ယေရမိ 32:4 - မြန်မာ့စံမီသမ္မာကျမ်း4 ယုဒဘုရင်ဇေဒကိသည် ခါလဒဲတပ်၏လက်မှလွတ်မည်မဟုတ်။ ဘေဘီလုံဘုရင်၏လက်အောက်သို့ အမှန်ရောက်ရလိမ့်မည်။ သူသည် ဘေဘီလုံဘုရင်နှင့် မျက်နှာချင်းဆိုင် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စကားပြောရမည်။ အခန်းကိုကြည့်ပါ။Common Language Bible4 ဇေဒကိမင်းသည်ဗာဗုလုန်ပြည်သားတို့ ၏ဘေးမှလွတ်မြောက်ရလိမ့်မည်မဟုတ်။ ဗာဗုလုန်ဘုရင်၏လက်တွင်းသို့သက်ဆင်း ရကာသူနှင့်မျက်နှာချင်းဆိုင်တွေ့ဆုံပြော ဆိုရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible4 ခါ လ ဒဲ တပ် သား တို့ လက် မှ မ လွတ် မ မြောက် ရ ဘဲ၊ ဗာ ဗု လုန် ဘု ရင်၏ လက် တွင်း သို့ မု ချ ရောက်၍၊ မျက် မှောက် ထင် ထင် ရှု မြင် ပြော ဆို ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible4 ယုဒရှင်ဘုရင် ဇေဒကိသည် ခါလဒဲလူတို့လက်နှင့် မလွတ်၊ ဗာဗုလုန်ရှင်ဘုရင်လက်သို့ ဆက်ဆက်ရောက်လိမ့်မည်။ မျက်နှာချင်းဆိုင်၍ စကားပြောလျက်၊ တစ်ယောက်ကို တစ်ယောက်ကြည့်ရှုလျက် တွေ့ရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ထာဝရဘုရားက ‘ကပ်ရောဂါဘေး၊ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့မှ အသက်ရှင်ကျန်ရစ်သော ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ မြို့သူမြို့သားများကို သူတို့အသက်ကိုရန်ရှာသော၊ သူတို့၏ရန်သူဖြစ်သော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်ထဲသို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို မသနား၊ မညှာတာ၊ မစာနာဘဲ ဓားဖြင့် ကွပ်မျက်မည်’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ဆိုရမည်။