ရုသ 1:6 - မြန်မာ့စံမီသမ္မာကျမ်း6 ထာဝရဘုရားသည် မိမိလူမျိုးတော်အား ကြည့်ရှုထောက်မ၍ အစာရေစာပေးတော်မူကြောင်းကို မောဘပြည်မှ နောမိကြားသိသောအခါ သူသည် ချွေးမတို့နှင့်အတူ မောဘပြည်မှ နေရင်းပြည်သို့ ပြန်သွားရန် ပြင်ဆင်၏။ အခန်းကိုကြည့်ပါ။Common Language Bible6 ကာလအတန်ကြာသောအခါ ထာဝရဘုရား သည်ကောက်ပဲသီးနှံအထွက်များစေခြင်းအား ဖြင့် မိမိ၏လူစုအားကောင်းချီးပေးတော်မူ ကြောင်းသတင်းကိုနောမိကြားရလေသည်။ သို့ ဖြစ်၍သူသည်မိမိ၏ချွေးမများနှင့်အတူ မောဘပြည်မှထွက်ခွာရန်အသင့်ပြင်လေ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 လူ မျိုး တော် အား ထာ ဝ ရ ဘု ရား ကြည့် ရှု၍ အ စာ ပေး သ နား တော် မူ ကြောင်း ကို မော ဘ ပြည် တွင် နေ သေး စဉ် ကြား ရ သည် နှင့် ထို ပြည် မှ ချွေး မ နှစ် ယောက် တို့ နှင့် တ ကွ ပြန် သွား ရန် ထ ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible6 တစ်ဖန် ထာဝရဘုရားသည် မိမိလူတို့ကို အကြည့်အရှုကြွ၍ မုန့်ကိုပေးသနားတော်မူကြောင်းကို ထိုမိန်းမသည် မောဘပြည်၌ကြားသောအခါ၊ မောဘပြည်မှ ပြန်သွားမည်ဟု ချွေးမနှစ်ယောက်နှင့်အတူထ၍၊ အခန်းကိုကြည့်ပါ။ |
သင်သည် သွား၍ အစ္စရေးသက်ကြီးဝါကြီးတို့ကိုစုဝေးစေပြီးလျှင် သူတို့အား ‘သင်တို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၊ ဣဇက်၊ ယာကုပ်တို့၏ဘုရားတည်းဟူသော ထာဝရဘုရားသည် ငါ့အား ကိုယ်ထင်ရှားပြတော်မူလျက် “ငါသည် သင်တို့ကိုလည်းကောင်း၊ အီဂျစ်ပြည်တွင် သင်တို့၌ဖြစ်ပျက်သောအရာကိုလည်းကောင်း အမှန်ပင် အကြည့်အရှုကြွလာပြီ။
ထိုနေရာသည် ကြွင်းကျန်သောယုဒအမျိုးအနွယ်တို့အတွက် ဖြစ်လိမ့်မည်။ သူတို့သည် ထိုနေရာတွင် ကျက်စား၍ နေဝင်ချိန်၌ အာရှကေလုန်မြို့ရှိအိမ်တို့တွင် လဲလျောင်းကြလိမ့်မည်။ စင်စစ် သူတို့၏ဘုရားသခင်ထာဝရဘုရားသည် သူတို့ကို အကြည့်အရှုကြွလာ၍ ဖမ်းခေါ်သွားခြင်းခံရာမှ ပြန်လာစေတော်မူမည်။
သင်မှစ၍ သင့်အထဲ၌ရှိသော သင်၏သားသမီးတို့ကို မြေနှင့်တစ်ညီတည်းဖြစ်စေသဖြင့် သင့်အထဲတွင် ကျောက်တုံးတစ်တုံးကိုမျှ အခြားကျောက်တုံးတစ်တုံးပေါ်၌မကျန်ရစ်စေမည့် အချိန်ကာလသည် ရောက်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင့်ထံ အကြည့်အရှုကြွလာတော်မူသောအချိန်ကို သင်မသိသောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။