သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်သည်ဟု ပြောပါ။ ထိုသို့ပြောလျှင် သင့်အတွက်ကြောင့် ငါသည်ကောင်းစား၍ ငါ့အသက်သည်လည်း သင့်ကြောင့် ချမ်းသာရာရလိမ့်မည်”ဟု ဆို၏။
ယေရမိ 38:17 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရမိက ဇေဒကိမင်းကြီးအား “အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်သည် ဘေဘီလုံဘုရင်၏တပ်မှူးတို့ထံသွား၍ အညံ့ခံလျှင် သင်အသက်ချမ်းသာရာရမည်။ ဤမြို့သည်လည်း မီးရှို့ခံရမည်မဟုတ်။ သင်နှင့် သင်၏အိမ်သူအိမ်သားတို့ အသက်ချမ်းသာရာရကြလိမ့်မည်။ Common Language Bible ထိုအခါငါသည်ဇေဒကိမင်းအား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်အနန္တ တန်ခိုးရှင်ထာဝရဘုရားက `သင်သည်ဗာ ဗုလုန်ဘုရင်၏မှူးမတ်တို့ထံတွင်လက်နက် ချပါမူအသက်ချမ်းသာရာရလိမ့်မည်။ ဤ မြို့သည်လည်းမီးလောင်ကျွမ်းရလိမ့်မည်မ ဟုတ်။ သင်နှင့်သင်၏အိမ်ထောင်စုသားများ ပါအသက်ချမ်းသာကြလိမ့်မည်။- Garrad Bible ယေ ရ မိ က၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် မိန့် တော် မူ သည် မှာ၊ သင် သည် ဗာ ဗု လုန် ဘု ရင် ၏ မှူး မတ် တို့ ထံ ထွက် သွား လျှင်၊ ဆွေ မျိုး သား ချင်း တို့ နှင့် တ ကွ အ သက် ချမ်း သာ ရ မည့် ပြင်၊ မြို့ လည်း၊ မီး လောင် ခြင်း ကင်း လိမ့် မည်။ Judson Bible ယေရမိကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်၏မှူးမတ်တို့ထံသို့ အမှန်ထွက်သွားလျှင် အသက်ချမ်းသာရတော်မူမည်။ ဤမြို့သည်လည်း မီးရှို့ခြင်းနှင့် လွတ်လိမ့်မည်။ ကိုယ်တော်နှင့်တကွ ဆွေတော်မျိုးတော်တို့သည် အသက်ချမ်းသာရကြလိမ့်မည်။ |
သို့ဖြစ်၍ သင်သည် ငါ့နှမဖြစ်သည်ဟု ပြောပါ။ ထိုသို့ပြောလျှင် သင့်အတွက်ကြောင့် ငါသည်ကောင်းစား၍ ငါ့အသက်သည်လည်း သင့်ကြောင့် ချမ်းသာရာရလိမ့်မည်”ဟု ဆို၏။
ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။
ယုဒဘုရင်ယောယခိမ်မင်းကြီး ဖမ်းခေါ်သွားခြင်းခံရပြီးနောက် သုံးဆယ့်ခုနစ်နှစ်မြောက်၊ ဒွါဒသမလ၊ နှစ်ဆယ့်ခုနစ်ရက်နေ့ ဘေဘီလုံဘုရင်ဧဝိလမေရောဒက်မင်းကြီး နန်းတက်သောနှစ်တွင် ယုဒဘုရင်ယောယခိမ်မင်းကြီးကို အကျဉ်းထောင်မှ လွှတ်ပေးလိုက်၏။
သို့ဖြစ်လျှင် ကိုယ်တော်၏နာမတော်သည် အစဉ်တည်မြဲပြီး ကြီးမြတ်တော်မူပါလိမ့်မည်။ ‘အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့၏ ဘုရားသခင် ဖြစ်တော်မူပါ၏’ဟု ဆိုကြပါလိမ့်မည်။ ကိုယ်တော်၏အစေအပါး ဒါဝိဒ်၏မင်းမျိုးမင်းနွယ်သည်လည်း ရှေ့တော်၌ တည်မြဲပါလိမ့်မည်။
ညနေပူဇော်သက္ကာချိန်တိုင်အောင် ငါသည် လက်မှိုင်ချလျက်ထိုင်နေစဉ်တွင် ဖမ်းခေါ်သွားခြင်းခံရရာမှ ပြန်လာသောသူတို့၏ဖောက်ပြန်မှားယွင်းမှုကြောင့် အစ္စရေးလူမျိုးတို့၏ဘုရားသခင်အမိန့်တော်ကို ကြောက်ရွံ့သောသူတို့သည် ငါ့ထံ စုရုံးရောက်လာကြ၏။
သို့သော် ကိုယ်တော်သည် ပြောင်းလဲခြင်းမရှိ။ ကိုယ်တော်ကို မည်သူမျှ ပြောင်းလဲအောင်မပြုနိုင်။ စိတ်အလိုတော်ရှိသည့်အတိုင်း ပြုတော်မူပါ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်၊ ပြန်ကြွလာတော်မူပါ။ ကောင်းကင်ဘုံမှ အောက်သို့ကြည့်၍ ရှုမြင်တော်မူပါ။
ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်၊ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။ အကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်တော်၏မျက်နှာတော်အလင်းကို ထွန်းလင်းစေတော်မူပါ။
ငါသည် ထိုစကားအလုံးစုံတို့ကို ယုဒဘုရင်ဇေဒကိမင်းကြီးအား လျှောက်တင်၏။ “အရှင်သည် ဘေဘီလုံဘုရင်၏ထမ်းပိုးကိုထမ်း၍ ထိုဘုရင်နှင့် သူ၏လူများကို အစေခံလျက် အသက်ရှင်ပါလော့။
သူတို့၏စကားကို နားမထောင်ကြနှင့်။ ဘေဘီလုံဘုရင်ကို အစေခံ၍ အသက်ရှင်ကြလော့။ အဘယ်ကြောင့် ဤမြို့သည် ပြိုပျက်ရာအရပ်ဖြစ်ရပါမည်နည်း။
တစ်ဖန် ထာဝရဘုရားက ‘ဤလူမျိုး၊ ဤနိုင်ငံသည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို အစေမခံ၊ ဘေဘီလုံဘုရင်၏ထမ်းပိုးကို မထမ်းလျှင် ဤလူမျိုးကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် ငါဒဏ်ခတ်မည်။ ထိုဘုရင်၏လက်ဖြင့် ရှင်းရှင်းဖျက်ဆီးပစ်မည်။
ထာဝရဘုရားမိန့်တော်မူသည်မှာ “ဤမြို့တွင် နေထိုင်သောသူတို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေရလိမ့်မည်။ ခါလဒဲလူမျိုးတို့ဘက်သို့ လိုက်သွားသောသူတို့မူကား သူတို့၏အသက်သည် တိုက်ယူသောပစ္စည်းကဲ့သို့ဖြစ်၍ အသက်ချမ်းသာရာရလိမ့်မည်။
ထိုအခါ ဘေဘီလုံဘုရင်၏မှူးမတ်များဖြစ်ကြသော နေရဂါလရှရေဇာ၊ သံဂါနေဗော၊ ရာဗသာရိပ်စာသခိမ်၊ ရာမက်နေရဂါလရှရေဇာနှင့် ဘေဘီလုံဘုရင်၏အခြားမှူးမတ်အပေါင်းတို့သည် မြို့ထဲသို့ဝင်လာ၍ အလယ်တံခါးဝ၌ နေရာယူကြ၏။
ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိကလည်း သူတို့နှင့်သူတို့၏လူများအား “ခါလဒဲလူမျိုးတို့ကို အစေခံရမည်ကို မကြောက်ကြနှင့်။ ဤပြည်၌ နေထိုင်ကြလော့။ ဘေဘီလုံဘုရင်ကို အစေခံကြလော့။ သို့ပြုလျှင် သင်တို့ကောင်းစားရလိမ့်မည်ဟု ကျိန်ဆိုပြီးလျှင်
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘အဘယ်ကြောင့် ဤဘေးအန္တရာယ်ကြီးကို သင်တို့အပေါ်ကျရောက်စေရသနည်း။ ယုဒပြည်တွင် ယောက်ျား၊ မိန်းမ၊ ကလေး၊ နို့စို့သူငယ်တစ်ယောက်မျှမကြွင်းမကျန် သုတ်သင်ပယ်ရှင်းခံရလေပြီ။
လွင်ပြင်၌ ငါမြင်ရသော ဗျာဒိတ်အာရုံကဲ့သို့ပင် ထိုနေရာ၌ အစ္စရေးလူမျိုး၏ဘုရားသခင်ဘုန်းအသရေတော်ကို မြင်ရ၏။
ထို့ကြောင့် ငါသည် သင်တို့ကို ဒမတ်စကပ်မြို့နှင့်ဝေးရာသို့ သုံ့ပန်းအဖြစ်ပါသွားစေမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင်ဟူ၍ နာမတော်ရှိတော်မူသောထာဝရဘုရား မိန့်တော်မူ၏။