ဖတဆိုးကိုပင် သင်တို့မဲချခွဲဝေယူကြ၏။ ကိုယ့်မိတ်ဆွေရင်းကိုပင် သင်တို့ရောင်းစားကြ၏။
ယေရမိ 18:20 - မြန်မာ့စံမီသမ္မာကျမ်း အကောင်းကို အဆိုးဖြင့် တုံ့ပြန်သင့်ပါသလော။ သို့သော် သူတို့သည် အကျွန်ုပ်အတွက် သေတွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ ရပ်လျက် သူတို့ကောင်းစားမည့်အကြောင်း၊ သူတို့ထံမှ အမျက်တော်လွှဲသွားမည့်အကြောင်း တောင်းလျှောက်ပေးခဲ့သည်ကို အောက်မေ့တော်မူပါ။ Common Language Bible ကောင်းကျိုးကိုဆိုးကျိုးဖြင့်ပေးချေသင့်ပါ မည်လော။ သို့ပါလျက်သူတို့သည်ကျွန်တော် မျိုးလိမ့်ကျစေရန်တွင်းကိုတူးကြပါပြီ။ ကျွန်တော်မျိုးသည်အထံတော်သို့လာ၍သူ တို့အားအမျက်တော်နှင့်ဆက်ဆံတော်မမူ ရန် သူတို့ကိုယ်စားအဘယ်သို့ပြန်ကြား လျှောက်ထားခဲ့သည်ကိုအောက်မေ့သတိရ တော်မူပါ။- Garrad Bible အ ကျွန်ုပ် အ သက် ဆုံး ရှုံး ရန်၊ တွင်း တူး ကြ သည် မှာ၊ အ ကောင်း အ တွက် အ ဆိုး ကို ဆပ် ပေး အပ် ပါ သ လော။ အမျက် တော် ကို၊ သူ တို့ မှ လွှဲ စေ ခြင်း ငှာ၊ မျက် မှောက် တော် တွင် ခ စား လျက်၊ ချင်း တို့ အ ကျိုး အ လို့ ငှာ၊ လဲ လျှောက် ခဲ့ သည် ကို သ တိ ရ တော် မူ ပါ။ Judson Bible ကျေးဇူးပြုသောအတွက် အပြစ်ပေးသင့်ပါမည်လော။ သူတို့သည် အကျွန်ုပ်အသက်ဖို့ တွင်းကို တူးကြပါပြီ။ အကျွန်ုပ်သည် သူတို့ အကျိုးအလိုငှာ လျှောက်၍၊ သူတို့မှအမျက်တော်ကို လွှဲခြင်းငှာ၊ ရှေ့တော်၌ ရပ်နေကြောင်းကို အောက်မေ့တော်မူပါ။ |
ဖတဆိုးကိုပင် သင်တို့မဲချခွဲဝေယူကြ၏။ ကိုယ့်မိတ်ဆွေရင်းကိုပင် သင်တို့ရောင်းစားကြ၏။
ထို့ကြောင့် ကိုယ်တော်သည် သူတို့ကိုဖျက်ဆီးမည်ဟု မိန့်တော်မူ၏။ သို့ရာတွင် ကိုယ်တော်ရွေးကောက်တော်မူသော မောရှေသည် ရှေ့တော်မှ ကျိုးပေါက်မည့်နေရာတွင်ရပ်လျက် သူတို့ကိုဖျက်ဆီးမည့် ကိုယ်တော်၏အမျက်ဒေါသကို တားဆီးခဲ့၏။
ဆိုးယုတ်သောသူတို့သည် အကျွန်ုပ်ကိုဖျက်ဆီးရန် စောင့်နေကြပါ၏။ သို့သော် အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို အလေးအနက်ဆင်ခြင်ပါ၏။
သူတို့သည် ငါ့အား အကောင်းကိုအဆိုးဖြင့်တုံ့ပြန်၍ ငါ၏စိတ်ဝိညာဉ်ကို အထီးကျန်ညှိုးငယ်စေကြ၏။
အကြောင်းမူကား သူတို့သည် အကြောင်းမဲ့ အကျွန်ုပ်အတွက် ပိုက်ကွန်ကို လျှို့ဝှက်စွာထောင်ထားကြ၏။ အကြောင်းမဲ့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဖမ်းမိရန် တွင်းကိုတူးကြ၏။
အကျွန်ုပ်သည် ကောင်းမြတ်သောအရာကို လက်ကိုင်ပြုသောကြောင့် အကောင်းကိုအဆိုးဖြင့်တုံ့ပြန်သောသူတို့သည် အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲကြပါ၏။
သူတို့သည် အကျွန်ုပ်ခြေလှမ်းမည့်နေရာတွင် ပိုက်ကွန်ကို ဖြန့်ထားကြပါ၏။ အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုင်းညွတ်နိမ့်ကျနေပါ၏။ သူတို့သည် အကျွန်ုပ်သွားမည့်လမ်း၌ ထောင်ချောက်တွင်းကို တူးထားပြီး သူတို့ကိုယ်တိုင် ထိုတွင်းထဲသို့ ကျကြပါ၏။(စေလာ)
တစ်စုံတစ်ဦးသည် ကောင်းမှုကို မကောင်းမှုဖြင့်တုံ့ပြန်လျှင် မကောင်းမှုသည် သူ့အိမ်မှ ထွက်ခွာလိမ့်မည်မဟုတ်။
တွင်းတူးသောသူသည် ထိုတွင်းထဲသို့ ကျလိမ့်မည်။ ကျောက်တုံးကိုလှိမ့်သောသူသည် သူ့အပေါ်သို့ ထိုကျောက်တုံး ပြန်လိမ့်လာလိမ့်မည်။
တွင်းကိုတူးသောသူသည် ထိုတွင်းထဲသို့ ကျတတ်၏။ တံတိုင်းကိုဖြိုဖျက်သောသူသည်လည်း မြွေကိုက်ခံရတတ်၏။
သင်သည်လည်း ဤလူမျိုးအတွက် အသနားမခံနှင့်။ သူတို့အတွက် ဟစ်ကြော်ခြင်း၊ ဆုတောင်းခြင်းကိုမပြုနှင့်။ အကြောင်းမူကား သူတို့သည် ဘေးအန္တရာယ်ရောက်ချိန်၌ ငါ့ကိုခေါ်သောအခါ ငါနားထောင်မည်မဟုတ်။
အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏ဆိုးယုတ်မှု၊ ဘိုးဘေးတို့၏အပြစ်တို့ကို ဝန်ခံပါ၏။ အကယ်စင်စစ် အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားမိကြပါပြီ။
တစ်ဖန် ထာဝရဘုရားက ငါ့အား “မောရှေနှင့်ရှမွေလသည် ငါ့ရှေ့၌လာရပ်လျှင်ပင် ဤလူမျိုးထံ ငါ့စိတ်ပြန်လည်လာမည်မဟုတ်။ သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်လော့။ ငါ့ရှေ့မှ ထွက်သွားစေလော့။
အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့သည် အရှက်ကွဲကြပါစေသော။ အကျွန်ုပ်မူကား အရှက်မကွဲရပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား စိတ်မပျက်ရပါစေနှင့်။ သူတို့ကို ဆိုးရွားသောနေ့ရက်နှင့် ကြုံတွေ့စေတော်မူပါ။ ဖျက်ဆီးခြင်းဘေးနှစ်ဆဖြင့် သူတို့ကို ဖျက်ဆီးတော်မူပါ။
အို ထာဝရဘုရား၊ အကျွန်ုပ်တောင်းလျှောက်သံကို နားညောင်းတော်မူပါ။ အကျွန်ုပ်အား ရန်ပြုသောသူတို့၏စကားကို ကြားတော်မူပါ။
ဓားပြတို့သည် သူတို့ကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်သဖြင့် သူတို့၏အိမ်သားများ အော်ဟစ်ကြရပါစေ။ အကြောင်းမူကား သူတို့သည် အကျွန်ုပ်ကိုဖမ်းဆီးရန် တွင်းကိုတူးကြပါပြီ။ ကျော့ကွင်းကိုထောင်ထားကြပါပြီ။
သူတို့သည် ပရောဖက်ဖြစ်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူတို့နှင့်အတူရှိမည်ဆိုလျှင် ထာဝရဘုရား၏အိမ်တော်၊ ယုဒဘုရင်၏နန်းတော်၊ ဂျေရုဆလင်မြို့၌ ကျန်ရစ်သောအသုံးအဆောင်များကို ဘေဘီလုံမြို့သို့ယူဆောင်မသွားရန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအား တောင်းပန်ကြစေ’ဟု မိန့်တော်မူ၏။
‘ငါ့လူမျိုးတော်တွင် ဆိုးယုတ်သောသူများကို တွေ့ရ၏။ သူတို့သည် ဝပ်လျက်ချောင်းမြောင်းနေသောငှက်မုဆိုးကဲ့သို့ ချောင်းမြောင်းတတ်ကြ၏။ လူတို့ကိုဖမ်းဆီးရန် ထောင်ချောက်ဆင်တတ်ကြ၏။
“သင်သည်လည်း ဤလူမျိုးအတွက် အသနားမခံနှင့်။ သူတို့အတွက် ဟစ်ကြော်ခြင်း၊ ဆုတောင်းခြင်းကိုမပြုနှင့်။ ကြားဝင်စေ့စပ်ခြင်းမပြုနှင့်။ သင်၏စကားကို ငါနားထောင်မည်မဟုတ်။
အို ထာဝရဘုရား၊ အကျွန်ုပ် မတရားသဖြင့်ခံရသည်ကို ကိုယ်တော်မြင်တော်မူပါပြီ။ အကျွန်ုပ်အမှုကို စီရင်တော်မူပါ။
ယေရှုကလည်း“ငါသည် ခမည်းတော်ထံမှ ကောင်းသောအမှုများစွာတို့ကို သင်တို့အားပြသခဲ့၏။ ၎င်းတို့ထဲမှ မည်သည့်အမှုကြောင့် ငါ့ကိုခဲနှင့်ပေါက်သတ်ကြမည်နည်း”ဟု သူတို့အားမေးတော်မူလျှင်
ဤသို့ဖြစ်ခြင်းမှာ သူတို့၏ပညတ်တရားကျမ်း၌ ‘ထိုသူတို့သည် အကြောင်းမဲ့ ငါ့ကိုမုန်းကြ၏’ဟု ရေးထားသောစကား ပြည့်စုံစေရန်ဖြစ်၏။
ထို့နောက် ယောနသန်သည် ခမည်းတော်ရှောလုမင်းကြီးအား ဒါဝိဒ်၏ကောင်းကြောင်းကို ပြောပြလျက် “အရှင်မင်းကြီး၊ အရှင်၏အမှုထမ်းဒါဝိဒ်ကို မပြစ်မှားပါနှင့်။ သူသည် အရှင်မင်းကြီးကို မပြစ်မှားပါ။ သူလုပ်ဆောင်သမျှသည် အရှင့်အဖို့ အကျိုးကြီးလှပါ၏။