သို့သော် အို အစ္စရေးလူမျိုး၊ မိန်းမသည် မိမိယောက်ျားကို သစ္စာမဲ့သကဲ့သို့ သင်တို့သည် ငါ့ကို သစ္စာမဲ့လေပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သို့ရာတွင် အို ဣသရေလ၊ သင်သည်ဖောက်ပြန် သည့် ဇနီးကဲ့သို့ငါ့အားသစ္စာဖောက်လေပြီ။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏''
မိန်း မ သည် လင် ကို သ စ္စာ ဖျက် ၍ စွန့် ပစ် သည့် နည်း တူ၊ သင် တို့ လည်း ငါ့ အား သ စ္စာ ဖျက် ခဲ့ လေ ပြီ။ အို ဣ သ ရေ လ အ မျိုး သား တို့ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
အို ဣသရေလအမျိုး၊ မယားသည် မိမိခင်ပွန်း၌ သစ္စာဖျက်သကဲ့သို့၊ အကယ်စင်စစ် သင်တို့သည် ငါ၌သစ္စာဖျက်ကြပြီဟု ထာဝရဘုရား မိန့်တော်မူ၏။
“ဖြောင့်မတ်တော်မူသောအရှင်သည် ဘုန်းကြီးစေသတည်း”ဟူသော ချီးမွမ်းသီချင်းကို ကမ္ဘာမြေကြီးစွန်းမှ ငါတို့ကြားရ၏။ သို့သော် “ငါ ချုံးချုံးကျသွားပြီ။ ငါ ချုံးချုံးကျသွားပြီ။ ငါ၌ အမင်္ဂလာရှိ၏။ သစ္စာမဲ့သောသူတို့သည် သစ္စာမဲ့စွာပြုကြပြီ။ သစ္စာမဲ့သောသူတို့သည် သစ္စာမဲ့စွာပြုကြပြီ”ဟု ငါဆို၏။
သင်ကြားလည်းမကြား၊ သိလည်းမသိ၊ အစကတည်းက သင်နားပိတ်လျက်နေ၏။ သင်သည် အလွန်သစ္စာမဲ့၍ ဖွားစကပင် သင့်ကို ဆန့်ကျင်ပုန်ကန်သောသူဟုခေါ်ကြသည်ကို ငါသိ၏။
အို ထာဝရဘုရား၊ အကျွန်ုပ်၏အမှုကို ကိုယ်တော့်ထံ ယူဆောင်လာသောအခါ ကိုယ်တော်သည် ဖြောင့်မတ်စွာစီရင်ပေးပါ၏။ ထို့ကြောင့် ကိုယ်တော်အား တရားမျှတမှုအကြောင်းကို မေးလျှောက်လိုပါ၏။ ဆိုးယုတ်သောသူတို့သည် အဘယ်ကြောင့် ကြီးပွားကြပါသနည်း။ သစ္စာမဲ့သောသူတို့သည် အဘယ်ကြောင့် ကောင်းစားကြပါသနည်း။
အကယ်စင်စစ် အစ္စရေးအမျိုးအနွယ်နှင့်ယုဒအမျိုးအနွယ်တို့သည် ငါ့ကို သစ္စာမဲ့ကြပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
တစ်ဖန် ထာဝရဘုရားက ငါ့အား “အခြားဘုရားနောက်သို့လိုက်၍ စပျစ်ပျဉ်ကိုနှစ်သက်သော အစ္စရေးအမျိုးသားတို့အား ထာဝရဘုရား ချစ်သည့်နည်းတူ အိမ်ထောင်ရှိလျက်ပင် အခြားသူတို့နှင့် အိမ်ထောင်ရေးဖောက်ပြန်သောမိန်းမကို တစ်ဖန်သွား၍ချစ်လော့”ဟု မိန့်တော်မူ၏။
သူတို့သည် ထာဝရဘုရားအပေါ် သစ္စာမဲ့၍ တရားမဝင်သားသမီးများကို မွေးကြပြီ။ ထို့ကြောင့် လဆန်းနေ့တွင် သူတို့နှင့်အတူ သူတို့၏အမွေမြေသည်လည်း ဝါးမျိုခြင်းခံရလိမ့်မည်။
သို့သော် သူတို့သည် အာဒံကဲ့သို့ပင် ပဋိညာဉ်ကိုချိုးဖောက်ပြီး ထိုအရပ်တွင် ငါ့ကို သစ္စာဖောက်ကြပြီ။
ယုဒအမျိုးသည် သစ္စာမရှိ။ အစ္စရေးပြည်တွင်လည်းကောင်း၊ ဂျေရုဆလင်မြို့တွင်လည်းကောင်း စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြလေပြီ။ အကယ်စင်စစ် ယုဒအမျိုးသည် တိုင်းတစ်ပါးဘုရားကိုကိုးကွယ်သောသမီးပျိုတို့နှင့် စုံဖက်ခြင်းဖြင့် ထာဝရဘုရားမြတ်နိုးတော်မူသောသန့်ရှင်းစင်ကြယ်ခြင်းကို ညစ်ညူးစေလေပြီ။