ယေရမိ 38:16 - Common Language Bible16 သို့ဖြစ်၍ဇေဒကိမင်းသည်ငါ့အား``ငါတို့ ကိုဖန်ဆင်းတော်မူသောထာဝရဘုရားသည် အသက်ရှင်တော်မူသည့်အတိုင်း ငါသည်သင့် အားသတ်မည်မဟုတ်။ သင့်ကိုသတ်လိုသူတို့ ၏လက်သို့လည်းပေးအပ်မည်မဟုတ်'' ဟု လျှို့ဝှက်စွာကတိပေးတော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible16 ဇေ ဒ ကိ မင်း က၊ ငါ တို့ အ သက် ဝိ ညာဉ် ကို ဖန် ဆင်း တော် မူ သော ထာ ဝ ရ ဘု ရား ၏ အ သက် တော် အ တိုင်း၊ သေ ဒဏ် ခတ် ခြင်း၊ အ သက် အ န္တ ရာယ် ရှာ ကြံ သူ တို့ လက် တွင်း သို့ အပ် နှင်း ခြင်း များ ကို ငါ မ ပြု ဟု၊ ယေ ရ မိ အား တိတ် တ ဆိတ် သ စ္စာ ဆို လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible16 ဇေဒကိမင်းကြီးကလည်း၊ ငါတို့ကို အသက်ရှင်သောသတ္တဝါဖြစ်စေခြင်းငှာ ဖန်ဆင်းသော ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင့်ကိုငါမသတ်။ သင့်အသက်ကိုရှာသော ထိုလူတို့လက်သို့ သင့်ကိုငါမအပ်ဟု ယေရမိအား တိတ်ဆိတ်စွာ ကျိန်ဆိုလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထိုအခါ ဇေဒကိမင်းကြီးက ယေရမိအား “ငါတို့အား ဇီဝအသက်ပေးတော်မူသော ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်ကိုငါမသတ်။ သင့်အသက်ကို ရန်ရှာသောသူတို့လက်သို့ သင့်ကိုငါမအပ်”ဟု တိတ်တဆိတ်ကျိန်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ဘုရားသခင်သည်မိုးကောင်းကင်ကို ဖန်ဆင်းတော်မူ၍ဖြန့်ကျက်ထားတော်မူ၏။ ကိုယ်တော်သည်ကမ္ဘာမြေကြီးနှင့်တကွ သက်ရှိ သတ္တဝါအပေါင်းကိုဖန်ဆင်းတော်မူ၏။ ကမ္ဘာမြေပေါ်ရှိလူအပေါင်းတို့အားလည်း၊ အသက်နှင့်ထွက်သက်ဝင်သက်ကိုပေးတော် မူ၏။ ယခုထာဝရအရှင်ဘုရားသခင်ကမိမိ၏ အစေခံအားပြောသည်မှာ၊
သူသည်ညဥ့်အခါကိုယ်တော်၏ထံသို့လာ၍ ``အရှင်ဘုရား၊ ဘုရားသခင်အတူပါရှိတော် မမူလျှင် အဘယ်သူမျှအရှင်ပြတော်မူသော အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြနိုင်မည် မဟုတ်ပါ။ သို့ဖြစ်၍အရှင်သည်ဘုရားသခင် စေလွှတ်တော်မူသောဆရာဖြစ်ကြောင်းကို အကျွန်ုပ်တို့သိကြပါ၏'' ဟုလျှောက်၏။