အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
ယေရမိ 32:3 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ထောင်ထဲ၌ချုပ်နှောင်ထားခြင်းခံရသောယေရမိကို ယုဒဘုရင်ဇေဒကိမင်းကြီးက “သင်သည် အဘယ်ကြောင့် ထာဝရဘုရားက ‘ဤမြို့ကို ဘေဘီလုံဘုရင်၏လက်ထဲသို့ ငါအပ်မည်။ သူသည် ထိုမြို့ကို သိမ်းယူလိမ့်မည်။ Common Language Bible ဇေဒကိမင်းသည်ငါ့အားထိုအရပ်တွင် အကျဉ်းချထားပြီးနောက်``ဤမြို့ကိုဗာဗု လုန်ဘုရင်အားငါပေးအပ်မည်။ သူသည် ဤမြို့ကိုသိမ်းယူလိမ့်မည်။- Garrad Bible အ ဘယ့် ကြောင့် အ ချုပ် ခံ ရ သ နည်း ဟူ မူ ကား၊ ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း က၊ ဤ မြို့ ကို ဗာ ဗု လုန် ဘု ရင့် လက် တွင်း သို့၊ အပ် နှင်း ၍ သိမ်း ယူ စေ သ ဖြင့်၊ ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း သည်၊ Judson Bible အကြောင်းမူကား၊ ယုဒရှင်ဘုရင်ဇေဒကိသည် ခေါ်၍၊ ထာဝရဘုရားက၊ ဤမြို့ကို ဗာဗုလုန်ရှင်ဘုရင်လက်သို့ ငါအပ်၍၊ သူသည် သိမ်းယူလိမ့်မည်။ |
အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
သို့သော် အီဂျစ်ဘုရင်က သူတို့အား “မောရှေနှင့်အာရုန်၊ သင်တို့သည် ဤလူတို့ကို အလုပ်ပျက်အောင် အဘယ်ကြောင့် ပြုကြသနည်း။ သင်တို့၏အလုပ်ထဲသို့ ပြန်သွားကြ”ဟု ဆို၏။
“ငါသည် သင်တို့၏သားသမီးများကို ဆုံးမသော်လည်း အကျိုးမရှိ။ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကိုလက်မခံကြ။ သင်တို့၏ဓားသည် သွေးဆာနေသောခြင်္သေ့ကဲ့သို့ ပရောဖက်များကို ဝါးမျိုလေပြီ။
တစ်ဖန် ထာဝရဘုရားက ‘ဤလူမျိုး၊ ဤနိုင်ငံသည် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးကို အစေမခံ၊ ဘေဘီလုံဘုရင်၏ထမ်းပိုးကို မထမ်းလျှင် ဤလူမျိုးကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် ငါဒဏ်ခတ်မည်။ ထိုဘုရင်၏လက်ဖြင့် ရှင်းရှင်းဖျက်ဆီးပစ်မည်။
ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏မှူးမတ်များအား သူတို့အသက်ကိုရန်ရှာသော သူတို့၏ရန်သူဖြစ်သည့် ဆုတ်ခွာသွားသောဘေဘီလုံဘုရင်၏စစ်သည်တို့လက်သို့ ငါအပ်လိုက်မည်။
သင်သည် ယုဒဘုရင်ယောယကိမ်အား ‘သင်က ထိုစာလိပ်ပေါ်တွင် ဘေဘီလုံဘုရင်အမှန်လာ၍ ဤပြည်ကိုဖျက်ဆီးမည်။ ဤပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို ဖယ်ရှားပစ်မည်ဟူ၍ အဘယ်ကြောင့် ရေးမှတ်သနည်းဟု ဆိုလျက် စာလိပ်ကို သင်မီးရှို့လေပြီ’ဟူ၍ ထာဝရဘုရားမိန့်တော်မူ၏”ဟု ဆင့်ဆိုရမည်။
ဘေဘီလုံဘုရင်၏မှူးမတ်တို့ထံ သွား၍အညံ့မခံလျှင် ဤမြို့သည် ခါလဒဲလူမျိုးတို့လက်သို့ ကျရောက်လိမ့်မည်။ သူတို့သည်လည်း ဤမြို့ကို မီးရှို့ကြလိမ့်မည်။ သင်သည်လည်း သူတို့လက်မှ လွတ်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု လျှောက်ဆိုလေ၏။
စင်စစ် ဤမြို့သည် ဘေဘီလုံဘုရင်၏စစ်တပ်ကြီးလက်သို့ ရောက်ရလိမ့်မည်။ ဤမြို့ကို သူတို့သိမ်းပိုက်လိမ့်မည်”ဟူ၍လည်း ထာဝရဘုရားမိန့်တော်မူ၏။
ထိုအခါ မှူးမတ်တို့က ရှင်ဘုရင်အား “ဤသူ သေသင့်ပါ၏။ သူပြောသောစကားအားဖြင့် ဤမြို့၌ကျန်ခဲ့သော စစ်သည်တို့နှင့်လူအပေါင်းတို့ကို စိတ်အားလျော့စေပါပြီ။ သူသည် ဤလူမျိုးငြိမ်းချမ်းဖို့ထက် ဘေးအန္တရာယ်ပြုဖို့ကိုသာ ရှာကြံပါပြီ”ဟု လျှောက်ကြ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် သစ္စာတရားကို လိုလားတော်မူသည်မဟုတ်လော။ ကိုယ်တော်သည် သူတို့ကိုဒဏ်ခတ်သော်လည်း သူတို့မနာကြ။ သူတို့ကိုဖျက်ဆီးသော်လည်း ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သူတို့သည် မိမိတို့၏မျက်နှာကို ကျောက်တုံးထက်ပင် မာကျောစေကြ၏။ ကိုယ်တော့်ထံ ပြန်လာရန် ငြင်းဆိုကြ၏။
ဘုရားသခင်သည် လက်တော်ဖြင့် ငါ့အပြစ်ထမ်းပိုးကို ငါ့လည်ပင်းပေါ် တင်တော်မူပြီ။ ချည်နှောင်တော်မူပြီ။ ငါ့ခွန်အားကိုချည့်နဲ့စေတော်မူ၍ ငါမတွန်းလှန်နိုင်သောသူတို့၏လက်ထဲသို့ ငါ့ကိုအပ်လိုက်တော်မူပြီ။
ဗေသလမြို့တွင် ပရောဖက်မပြုတော့နှင့်။ အကြောင်းမူကား ဤမြို့သည် ရှင်ဘုရင်၏သန့်ရှင်းရာမြို့၊ မင်းနေပြည်တော်မြို့ဖြစ်၏”ဟု ဆို၏။
“သင်သည် ဤအမှုအရာများကို မည်သည့်အခွင့်အာဏာနှင့်ပြုသည်ကိုလည်းကောင်း၊ ထိုအခွင့်အာဏာကို မည်သူက သင့်အားပေးသည်ကိုလည်းကောင်း အကျွန်ုပ်တို့ကိုပြောပါ”ဟု ကိုယ်တော်အား ဆိုကြ၏။