အစ္စရေးမြေသည် မိမိ၏ဥပုသ်နေ့များကိုမွေ့လျော်ရမည်ဟူသော ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား အမှန်ပြည့်စုံလာ၍ လူသူကင်းမဲ့သောကာလပတ်လုံး အနှစ်ခုနစ်ဆယ်စေ့သည်အထိ ငြိမ်ဝပ်စွာနေရ၏။
ယေရမိ 29:10 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထာဝရဘုရားက ဘေဘီလုံမြို့တွင် အနှစ်ခုနစ်ဆယ်ပြည့်သောအခါ ငါသည် သင်တို့ကို အကြည့်အရှုကြွလာမည်။ ဤပြည်သို့ သင်တို့ကို ပြန်ခေါ်လာမည်ဟူသော ငါ၏ကတိကို ပြည့်စုံစေမည်။ Common Language Bible ``ထာဝရဘုရားက`ဗာဗုလုန်မြို့၏သက်တမ်း အနှစ်ခုနစ်ဆယ်စေ့သောအခါ ငါသည်သင် တို့အားပြန်လည်ကြည့်ရှုမည်။ ငါ၏ကတိတော် ရှိသည့်အတိုင်းသင်တို့၏ပြည်သို့ပြန်လည် ပို့ဆောင်မည်။- Garrad Bible ထာ ဝ ရ ဘု ရား က လည်း၊ ဒု က္ခ နှင့် မ ဟုတ်။ သု ခ နှင့် ဆိုင် ရာ ကိုယ့် အ ကြံ အ စည်၊ သင် တို့ အား စောင့် မြော် ရာ နောင် အ ကျိုး ပေး ရန် အ ကြံ အ စည် ကို ငါ မှတ် သည့် အ လျောက်၊ ဗာ ဗု လုန် မြို့ ခေတ် နှစ် ပေါင်း ခု နစ် ဆယ် စေ့ သည့် ကာ လ၊ ငါ သည် သင် တို့ ကို အ ကြည့် အ ရှု လာ လျက်၊ ဤ အ ရပ် ဒေ သ သို့ ပြန် ပို့၍ က တိ တော် မြတ် ကို အ တည် ပြု မည်။ Judson Bible တစ်ဖန်မိန့်တော်မူသည်ကား၊ ဗာဗုလုန်မြို့၌ အနှစ်ခုနစ်ဆယ်စေ့သောအခါ၊ သင်တို့ကို ငါအကြည့်အရှု ကြွလာမည်။ ငါထားသော ကတိကောင်းကို တည်စေ၍၊ သင်တို့ကို ဤပြည်သို့ ငါပို့ဆောင်ဦးမည်။ |
အစ္စရေးမြေသည် မိမိ၏ဥပုသ်နေ့များကိုမွေ့လျော်ရမည်ဟူသော ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား အမှန်ပြည့်စုံလာ၍ လူသူကင်းမဲ့သောကာလပတ်လုံး အနှစ်ခုနစ်ဆယ်စေ့သည်အထိ ငြိမ်ဝပ်စွာနေရ၏။
ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင်ကုရုမင်းကြီး နန်းစံပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံအားလုံးသို့ လိုက်လံကြေညာစေ၍ ထိုစကားကို စာဖြင့်လည်း မှတ်တမ်းတင်ထားလေ၏။
ယေရမိ၏နှုတ်အားဖြင့် ထာဝရဘုရားမိန့်တော်မူသောစကား ပြည့်စုံစေရန် ပါးရှားဘုရင် ကုရုမင်းကြီး နန်းစံသောပထမနှစ်တွင် ထာဝရဘုရားသည် ပါးရှားဘုရင်ကုရုမင်းကြီး၏စိတ်ကို နှိုးဆော်တော်မူသဖြင့် သူသည် မိမိနိုင်ငံတစ်ဝန်းလုံးသို့ လိုက်လံကြေညာစေ၍ စာဖြင့်လည်း မှတ်တမ်းတင်ထားသောစကားကား ဤသို့ဖြစ်၏။
ပါးရှားဘုရင်ကုရုမင်းကြီးက “ကောင်းကင်ဘုံရှင် ဘုရားသခင်ထာဝရဘုရားသည် မြေကြီးပေါ်ရှိတိုင်းနိုင်ငံအလုံးစုံကို ငါ့အား ပေးတော်မူပြီ။ ယုဒပြည်၊ ဂျေရုဆလင်မြို့တွင် ကိုယ်တော့်အဖို့ အိမ်တော်ကိုတည်ရန် ငါ့ကို ခန့်ထားတော်မူပြီ။
အကယ်စင်စစ် ကိုယ်တော်၏အစေအပါးတို့သည် ဇိအုန်၏ကျောက်တုံးများကို နှစ်သက်၍ ၎င်း၏မြေမှုန့်ကိုပင် စုံမက်ကြပါ၏။
တိုင်းပြည်တစ်ပြည်လုံးသည် ပြိုပျက်ရာ၊ လူသူကင်းမဲ့ရာ ဖြစ်လိမ့်မည်။ ဤပြည်သူပြည်သားတို့သည် ဘေဘီလုံဘုရင်ကို အနှစ်ခုနစ်ဆယ် အစေခံရလိမ့်မည်။
အနှစ်ခုနစ်ဆယ်ပြည့်ပြီးမှ ဘေဘီလုံဘုရင်မှစ၍ သူ၏လူမျိုးများနှင့်တကွ ခါလဒဲပြည်ကိုပါ သူတို့အပြစ်များကြောင့် သူတို့ကို ငါဒဏ်ခတ်မည်။ ထိုပြည်ကို အစဉ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
‘ထိုအသုံးအဆောင်တို့ကို ဘေဘီလုံမြို့သို့ ယူဆောင်သွားကြလိမ့်မည်။ ငါအကြည့်အရှုကြွလာမည့်နေ့အထိ ထိုမြို့တွင် ထားကြလိမ့်မည်။ ထို့နောက်မှ ထိုအသုံးအဆောင်တို့ကို ပြန်ယူဆောင်လာ၍ ဤနေရာ၌ထားမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆို၏။
သူ၏နိုင်ငံအဆုံးမရောက်မီအထိ လူမျိုးအပေါင်းတို့သည် သူနှင့်သူ၏သားမြေးတို့ထံ၌ အစေခံရလိမ့်မည်။ ထို့နောက်မှ သူသည် လူမျိုးကြီးများ၊ တန်ခိုးကြီးသောဘုရင်များထံ အစေခံရလိမ့်မည်’ဟု မိန့်တော်မူ၏။
သူက ဘေဘီလုံမြို့တွင်ရှိသော ငါတို့ထံသို့စာပို့ပြီး ဘေဘီလုံမြို့တွင် ကြာမြင့်စွာနေရဦးမည်။ ထို့ကြောင့် အိမ်ကိုဆောက်၍ နေထိုင်ကြလော့။ ဥယျာဉ်များ၌ စိုက်ပျိုး၍ အသီးအနှံကိုစားကြလော့ဟု ဆိုလေပြီတကား’ဟူ၍ မိန့်တော်မူပြီ”ဟု ပြောကြားလော့။
ထာဝရဘုရားက နဟေလံအမျိုး ရှေမာယသည် ငါ့ကို ပုန်ကန်ပြောဆိုသောကြောင့် ကြည့်ရှုလော့။ ငါသည် သူနှင့်သူ၏သားစဉ်မြေးဆက်တို့ကို ဒဏ်ခတ်မည်။ ဤလူမျိုးထဲတွင် သူ၏သားစဉ်မြေးဆက်တစ်ယောက်မျှ အသက်ရှင်နေထိုင်ရမည်မဟုတ်ဟု မိန့်တော်မူ၏။ တစ်ဖန် ထာဝရဘုရားက ငါ့လူမျိုးတော်အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာကို သူတို့ခံစားရမည်မဟုတ်”ဟု မိန့်ဆို၏။
ထာဝရဘုရားမိန့်တော်မူသည်မှာ ‘ကြည့်ရှုလော့။ ဖမ်းခေါ်သွားခြင်းခံရသော ငါ့လူမျိုးတော်အစ္စရေးနှင့်ယုဒတို့ကို ငါပြန်လာစေသောနေ့ ရောက်လာပြီ။ ဘိုးဘေးတို့အား ငါပေးခဲ့သောပြည်သို့ သူတို့ကို ပြန်လာစေသဖြင့် ထိုပြည်ကို သူတို့ပြန်လည်ပိုင်ဆိုင်ရလိမ့်မည်’ဟူ၍ ဖြစ်၏”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယုဒအမျိုးအနွယ်၊ အစ္စရေးအမျိုးအနွယ်တို့ကို ကောင်းကျိုးချမ်းသာပြုပေးမည်ဟူသော ငါ့ကတိကို ပြည့်စုံစေမည့်နေ့ရောက်လာလေပြီ။
ထို့ကြောင့် ‘ဘုရားရှင်ထာဝရဘုရားက သင်တို့ကို လူမျိုးတကာတို့မှ ပြန်လည်စုစည်းမည်။ သင်တို့ကွဲလွင့်ရာအရပ်ရပ်တို့မှ သင်တို့ကို ပြန်ခေါ်လာမည်။ အစ္စရေးပြည်ကို သင်တို့အား ပြန်ပေးမည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။
ဒါရိမင်းကြီးနန်းစံပထမနှစ်တွင် ငါဒံယေလသည် ဂျေရုဆလင်မြို့ပျက်စီးမည့်နှစ်ပေါင်းမှာ အနှစ်ခုနစ်ဆယ်ဖြစ်ကြောင်း ပရောဖက်ယေရမိပြောကြားခဲ့သောထာဝရဘုရား၏နှုတ်ကပတ်တော်ကို ကျမ်းစာလိပ်အားဖြင့် သိခဲ့ရ၏။
ထိုနေရာသည် ကြွင်းကျန်သောယုဒအမျိုးအနွယ်တို့အတွက် ဖြစ်လိမ့်မည်။ သူတို့သည် ထိုနေရာတွင် ကျက်စား၍ နေဝင်ချိန်၌ အာရှကေလုန်မြို့ရှိအိမ်တို့တွင် လဲလျောင်းကြလိမ့်မည်။ စင်စစ် သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အကြည့်အရှုကြွလာ၍ ဖမ်းခေါ်သွားခြင်းခံရာမှ ပြန်လာစေတော်မူမည်။
ထိုအခါ ထာဝရဘုရား၏ကောင်းကင်တမန်က “အို ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၊ နှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး ကိုယ်တော်အမျက်တော်ရှခဲ့သော ယုဒပြည်ရှိမြို့များနှင့် ဂျေရုဆလင်မြို့ကို ကရုဏာတော်မပြဘဲ မည်မျှကြာအောင် နေတော်မူမည်နည်း”ဟု လျှောက်ဆိုလေ၏။
“ပြည်သူပြည်သားအပေါင်းနှင့် ယဇ်ပုရောဟိတ်တို့အား ‘ဤနှစ်ပေါင်းခုနစ်ဆယ်ပတ်လုံး ပဉ္စမလနှင့် သတ္တမလတို့တွင် သင်တို့ အစာရှောင်ငိုကြွေးမြည်တမ်းခဲ့ကြသည်မှာ ငါ့အဖို့ အစာရှောင်ခြင်း အမှန်တကယ်ဟုတ်ခဲ့သလော။
ထာဝရဘုရားသည် မိမိလူမျိုးတော်အား ကြည့်ရှုထောက်မ၍ အစာရေစာပေးတော်မူကြောင်းကို မောဘပြည်မှ နောမိကြားသိသောအခါ သူသည် ချွေးမတို့နှင့်အတူ မောဘပြည်မှ နေရင်းပြည်သို့ ပြန်သွားရန် ပြင်ဆင်၏။