ယေရမိ 17:26 - မြန်မာ့စံမီသမ္မာကျမ်း
သူတို့သည် ယုဒပြည်၊ ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ ဗင်္ယာမိန်ပြည်၊ မြေနိမ့်ဒေသ၊ တောင်ပေါ်ဒေသ၊ နေဂေ့အရပ်မှ ရောက်လာကြလိမ့်မည်။ သူတို့သည် မီးရှို့ရာယဇ်၊ ယဇ်ကောင်များ၊ ဘောဇဉ်ပူဇော်သက္ကာ၊ လော်ဗန်နှင့်တကွ ကျေးဇူးတော်ချီးမွမ်းရာပူဇော်သက္ကာကို ထာဝရဘုရား၏အိမ်တော်သို့ ယူဆောင်လာကြလိမ့်မည်။
အခန်းကိုကြည့်ပါ။
လူတို့သည်ယုဒမြို့များနှင့်ယေရုရှလင် မြို့ပတ်ဝန်းကျင်ကျေးရွာများမှလာရောက် ကြလိမ့်မည်။ သူတို့သည်ဗင်္ယာမိန်နယ်မြေ၊ တောင်ခြေဒေသများ၊ တောင်တန်းဒေသများ နှင့်ယုဒပြည်တောင်ပိုင်းနယ်မြေမှလာရောက် ကြလိမ့်မည်။ သူတို့သည်မီးရှို့ရာပူဇော်သကာ နှင့်ယဇ်များကိုလည်းကောင်း၊ ဂျုံစပါးပူဇော် သကာများ၊ နံ့သာပေါင်းနှင့်ကျေးဇူးတော်ချီး မွမ်းရာယဇ်တို့ကိုလည်းကောင်း ထာဝရဘုရား ၏အိမ်တော်သို့ယူဆောင်လာကြလိမ့်မည်။-
အခန်းကိုကြည့်ပါ။
ယု ဒ ပြည် မြို့ ရွာ၊ ယေ ရု ရှ လင် မြို့ ပတ် လည် ဇ န ပုဒ်၊ ဗင်္ယာ မိန် နယ်၊ ချိုင့် ဝှမ်း ရာ အ ရပ်၊ ခင် တန်း အ ရပ် နှင့် နေ ဂပ် ခ ရိုင် များ မှ၊ မီး ရှို့ ရာ သ က္ကာ၊ မိတ် သ ဟာ ယ သ က္ကာ၊ ဘော ဇဉ် သ က္ကာ များ ကို၊ လော ဗန် စေး၊ ချီး မွမ်း သ က္ကာ များ ပါ၊ ငါ ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် ကို လာ ရောက် ဆက် သွင်း ကြ လိမ့် မည်။
အခန်းကိုကြည့်ပါ။
မီးရှို့ရာယဇ်မှစ၍ အခြားသောယဇ်များ၊ ပူဇော်သကာများ၊ မီးရှို့ရာနံ့သာပေါင်း၊ ချီးမွမ်းရာယဇ်တို့ကို ထာဝရဘုရား၏ အိမ်တော်သို့ ဆောင်ခဲ့သော သူတို့သည် ယုဒမြို့များ၊ ယေရုရှလင်မြို့ပတ်ဝန်းကျင်အရပ်များ၊ ဗင်္ယာမိန်ပြည်၊ မြေညီခရိုင်၊ တောင်ရိုးခရိုင်၊ တောင်မျက်နှာ ခရိုင်မှလာကြလိမ့်မည်။
အခန်းကိုကြည့်ပါ။