ယေရမိ 38:18 - Common Language Bible18 သို့ရာတွင်အကယ်၍သင်လက်နက်မချ ပါမူ ဤမြို့သည်ဗာဗုလုန်အမျိုးသားတို့ ၏လက်တွင်းသို့ကျရောက်ရလိမ့်မည်။ သူတို့ သည်လည်းဤမြို့ကိုမီးရှို့လိုက်ကြလိမ့်မည်။ သင်သည်သူတို့၏ဘေးမှလွတ်မြောက်ရလိမ့် မည်မဟုတ်' ဟုမိန့်တော်မူပါ၏'' ဟုလျှောက် ထား၏။ အခန်းကိုကြည့်ပါ။Garrad Bible18 ဗာ ဗု လုန် ဘု ရင်၏ မှူး မတ် တို့ ထံ မ ထွက် မ သွား နေ လျှင် မူ ကား၊ သူ တို့ လက် မှ သင် မ လွတ် မ မြောက် ဘဲ၊ ဤ မြို့ လည်း၊ မီး တိုက် မည့် ခါ လ ဒဲ တပ် သား တို့ လက် တွင်း သို့ ရောက် မည့် အ ကြောင်း၊ မိန့် တော် မူ သည် ဟု ဆင့် ဆို သည့် ကာ လ၊ အခန်းကိုကြည့်ပါ။Judson Bible18 သို့မဟုတ်၊ ကိုယ်တော်သည် ဗာဗုလုန်ရှင်ဘုရင်၏ မှူးမတ်တို့ထံသို့ မထွက်မသွားလျှင်၊ ဤမြို့ကို ခါလဒဲလူတို့လက်သို့အပ်၍၊ သူတို့သည် မီးရှို့ကြလိမ့်မည်။ ကိုယ်တော်သည်လည်း၊ သူတို့လက်နှင့် မလွတ်ရဟု ဇေဒကိကိုလျှောက်ဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း18 ဘေဘီလုံဘုရင်၏မှူးမတ်တို့ထံ သွား၍အညံ့မခံလျှင် ဤမြို့သည် ခါလဒဲလူမျိုးတို့လက်သို့ ကျရောက်လိမ့်မည်။ သူတို့သည်လည်း ဤမြို့ကို မီးရှို့ကြလိမ့်မည်။ သင်သည်လည်း သူတို့လက်မှ လွတ်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု လျှောက်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ငါက``ဗာဗုလုန်အမျိုးသားတို့ သည် အရှင်၏မိဖုရားများနှင့်သားသမီး အပေါင်းကိုထုတ်ဆောင်သွားလိမ့်မည်။ အရှင် ကိုယ်တိုင်ပင်လျှင်သူတို့၏ဘေးမှလွတ် မြောက်လိမ့်မည်မဟုတ်ပါ။ ဗာဗုလုန်ဘုရင် ၏ဖမ်းဆီးခြင်းကိုခံရပါလိမ့်မည်။ ဤ မြို့သည်လည်းမီးကျွမ်းလောင်၍သွားလိမ့် မည်'' ဟုလျှောက်ထားပြန်၏။
သို့သော်လည်းယုဒဘုရင်သည်ပုန်ကန်ထ ကြွလျက် မြင်းနှင့်စစ်သည်အမြောက်အမြား ကိုစစ်ကူရရှိရန် အီဂျစ်ပြည်သို့သံတမန် များကိုစေလွှတ်လေသည်။ သူ၏အကြံထ မြောက်သလော။ ဘေးလွတ်မည်လော။ ငြိမ်း ချမ်းရေးစာချုပ်ကိုချိုးဖောက်ပြီးနောက် အပြစ်ပေးခြင်းကိုမခံရဘဲနေမည် လော။