Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 27:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 ငါ​သည် ထို​စကား​အလုံးစုံ​တို့​ကို ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​အား လျှောက်တင်​၏​။ “​အရှင်​သည် ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို​ထမ်း​၍ ထို​ဘုရင်​နှင့် သူ​၏​လူ​များ​ကို အစေခံ​လျက် အသက်ရှင်​ပါ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

12 ငါ​သည်​ယု​ဒ​ဘု​ရင်​ဟေ​ဇ​ကိ​အား​လည်း အ​ထက်​ပါ​အ​တိုင်း​လျှောက်​၏။ ငါ​က``အ​ရှင် သည်​ဗာ​ဗု​လုန်​ဘု​ရင်​၏​ထမ်း​ပိုး​အောက်​တွင် အ​ညံ့​ခံ​ပါ​လော့။ ထို​ဘု​ရင်​နှင့်​သူ​၏​အ​မျိုး သား​များ​၏​အ​စေ​ကို​ခံ​ပါ​မူ​အ​သက်​ချမ်း သာ​ရာ​ရ​ပါ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 ထို အ ချက် နှင့် တူ ညီ စွာ၊ ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း ထံ ငါ က၊ အ သက် ချမ်း သာ ရ ရန် ဗာ ဗု လုန် ဘု ရင် ၏ ထမ်း ပိုး အောက် ကုပ် လျှိုး ၍၊ ထို မင်း နှင့် လူ မျိုး ၏ အ မှု ကို ထမ်း ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ထို​စ​ကား​တော်​ရှိ​သ​မျှ​ကို ငါ​ပြန်၍ ယု​ဒ​ရှင်​ဘု​ရင်​ဇေ​ဒ​ကိ​အား လျှောက်​ဆို​သည်​ကား၊ ဗာ​ဗု​လုန် ရှင်​ဘု​ရင်၏​ထမ်း​ပိုး​ကို​ထမ်း၍၊ သူ​နှင့် သူ၏​လူ​များ​အ​စေ​ကို​ခံ​လျက်၊ အ​သက်​ချမ်း​သာ​ပါ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 27:12
11 ပူးပေါင်းရင်းမြစ်များ  

သို့သော် ငါ့​စကား​ကို​နားထောင်​သော​သူ​သည် ဘေးကင်းလုံခြုံ​စွာ​နေ​ရ​၍ ဘေးအန္တရာယ်​ကို မ​ကြောက်​ဘဲ အေးချမ်း​စွာ​နေ​ရ​လိမ့်မည်​။​”


သင့်​အား ငါ​ပေး​သော​အမွေ​ကို သင်​လက်လွတ်​ရ​မည်​။ သင်​မ​သိ​သော​ပြည်​တွင် သင်​၏​ရန်သူ​တို့​အား သင်​အစေခံ​ရ​မည်​။ အစဉ်အမြဲ​တောက်လောင်​နေ​မည့် ငါ့​အမျက်​မီး​ကို သင်​မွှေး​လေ​ပြီ​။


မြို့​တွင်း​၌ နေရစ်​သော​သူ​သည် ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် သေ​ရ​လိမ့်မည်​။ သင်​တို့​ကို​ဝိုင်း​ထား​သော​ခါလဒဲ​တပ်​ထံ ဝင်ရောက်​ခိုလှုံ​သော​သူ​မူကား သူ​၏​အသက်​သည် တိုက်ယူ​သော​ပစ္စည်း​ကဲ့သို့​ဖြစ်​၍ အသက်ချမ်းသာ​ရာ​ရ​မည်​။


တစ်ဖန် ထာဝရဘုရား​က ‘ဤ​လူမျိုး​၊ ဤ​နိုင်ငံ​သည် ဘေဘီလုံ​ဘုရင်​နေဗုခဒ်နေဇာ​မင်းကြီး​ကို အစေ​မ​ခံ​၊ ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို မ​ထမ်း​လျှင် ဤ​လူမျိုး​ကို ဓားဘေး​၊ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​၊ ကပ်ရောဂါ​ဘေး​တို့​ဖြင့် ငါ​ဒဏ်ခတ်​မည်​။ ထို​ဘုရင်​၏​လက်​ဖြင့် ရှင်းရှင်း​ဖျက်ဆီး​ပစ်​မည်​။


ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး​နန်းစံ​ကာလ အစပိုင်း စတုတ္ထ​နှစ်​၊ ပဉ္စမ​လ​တွင်​ပင် ဂိဗောင်​မြို့​မှ အဇ္ဇုရ​၏​သား ပရောဖက်​ဟာနနိယ​က ထာဝရဘုရား​၏​အိမ်​တော်​၊ ယဇ်ပုရောဟိတ်​နှင့် လူ​အပေါင်း​တို့​ရှေ့​တွင် ငါ့​အား


“​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​ဘေဘီလုံ​ဘုရင်​၏​ထမ်းပိုး​ကို ငါ​ချိုး​မည်​။


ထိုအခါ ယေရမိ​က ဇေဒကိ​မင်းကြီး​အား “​အစ္စရေး​လူမျိုး​၏​ဘုရားသခင် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘​သင်​သည် ဘေဘီလုံ​ဘုရင်​၏​တပ်မှူး​တို့​ထံ​သွား​၍ အညံ့ခံ​လျှင် သင်​အသက်ချမ်းသာ​ရာ​ရ​မည်​။ ဤ​မြို့​သည်​လည်း မီး​ရှို့​ခံရ​မည်​မ​ဟုတ်​။ သင်​နှင့် သင်​၏​အိမ်သူအိမ်သား​တို့ အသက်ချမ်းသာ​ရာ​ရ​ကြ​လိမ့်မည်​။


ထာဝရဘုရား​က ‘​သင်​တို့​ကြောက်​ရ​သော ဘေဘီလုံ​ဘုရင်​ကို သင်​တို့​မ​ကြောက်​ကြ​နှင့်​။ သင်​တို့​နှင့်အတူ ငါ​ရှိ​သည်​ဖြစ်၍ ထို​ဘုရင်​လက်​မှ သင်​တို့​ကို ငါ​ရွေးနုတ်​ကယ်တင်​မည်​။ သူ့​ကို သင်​တို့​မ​ကြောက်​ကြ​နှင့်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ