ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
ယေရမိ 25:23 - မြန်မာ့စံမီသမ္မာကျမ်း ဒေဒန်ပြည်သားများ၊ တေမပြည်သားများ၊ ဗုဇပြည်သားများနှင့် နားသယ်မွေးရိတ်လေ့ရှိသောပြည်သားအားလုံး Garrad Bible ဒေ ဓန်၊ တေ မ နှင့် ဗုဇ အ မျိုး သား တို့ မှ စ၍၊ န ဖူး ထိပ် ဆံ ရိတ် သူ တို့ အား လည်း ကောင်း၊ Judson Bible ဒေဓန်ပြည်သား၊ တေမပြည်သား၊ ဗုဇပြည်သား၊ ပါးမုန်းကိုရိတ်တတ်သောပြည်သားရှိသမျှ၊ |
ကုရှ၏သားများမှာ သေဘ၊ ဟဝိလ၊ သာဘတ၊ ရာဂမ၊ သတ္တေခါ တို့ဖြစ်ကြ၏။ ရာဂမ၏သားများမှာ ရှေဘ၊ ဒေဒန် တို့ဖြစ်ကြ၏။
တေမခရီးသည်တို့သည် လိုက်ရှာကြ၏။ ရှေဘကုန်သည်တို့သည်လည်း စောင့်မျှော်နေကြ၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး ချေမှုန်းနိုင်ခဲ့သောကေဒါအမျိုးနှင့်ပတ်သက်၍၊ ဟာဇော်နိုင်ငံတို့နှင့်ပတ်သက်၍ ထာဝရဘုရားက “ထကြ။ ကေဒါအမျိုးကို တိုက်ခိုက်ကြ။ အရှေ့ပြည်သားများကို ဖျက်ဆီးကြ။
ထာဝရဘုရားက “သူတို့၏ကုလားအုတ်များကို လုယူ၍ တိရစ္ဆာန်အလုံးအရင်းကို သိမ်းယူသွားမည်။ နားသယ်မွေးရိတ်သောသူတို့ကို လေနှင်ရာအရပ်ရပ်သို့ ငါကွဲလွင့်စေမည်။ လေးဘက်လေးတန်မှဘေးဒုက္ခကို သူတို့ထံ ငါရောက်စေမည်။
ဧဒုံပြည်နှင့်ပတ်သက်၍ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “တေမန်မြို့၌ ပညာရှိ မရှိတော့သလော။ အသိဉာဏ်ရှိသောသူတို့သည် အကြံမပေးနိုင်တော့သလော။ သူတို့ ဉာဏ်ပညာမဲ့ကြပြီလော။
အို ဒေဒန်မြို့သူမြို့သားတို့၊ နောက်ဆုတ်ထွက်ပြေးကြ။ ပုန်းအောင်းနေကြ။ အကြောင်းမူကား သူ့ကိုဒဏ်ခတ်သောအချိန်၌ ဧသောခံရသောဘေးဒုက္ခမျိုးကို သူ့အပေါ်သက်ရောက်စေမည်။
ထာဝရဘုရားက “ကြည့်ရှုလော့။ ကိုယ်ကာယအရေဖျားလှီးခြင်းကိုသာခံသောသူရှိသမျှအား အပြစ်ဒဏ်ပေးမည့်နေ့ရက် ရောက်လာမည်။
ငါသည် အီဂျစ်လူမျိုး၊ ယုဒလူမျိုး၊ ဧဒုံလူမျိုး၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် တောကန္တာရ၌နေထိုင်ကြသည့်နားသယ်မွေးရိတ်လေ့ရှိသောသူအားလုံးတို့ကို အပြစ်ဒဏ်ပေးမည်။ အကြောင်းမူကား လူမျိုးအပေါင်းတို့သည် အရေဖျားမလှီးသောသူများဖြစ်ကြ၏။ အစ္စရေးအမျိုးသားရှိသမျှတို့သည်လည်း စိတ်နှလုံးအရေဖျားမလှီးသောသူများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါသည် လက်တော်ကိုဆန့်၍ ဧဒုံပြည်ရှိ လူနှင့်တိရစ္ဆာန်တို့ကို သုတ်သင်ပစ်မည်။ ဆိတ်ညံရာဖြစ်စေမည်။ တေမန်မြို့မှစ၍ ဒေဒန်မြို့တိုင်အောင် ဓားဘေးကျရောက်စေမည်’ဟု မိန့်တော်မူ၏။
ဒေဒန်အမျိုးသားတို့သည် သင်နှင့်ကုန်သွယ်ကြ၏။ ကမ်းရိုးတန်းရှိလူများစွာတို့သည် သင့်လက်စွဲကုန်သည်များဖြစ်ကြ၏။ သူတို့သည် သင့်ကို ဆင်စွယ်၊ သစ်နက်တို့နှင့် ပေးချေကြ၏။
ဒေဒန်မြို့သားတို့သည် သင်၏ကုန်ပစ္စည်းတို့ကို မြင်းကုန်းနှီးအဆင်တန်ဆာများနှင့် လဲလှယ်ကြ၏။