ဟေဗြဲ 13:15 - မြန်မာ့စံမီသမ္မာကျမ်း15 ထို့ကြောင့် ငါတို့သည် နာမတော်ကိုဝန်ခံသောနှုတ်၏အသီးအပွင့်တည်းဟူသော ချီးမွမ်းခြင်းယဇ်ကို ကိုယ်တော်အားဖြင့် ဘုရားသခင်အား အစဉ်မပြတ်ပူဇော်ကြကုန်စို့။ အခန်းကိုကြည့်ပါ။Common Language Bible15 သို့ဖြစ်၍ငါတို့သည်ကိုယ်တော်ကိုငါတို့ ၏အရှင်သခင်အဖြစ်ဝန်ခံသောနှုတ်များ ဖြင့် ဂုဏ်တော်ချီးမွမ်းခြင်းယဇ်ကိုသခင် ယေရှုအားဖြင့် ဘုရားသခင်အားအစဉ် မပြတ်ပူဇော်ကြကုန်အံ့။- အခန်းကိုကြည့်ပါ။Garrad Bible15 သို့ ဖြစ်၍ နာ မ တော် ကို ဝန် ခံ ရာ နှုတ် ခမ်း အ သီး တည်း ဟူ သော ချီး မွမ်း ခြင်း ကို ဘု ရား သ ခင့် ထံ ထို အ ရှင် အား ဖြင့် အ စဉ် မ ပြတ် ပူ ဇော် ဆက် ကပ် ကြ ကုန် အံ့။ အခန်းကိုကြည့်ပါ။Judson Bible15 ထိုကြောင့်၊ ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ဝန်ခံလျက်၊ နှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်ကို သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင့်ရှေ့တော်၌ အစဉ်ပူဇော်ကြကုန်အံ့။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း15 ထို့ကြောင့် ကျွန်ုပ်တို့သည် ယေရှုပြုခဲ့သောအမှုတော်အားဖြင့် ဘုရားသခင်၏ နာမတော်ကို ဝန်ခံလျက် ဘုရားသခင်အား ချီးမွမ်းခြင်းယဇ်ကို အစဉ်ပူဇော်ကြပါစို့။ အခန်းကိုကြည့်ပါ။ |
သင်တို့ကိုယ်တိုင်သည်လည်း အသက်ရှင်သောကျောက်ကဲ့သို့ ဝိညာဉ်ရေးဆိုင်ရာအိမ်တော်အဖြစ် တည်ဆောက်ခြင်းကိုခံကြလော့။ ဤသည်ကား သင်တို့သည် သန့်ရှင်းသောယဇ်ပုရောဟိတ်မျိုးဖြစ်လျက် ဘုရားသခင်နှစ်သက်လက်ခံတော်မူသော ဝိညာဉ်ရေးဆိုင်ရာယဇ်များကို ယေရှုခရစ်တော်အားဖြင့် ပူဇော်နိုင်ရန် ဖြစ်၏။
ယဇ်ပုရောဟိတ်တို့သည် မိမိတို့တာဝန်ကျရာနေရာတွင် ရပ်နေရ၏။ လေဝိအမျိုးတို့ကလည်း ဒါဝိဒ်မင်းကြီးရေးဖွဲ့ခဲ့သော ထာဝရဘုရားအားချီးမွမ်းခြင်းသီချင်းကို ထာဝရဘုရားထံ ချီးမွမ်းသီဆိုရန် တူရိယာများဖြင့် ရပ်နေကြ၏။ သူတို့က “ကိုယ်တော်၏မေတ္တာကရုဏာတော်သည် အစဉ်အမြဲတည်ပါ၏”ဟု သီဆိုသောအခါ မျက်နှာချင်းဆိုင်တွင်ရပ်နေသော ယဇ်ပုရောဟိတ်တို့သည် တံပိုးများကိုမှုတ်ကြ၏။ အစ္စရေးလူမျိုးအပေါင်းတို့မူကား မတ်တတ်ရပ်လျက်နေကြ၏။
ဟောပြောသောသူသည် ဘုရားသခင်၏နှုတ်ကပတ်တရားတော်အတိုင်းဟောပြောစေ။ အမှုတော်ဆောင်ရွက်သောသူသည် ဘုရားသခင်ပြင်ဆင်ပေးတော်မူသောအစွမ်းသတ္တိအတိုင်းဆောင်ရွက်စေ။ ဤသည်ကား ဘုရားသခင်သည် ခပ်သိမ်းသောအရာတို့၌ ယေရှုခရစ်တော်အားဖြင့် ဘုန်းတော်ထင်ရှားမည့်အကြောင်းတည်း။ ထိုသခင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
ထိုနေ့တွင် သူတို့သည် ယဇ်ပူဇော်ပွဲကြီးကို ကျင်းပကြ၏။ ဘုရားသခင်သည် သူတို့အား အထူးဝမ်းမြောက်သောအခွင့်ကို ပေးတော်မူသဖြင့် သူတို့သည် အလွန်ဝမ်းမြောက်ကြ၏။ မိန်းမများနှင့် ကလေးသူငယ်များပါမကျန် ဝမ်းမြောက်ပျော်ရွှင်ကြ၏။ ဂျေရုဆလင်မြို့၏ဝမ်းမြောက်သံသည် အဝေးကပင် ကြားရလေ၏။
သင်တို့၏သွေးသားဇာတိအားနည်းသောကြောင့် ငါသည် လောကီဝေါဟာရအားဖြင့် ပြောဆို၏။ ယခင်က သင်တို့သည် မိမိတို့၏ကိုယ်အင်္ဂါများကို ညစ်ညူးခြင်းနှင့်တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် ဆက်သ၍ တရားမဲ့ခြင်းထဲသို့ ရောက်ခဲ့ကြသည့်နည်းတူ ယခု မိမိတို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏ကျွန်အဖြစ် ဆက်သ၍ သန့်ရှင်းခြင်းသို့ရောက်ကြလော့။
ထိုအခါ ဟေဇကိမင်းကြီးက သူတို့အား “သင်တို့သည် ထာဝရဘုရားထံ မိမိတို့ကိုယ်ကိုဆက်ကပ်ကြပြီဖြစ်၍ ထာဝရဘုရား၏အိမ်တော်သို့ ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြလော့”ဟု မိန့်ဆို၏။ လူအစုအဝေးတို့သည်လည်း ပူဇော်သက္ကာများ၊ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်များကို ယူဆောင်လာကြ၏။ စေတနာစိတ်အလျောက်ပူဇော်သော မီးရှို့ရာယဇ်အပေါင်းတို့ကိုလည်း ယူဆောင်လာကြ၏။
ထိုအချိန်တွင် ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်အလွန်ဝမ်းမြောက်၍“ကောင်းကင်နှင့်မြေကြီး၏အရှင်သခင်ဖြစ်တော်မူသောအဖ၊ ကိုယ်တော်သည် ပညာရှိများနှင့် ဉာဏ်ထက်မြက်သောသူများအား ဤအရာတို့ကိုဝှက်ထားလျက် ကလေးသူငယ်များအား ဖွင့်ပြတော်မူသောကြောင့် ကိုယ်တော်ကိုချီးမွမ်းပါ၏။ မှန်ပါ၏အဖ၊ ဤသည်ကား ရှေ့တော်၌ နှစ်သက်တော်မူသောအရာဖြစ်ပါ၏။
ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။