ယေရမိ 38:17 - Common Language Bible17 ထိုအခါငါသည်ဇေဒကိမင်းအား``ဣသ ရေလအမျိုးသားတို့၏ဘုရားသခင်အနန္တ တန်ခိုးရှင်ထာဝရဘုရားက `သင်သည်ဗာ ဗုလုန်ဘုရင်၏မှူးမတ်တို့ထံတွင်လက်နက် ချပါမူအသက်ချမ်းသာရာရလိမ့်မည်။ ဤ မြို့သည်လည်းမီးလောင်ကျွမ်းရလိမ့်မည်မ ဟုတ်။ သင်နှင့်သင်၏အိမ်ထောင်စုသားများ ပါအသက်ချမ်းသာကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible17 ယေ ရ မိ က၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင်၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် မိန့် တော် မူ သည် မှာ၊ သင် သည် ဗာ ဗု လုန် ဘု ရင် ၏ မှူး မတ် တို့ ထံ ထွက် သွား လျှင်၊ ဆွေ မျိုး သား ချင်း တို့ နှင့် တ ကွ အ သက် ချမ်း သာ ရ မည့် ပြင်၊ မြို့ လည်း၊ မီး လောင် ခြင်း ကင်း လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible17 ယေရမိကလည်း၊ ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင်ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်၏မှူးမတ်တို့ထံသို့ အမှန်ထွက်သွားလျှင် အသက်ချမ်းသာရတော်မူမည်။ ဤမြို့သည်လည်း မီးရှို့ခြင်းနှင့် လွတ်လိမ့်မည်။ ကိုယ်တော်နှင့်တကွ ဆွေတော်မျိုးတော်တို့သည် အသက်ချမ်းသာရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း17 ထိုအခါ ယေရမိက ဇေဒကိမင်းကြီးအား “အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်သည် ဘေဘီလုံဘုရင်၏တပ်မှူးတို့ထံသွား၍ အညံ့ခံလျှင် သင်အသက်ချမ်းသာရာရမည်။ ဤမြို့သည်လည်း မီးရှို့ခံရမည်မဟုတ်။ သင်နှင့် သင်၏အိမ်သူအိမ်သားတို့ အသက်ချမ်းသာရာရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်ရှင်၏သတင်းတော်သည်ထင်ပေါ် ကျော်ကြားပါလိမ့်မည်။ လူတို့ကလည်း`အနန္တ တန်ခိုးရှင်ထာဝရဘုရားသည် ဣသရေလ အမျိုးသားအပေါင်းတို့၏ဘုရားဖြစ်တော် မူ၏' ဟုအစဉ်အမြဲမြွက်ဆိုကြပါလိမ့် မည်။ ကျွန်တော်မျိုး၏ရာဇပလ္လင်ကိုလည်း ထာဝစဉ်တည်စေတော်မူပါလိမ့်မည်။-
ညဥ့်ဦးယဇ်ပူဇော်ချိန်ကျရောက်၍လူတို့သည် ငါ၏အနီးတွင်လာရောက်စုရုံးကြသည့်တိုင် အောင် ငါသည်ဝမ်းနည်းကြေကွဲသောစိတ်နှင့် ထိုအရပ်တွင်ထိုင်လျက်နေ၏။ ထိုသူတို့သည် ပြည်နှင်ဒဏ်သင့်ရာမှပြန်လာသူတို့၏ အပြစ်များအကြောင်းနှင့်ပတ်သက်၍ ဣသ ရေလအမျိုးသားတို့၏ဘုရားသခင် မိန့်တော်မူသောစကားကြောင့် ကြောက်လန့် နေကြသူများဖြစ်သတည်း။
ငါသည်လူတို့အားထာဝရဘုရား၏အမိန့် တော်ကိုပြောကြားသည်မှာ``ဤမြို့တွင်ဆက် လက်နေထိုင်သူတို့သည်စစ်ဘေး၊ ငတ်မွတ်ခေါင်း ပါးခြင်းဘေး၊ အနာရောဂါဘေးတို့နှင့်သေရ ကြလိမ့်မည်။ ဗာဗုလုန်အမျိုးသားတို့ထံသွား ၍လက်နက်ချသူတို့သည်သေရကြလိမ့်မည် မဟုတ်။ သူတို့သည်ယုတ်စွအဆုံးအသက် ဘေးမှချမ်းသာရာရလျက်ကျန်ရှိကြလိမ့် မည်။-
``သို့ဖြစ်၍ဣသရေလအမျိုးသားတို့၏ ဘုရားသခင်အနန္တတန်ခိုးရှင်ငါထာဝရ ဘုရားက သင်တို့သည်အဘယ်ကြောင့်မိမိ တို့အပေါ်သို့ဤသို့သောဘေးအန္တရာယ်ဆိုး သက်ရောက်အောင် ဆိုးညစ်သောအမှုကိုပြု ကြသနည်း။ သင်တို့သည်မိမိတို့အမျိုး ပြုတ်စေရန်အမျိုးသား၊ အမျိုးသမီး၊ ကလေးသူငယ်နှင့်နို့စို့အရွယ်တို့အား ဆုံးပါးပျက်စီးစေလိုကြသလော။-