကင်း​လွတ်​ကြ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​လျက် အ​ကျင့်​ကောင်း​ကို​ပြု​ကျင့်​လော့။ ပြည်​တော်​တွင်​လုံ​ခြုံ​စွာ​နေ​လော့။


အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​ရှင်​ကို​ကိုး​စား​သူ​တို့​သည် အ​လွန်​မင်္ဂလာ​ရှိ​ပါ​သည်​တ​ကား။


သင်​၏​အ​နီး​တွင်​လူ​တစ်​ထောင်၊ သင်​၏​ပတ်​လည်​တွင်​လူ​တစ်​သောင်း ကျ​ဆုံး​သော်​လည်း​သင်​၌​အ​ထိ​အ​ခိုက် မ​ရှိ​ရ။


အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည် စိတ်​နှ​လုံး​တည်​ကြည်​၍ ကိုယ်​တော်​ရှင်​ကို​ယုံ​ကြည်​ကိုး​စား​ကြ​သူ​တို့ အား စစ်​မှန်​သော​ငြိမ်း​ချမ်း​သာ​ယာ​မှု​ကို​ပေး​တော် မူ​ပါ​၏။


ဤ​မြို့​တွင်​ရှိ​နေ​သူ​မှန်​သ​မျှ​သည်​စစ်​ပွဲ တွင်​ကျ​ဆုံး​ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ် အ​စာ​ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​ဖြင့် သော်​လည်း​ကောင်း၊ အ​နာ​ရော​ဂါ​ဘေး​ဖြင့် သော်​လည်း​ကောင်း​သေ​ရ​ကြ​လိမ့်​မည်။ သို့ ရာ​တွင်​မြို့​ပြင်​သို့​ထွက်​၍​ယ​ခု​ဝိုင်း​ရံ​တိုက် ခိုက်​လျက်​နေ​သော​ဗာ​ဗု​လုန်​ပြည်​သား​တို့ အား လက်​နက်​ချ​သူ​တို့​မူ​ကား​သေ​ရ​ကြ လိမ့်​မည်​မ​ဟုတ်။ ယုတ်​စွ​အ​ဆုံး​အ​သက် ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။-


ငါ​သည်​လူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့် တော်​ကို​ပြော​ကြား​သည်​မှာ``ဤ​မြို့​တွင်​ဆက် လက်​နေ​ထိုင်​သူ​တို့​သည်​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း ပါး​ခြင်း​ဘေး၊ အ​နာ​ရော​ဂါ​ဘေး​တို့​နှင့်​သေ​ရ ကြ​လိမ့်​မည်။ ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​ထံ​သွား ၍​လက်​နက်​ချ​သူ​တို့​သည်​သေ​ရ​ကြ​လိမ့်​မည် မ​ဟုတ်။ သူ​တို့​သည်​ယုတ်​စွ​အ​ဆုံး​အ​သက် ဘေး​မှ​ချမ်း​သာ​ရာ​ရ​လျက်​ကျန်​ရှိ​ကြ​လိမ့် မည်။-


လူ​မျိုး​ခြား​တို့​၌​မော​ရှေ​၏​ပ​ညတ်​တ​ရား မ​ရှိ။ သူ​တို့​အ​ပြစ်​ကူး​ကြ​သော​အ​ခါ​ဆုံး ပါး​ပျက်​စီး​ရ​ကြ​မည်​သာ​ဖြစ်​၏။ ပ​ညတ် တ​ရား​ရှိ​သော​ယု​ဒ​အ​မျိုး​သား​တို့​အ​ပြစ် ကူး​လွန်​သည့်​အ​ခါ သူ​တို့​သည်​ပ​ညတ်​တ​ရား ပြ​ဋ္ဌာန်း​သည့်​အ​ပြစ်​ဒဏ်​ကို​ခံ​ရ​ကြ​၏။-


သို့​ဖြစ်​၍​ခ​ရစ်​တော်​ကို​ဦး​စွာ​ပ​ထ​မ​မျှော် လင့်​ခဲ့​ကြ​သူ​ငါ​တို့​သည် ဘု​ရား​သ​ခင်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​ချီး​ကူး​ကြ​ကုန်​စို့။


ကိုယ်​တော်​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​၍ ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ သော​ဘု​ရား​သ​ခင်​ကို​ထို​အ​ရှင်​အား​ဖြင့် သင်​တို့​ယုံ​ကြည်​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု​လျက်​ယုံ ကြည်​ခြင်း​နှင့်​မျှော်​လင့်​ခြင်း​ရှိ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ