ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
ယေရမိ 37:21 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ဇေဒကိမင်းကြီး၏အမိန့်တော်ဖြင့် ယေရမိကို ထောင်ဝင်းထဲ၌ ထားကြ၏။ မြို့ထဲရှိ မုန့်များမရှိတော့သည်အထိ သူ့အား မုန့်ဖုတ်တန်းမှ မုန့်တစ်လုံးကို နေ့စဉ်ပေးရ၏။ ဤသို့ ယေရမိသည် ထောင်ဝင်းထဲ၌ နေရလေ၏။ Common Language Bible ထို့ကြောင့်ဇေဒကိမင်းသည်ငါ့အားနန်း တော်ဝင်းအတွင်း၌ချုပ်နှောင်ထားရန်အမိန့် ပေးတော်မူ၏။ ငါသည်မြို့တွင်း၌မုန့်များ ကုန်သည်အထိမုန့်ဖိုများမှနေ့စဉ်နေ့တိုင်း မုန့်တစ်လုံးကိုရရှိလေသည်။ ဤသို့လျှင် ငါသည်နန်းတော်ဝင်းအတွင်း၌နေရ သတည်း။ Garrad Bible ဇေ ဒ ကိ မင်း ထုတ် ဆင့် သော အ မိန့် အ ရ၊ ယေ ရ မိ ကို နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း ပြောင်း ထား ပြီး လျှင်၊ ထို မြို့ ရိုး ငယ့် အ တွင်း ၌ နေ ရ သော ယေ ရ မိ အား၊ မြို့ တော် ရိ က္ခာ မ ကုန် မ ချင်း၊ မုန့် ဆိုင် တန်း မှ မုန့် တစ် လုံး ကျ၊ နေ့ စဉ် ပေး ကြ ရ ၏။ Judson Bible ထိုအခါ ဇေဒကိမင်းကြီး အမိန့်တော်ရှိ၍၊ ယေရမိကို ထောင်ဝင်း၌ထားကြ၏။ မြို့တွင် မုန့်မကုန်မီတိုင်အောင်၊ မုန့်သည်တန်းမှ မုန့်တစ်လုံးကို နေ့တိုင်းအစဉ် ပေးရ၏။ ထိုသို့ ယေရမိသည် ထောင်ဝင်းထဲမှာနေလေ၏။ |
ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
ငတ်မွတ်ခေါင်းပါးသောအခါ သေဘေးမှလည်းကောင်း၊ စစ်တိုက်သောအခါ ဓားလက်နက်ဘေးမှလည်းကောင်း သင့်ကို ကယ်နုတ်တော်မူလိမ့်မည်။
သူတို့သည် ဆိုးရွားသောကာလ၌ အရှက်ကွဲကြရလိမ့်မည်မဟုတ်။ အစာခေါင်းပါးသောနေ့၌လည်း ဝလင်ရကြလိမ့်မည်။
ထာဝရဘုရားကိုယုံကြည်ကိုးစားလျက် ကောင်းသောအမှုကိုပြုလော့။ ပြည်တော်၌နေထိုင်၍ သစ္စာတရား၌ကျက်စားလော့။
လူတစ်ဦးပြုမူကျင့်ကြံသောအမှုအရာကို ထာဝရဘုရားနှစ်သက်တော်မူသောအခါ ထိုသူ၏ရန်သူများကိုပင် သူနှင့်သင့်မြတ်စေတော်မူ၏။
ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။
ထိုသူသည် မြင့်ရာအရပ်၌ နေရလိမ့်မည်။ ခိုင်ခံ့သောကျောက်တောင်၌ ခိုလှုံရ၍ သူ့အား အစားအစာပေးကြ၏။ သူ၌ သောက်ရေမပြတ်။
ပါရှုရသည် ပရောဖက်ယေရမိအား ရိုက်နှက်ပြီး ထာဝရဘုရား၏အိမ်တော်ရှိ အထက်ဗင်္ယာမိန်တံခါး၌ ထိတ်ခတ်ထားလေ၏။
ထိုအချိန်သည် ဘေဘီလုံဘုရင်၏စစ်သည်တို့ ဂျေရုဆလင်မြို့ကို ဝိုင်းထားကြသောအချိန်၊ ပရောဖက်ယေရမိသည်လည်း ယုဒဘုရင်၏နန်းတော်ရှိထောင်ဝင်းထဲတွင် ချုပ်နှောင်ထားခြင်းခံနေရသောအချိန်ဖြစ်၏။
ထာဝရဘုရား၏အမိန့်တော်အတိုင်း ငါ့ဘထွေး၏သား ဟာနမေလသည် ငါရှိရာထောင်ဝင်းသို့လာ၍ ငါ့အား ‘သင်သည် ပိုင်ဆိုင်ခွင့်၊ ရွေးနုတ်ပိုင်ခွင့်ရှိသူဖြစ်၍ ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့ရှိ ကျွန်ုပ်၏လယ်ကို ဝယ်ယူပါလော့။ သင့်အတွက် ဝယ်ယူပါလော့’ဟု ဆို၏။ ထိုအခါ ဤစကားသည် ထာဝရဘုရား၏စကားတော်ဖြစ်ကြောင်းကို ငါသိ၏။
ထောင်ဝင်းထဲ၌ ယေရမိချုပ်နှောင်ထားခြင်းခံနေရစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ ဒုတိယအကြိမ်ရောက်လာ၍
ဤသို့ဖြင့် သူတို့သည် ယေရမိအား ကြိုးဖြင့် တွင်းထဲမှဆွဲတင်ကြ၏။ ယေရမိလည်း ထောင်ဝင်းထဲ၌နေရပြန်၏။
ယေရမိသည် ဂျေရုဆလင်မြို့ သိမ်းပိုက်ခံရသည့်နေ့တိုင်အောင် ထောင်ဝင်းထဲတွင်နေရ၏။ ဂျေရုဆလင်မြို့ သိမ်းပိုက်ခံရသောအချိန်၌ သူသည် ထောင်ဝင်းထဲတွင်ရှိနေ၏။
ထို့ကြောင့် သူတို့သည် ယေရမိကိုခေါ်သွား၍ ထောင်ဝင်းအတွင်းရှိ ဘုရင့်သားတော်မာလခိယ၏ရေတွင်းထဲသို့ ကြိုးဖြင့်လျှောချကြ၏။ ရေတွင်းထဲတွင် ရေမရှိ၊ ရွှံ့သာရှိသဖြင့် ယေရမိသည် ရွှံ့ထဲနစ်လေ၏။
“အကျွန်ုပ်၏အရှင်မင်းကြီး၊ ဤသူတို့သည် ပရောဖက်ယေရမိကို ရေတွင်းထဲပစ်ချခြင်းဖြင့် ဆိုးညစ်သောအမှုကို ပြုကြလေပြီ။ မြို့ထဲတွင်လည်း မုန့်မရှိတော့ပေ။ ထို့ကြောင့် ယေရမိသည် ထိုတွင်းထဲတွင် ငတ်မွတ်၍ သေရပါတော့မည်”ဟု လျှောက်ဆိုလေ၏။
ထိုနှစ် စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲ၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဆိုးရွားစွာဖြစ်သဖြင့် မြို့သူမြို့သားတို့ စားစရာအလျှင်းမရှိတော့ပေ။
ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်ကြောင့် အကျွန်ုပ်တို့ အရေပြားသည် မီးဖိုမှမီးကဲ့သို့ ပူလောင်နေပါ၏။
ဘုရားသခင်၏နိုင်ငံတော်နှင့် ကိုယ်တော်၏ဖြောင့်မတ်ခြင်းကို ဦးစွာရှာကြလော့။ ထိုအခါ ဤအရာအားလုံးတို့ကို သင်တို့အား ထပ်လောင်း၍ပေးတော်မူလိမ့်မည်။
ဤသို့ဖြင့် ပေတရုသည် ထောင်ထဲ၌ ထိန်းသိမ်းထားခြင်းခံရ၏။ သို့ရာတွင် အသင်းတော်သည် သူ့အတွက် ဘုရားသခင်ထံသို့ စိတ်အားထက်သန်စွာဆုတောင်းလျက်နေ၏။
နှစ်နှစ်ကြာပြီးနောက် ပေါကိဖေတ္တုမင်းသည် ဖေလဇ်မင်း၏အရိုက်အရာကို ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးလူမျိုးတို့အား ကျေးဇူးပြုလို၍ ပေါလုကိုအကျဉ်းချထားရစ်ခဲ့လေ၏။
ရောမမြို့သို့ဝင်ကြသောအခါ ပေါလုသည် သူ့ကိုစောင့်ကြပ်သည့် စစ်သားနှင့်အတူ သီးသန့်နေခွင့်ကိုရလေ၏။
ထို့နောက် ပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှားရမ်းထားသည့်အိမ်၌နေ၍ မိမိထံသို့လာသောသူအပေါင်းတို့ကို ကြိုဆိုလျက်
ထို့ကြောင့် ခေါ်ယူတော်မူခြင်းခံရသောသင်တို့သည် ထိုခေါ်ယူတော်မူခြင်းနှင့်ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းကြရန် သခင်ဘုရားအတွက် အကျဉ်းသားဖြစ်သောငါသည် သင်တို့ကိုတိုက်တွန်းနှိုးဆော်ပါ၏။
ငါသည် ဤကောင်းမြတ်သောသတင်းအတွက် သံကြိုးဖြင့်ချည်နှောင်ထားခြင်းခံရသော သံတမန်ဖြစ်၏။ ဤသို့ချည်နှောင်ထားခြင်းခံရသော်လည်း ငါသည် ဟောပြောသင့်သည့်အတိုင်း ရဲရင့်စွာဟောပြောနိုင်ရန် ဆုတောင်းပေးကြလော့။
ထို့ကြောင့် ငါတို့၏သခင်ဘုရားအကြောင်း သက်သေခံသည်ကိုလည်းကောင်း၊ ငါသည် ကိုယ်တော်အတွက် အကျဉ်းသားဖြစ်သည်ကိုလည်းကောင်း ရှက်ကြောက်ခြင်းမရှိဘဲ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူဆင်းရဲဒုက္ခကိုခံလော့။
ငါသည် ဤကောင်းမြတ်သောသတင်းအတွက် ရာဇဝတ်သားပမာ ချည်နှောင်ခြင်းခံရသည့်တိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ချည်နှောင်ခြင်းခံရသည်မဟုတ်။