ငါသည် အခက်အခဲပြဿနာ၊ ဝမ်းနည်းခြင်းများနှင့် ကြုံတွေ့ရ၍ ငါ၏နေ့ရက်တို့သည်လည်း အရှက်ကွဲခြင်းနှင့် ကုန်ဆုံးသွားရစေရန် အဘယ်ကြောင့် မွေးလာရသနည်း။
ငါသည်အဘယ်ကြောင့်ဖွားမြင်၍လာရပါ သနည်း။ ဝမ်းနည်းပူပန်ခြင်းနှင့်ဆင်းရဲဒုက္ခခံရန် သာလျှင် ဖြစ်ပါသလော။ ငါ၏ဘဝကိုအသရေပျက်မှုနှင့်နိဂုံးချုပ် ရန်ပင် ဖြစ်ပါသလော။
ပင် ပန်း ခြင်း၊ ပူ ဆွေး ခြင်း ကို သာ တွေ့ မြင်၍၊ ရှက် လျက် အ သက် တာ ကုန် ဆုံး အံ့ သော ငှာ၊ ဝမ်း မှ ငါ ဖွား ရ သည် မှာ၊ အ သို့ နည်း။
ငါသည် ပူပန်ခြင်း၊ ဝမ်းနည်းခြင်းကိုခံရမည် အကြောင်းနှင့် ရှက်ကြောက်ခြင်းအားဖြင့် ကိုယ်အသက်ကို လွန်စေရမည်အကြောင်း၊ အဘယ်ကြောင့် ငါ့ကို ဖွားမြင်ရပါသနည်း။
တောကန္တာရသို့ ခရီးဆက်လေ၏။ တစ်ရက်ကြာခရီးသွားပြီးလျှင် ရှားပင်တစ်ပင်အောက်တွင် ထိုင်လျက် “အို ထာဝရဘုရား၊ တန်ပါပြီ။ ယခု အကျွန်ုပ်အသက်ကို ရုပ်သိမ်းတော်မူပါ။ အကျွန်ုပ်သည် အကျွန်ုပ်ဘိုးဘေးတို့ထက် မြတ်သောသူမဟုတ်ပါ”ဟု မိမိအသက်သေဖို့ ဆုတောင်းလေ၏။
မိန်းမမှမွေးလာသောလူသည် အသက်တာတိုတောင်း၍ ဆင်းရဲဒုက္ခများနှင့် ပြည့်နှက်နေပါ၏။
ကိုယ်တော်သည် အကျွန်ုပ်ကို မရဏာနိုင်ငံတွင် ဝှက်ထားပါစေသော။ အမျက်တော်ပြေသည်အထိ အကျွန်ုပ်ကို မျက်နှာလွှဲထားပါစေသော။ အကျွန်ုပ်အား အောက်မေ့ရမည့်အချိန်ကိုလည်း သတ်မှတ်ထားပါစေသော။
ဒုက္ခရောက်နေသူကို အဘယ်ကြောင့် အလင်းပေးသနည်း။ ခါးသီးစွာခံစားနေရသူတို့ကို အဘယ်ကြောင့် အသက်ရှင်ခွင့်ပေးသနည်း။
မီးပွားတို့သည် အထက်သို့လွင့်သွားသကဲ့သို့ လူသည် အခက်အခဲပြဿနာ၌ကျင်လည်ရန် မွေးဖွားလာ၏။
အကြောင်းမူကား အကျွန်ုပ်၏နေ့ရက်များသည် မီးခိုးကဲ့သို့ကုန်လွန်သွားကြပြီး အကျွန်ုပ်၏အရိုးများသည် မီးကျီးခဲများကဲ့သို့ တောက်လောင်ကြပါ၏။
အကျွန်ုပ်ခံရသောကဲ့ရဲ့ပြစ်တင်ခြင်း၊ အရှက်ကွဲခြင်းနှင့် အသရေပျက်ခြင်းတို့ကို ကိုယ်တော်သိပါ၏။ အကျွန်ုပ်၏ရန်သူအပေါင်းတို့သည် ကိုယ်တော်၏ရှေ့မှောက်၌ရှိကြပါ၏။
ဦးခေါင်းမှ ခြေဖျားတိုင်အောင် အနာနှင့်ကင်းသည်ဟူ၍ မရှိ။ ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ၊ သွေးစိမ်းထွက်သောအနာတို့ဖြင့်သာပြည့်နေ၏။ အနာကိုမဆေးကြော၊ မပတ်စည်း၊ ဆီနှင့်မလူးကြပါတကား။
ဖြောင့်မတ်ခြင်းကိုသိ၍ ငါ၏ပညတ်တရားကို နှလုံးသွင်းသောသူတို့၊ ငါ့စကားကိုနားထောင်ကြလော့။ လူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်းကို မကြောက်ကြနှင့်။ သူတို့၏ကဲ့ရဲ့စော်ကားခြင်းကို မလန့်ကြနှင့်။
အို ငါ့မွေးသမိခင်၊ ငါ၌အမင်္ဂလာရှိ၏။ ငါသည် မြေတစ်ပြင်လုံးနှင့်ခိုက်ရန်ဖြစ်ပွားသောသူ၊ အငြင်းပွားသောသူ ဖြစ်ရပါပြီတကား။ ငါသည် သူတို့ကို မချေးငှားပေးဖူးပါ။ သူတို့ထံမှ မချေးယူဖူးပါ။ သို့ရာတွင် သူတို့အားလုံးက ငါ့ကိုကျိန်ဆဲကြပါ၏။
အကျွန်ုပ်၏ဝေဒနာသည် အဘယ်ကြောင့် အတောမသတ်နိုင်ပါသနည်း။ အကျွန်ုပ်၏ဒဏ်ရာသည် အဘယ်ကြောင့် ကုသ၍ မပျောက်ကင်းနိုင်ပါသနည်း။ ကိုယ်တော်သည် အကျွန်ုပ်အားထား၍မရသော၊ အကျွန်ုပ်ကိုလှည့်စားသောစမ်းရေကဲ့သို့ ဖြစ်တော်မူ၍လော။
အကျွန်ုပ်တို့သည် အရှက်ကွဲခြင်း၌ လဲလျောင်းရပါစေ။ အသရေပျက်ခြင်းသည် အကျွန်ုပ်တို့ကို ဖုံးလွှမ်းပါစေ။ အကြောင်းမူကား အကျွန်ုပ်တို့သည် ငယ်စဉ်မှစ၍ ယနေ့တိုင်အောင် အကျွန်ုပ်တို့နှင့်အကျွန်ုပ်တို့ဘိုးဘေးများသည် ဘုရားသခင်ထာဝရဘုရားကို ပြစ်မှားကြပါပြီ။ ဘုရားသခင်ထာဝရဘုရား၏အသံတော်ကို နားမထောင်ကြပါ”ဟု ဆိုကြ၏။
ငါသည် ဖြေမဆည်နိုင်လောက်အောင် ဝမ်းနည်း၏။ ငါ့စိတ်နှလုံးသည် ညှိုးနွမ်းလျက်ရှိ၏။
လမ်းသွားလမ်းလာအပေါင်းတို့၊ သင်တို့နှင့်ဘာမျှမဆိုင်သလော။ ထာဝရဘုရားပြင်းစွာအမျက်ထွက်တော်မူသောနေ့၌ ငါ့ကို ခံစားစေတော်မူသော ဒုက္ခဝေဒနာမျိုး မချိတင်ကဲခံရဖူးသူရှိသလော၊ ကြည့်လှည့်ပါ၊ မြင်လှည့်ပါ။
ငါသည် ကိုယ်တော်၏အမျက်တော်ကြိမ်လုံးကြောင့် ဖိစီးနှိပ်စက်မှုကို ကြုံတွေ့ခဲ့ရသောသူဖြစ်ပါ၏။
အကျွန်ုပ်ကို အဘယ်ကြောင့် အပြစ်ဒုစရိုက်နှင့် ကြုံတွေ့စေသနည်း။ အဘယ်ကြောင့် အခက်အခဲပြဿနာများနှင့် တွေ့စေသနည်း။ ဖျက်ဆီးခြင်း၊ အကြမ်းဖက်ခြင်းသည် အကျွန်ုပ်ရှေ့တွင် ရှိနေပါ၏။ ခိုက်ရန်ဖြစ်ပွားမှု၊ အငြင်းပွားမှုများလည်း ဖြစ်ပွားနေပါ၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ သင်တို့သည် ငိုကြွေးလျက်မြည်တမ်းကြလိမ့်မည်။ ဤလောကမူကား ဝမ်းမြောက်လိမ့်မည်။ သင်တို့သည် ဝမ်းနည်းကြသော်လည်း သင်တို့၏ဝမ်းနည်းခြင်းသည် ဝမ်းမြောက်ခြင်းဖြစ်သွားလိမ့်မည်။
တမန်တော်တို့သည် နာမတော်အတွက် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် မှတ်ယူတော်မူခြင်းခံရသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်ရှေ့မှထွက်သွားကြ၏။
ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။
ဘုရားသခင်၏အလိုတော်ကိုဆောင်ရွက်ပြီး ကတိတော်ကိုခံစားရရှိနိုင်ရန် သင်တို့၌လိုအပ်သောအရာမှာ သည်းခံခြင်းဖြစ်၏။
အချို့သောသူတို့မူကား ကဲ့ရဲ့ခြင်း၊ ကြိမ်ဒဏ်ပေးခြင်းတို့ကိုခံရသည်သာမက ထောင်ထဲ၌ချုပ်နှောင်ထားခြင်းကိုလည်းခံခဲ့ကြရ၏။
ယုံကြည်ခြင်းကိုအစပြုဖြစ်တည်စေ၍ စုံလင်စေသည့်အရှင်ဖြစ်တော်မူသောယေရှုကို မျက်မှောက်ပြုကြကုန်စို့။ ကိုယ်တော်သည် မိမိရှေ့၌ပြင်ဆင်ထားသောဝမ်းမြောက်ခြင်းကြောင့် ရှက်ဖွယ်ရာများကိုပင် အမှုမထားဘဲ လက်ဝါးကပ်တိုင်၏ဒဏ်ကိုသည်းခံပြီးလျှင် ဘုရားသခင်၏ပလ္လင်တော်လက်ယာဘက်၌ ထိုင်တော်မူ၏။
သို့ဖြစ်၍ ငါတို့သည် ကိုယ်တော်ခံခဲ့သောကဲ့ရဲ့ပြစ်တင်ခြင်းကိုဆောင်ယူပြီး စခန်းအပြင်သို့ထွက်၍ ကိုယ်တော်ထံသို့ သွားကြကုန်စို့။