ထိုသို့ ခါနာန်ရုပ်တုများအား မိမိတို့သားသမီးတို့ကိုပူဇော်ခြင်းအားဖြင့် အပြစ်ကင်းသောသွေးတည်းဟူသော ထိုသားသမီးတို့၏သွေးကိုသွန်း၍ ထိုပြည်ကို သွေးဖြင့်ညစ်ညူးစေကြ၏။
ယေရမိ 16:18 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏ပြည်ကို ရွံရှာဖွယ်လူသေကောင်ဖြင့် ညစ်ညူးစေ၍ ငါ၏အမွေမြေကို စက်ဆုပ်ရွံရှာဖွယ်ရာများဖြင့် ပြည့်စေသော သူတို့၏ဒုစရိုက်၊ သူတို့၏အပြစ်များကြောင့် ငါသည် သူတို့ကို နှစ်ဆတုံ့ပြန်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။ Common Language Bible သူတို့အားမိမိတို့အပြစ်နှင့်ယုတ်မာမှု များအတွက် နှစ်ဆမျှကြီးလေးသည့်အပြစ် ဒဏ်ကိုငါပေးမည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည်လူသေသဖွယ်အသက်မရှိသည့် ရုပ်တုများအားဖြင့် ငါ၏ပြည်တော်ကိုညစ် ညမ်းစေလေပြီ။ မိမိတို့အားငါပေးအပ် သည့်ပြည်ကိုဘုရားအတုအယောင်များ နှင့်ပြည့်နှက်စေလေပြီ'' ဟုမိန့်တော်မူ၏။ Garrad Bible စက် ဆုပ် ဖွယ် ရုပ် တု အ သေ ကောင် များ ဖြင့်၊ ပြည် တော် ကို ညစ် ညူး စေ လျက်၊ ရွံ ရှာ ဖွယ် ရာ ဘု ရား များ ဖြင့် လည်း၊ ပိုင် တော် မူ ရာ ကို ပြည့် စေ ကြ သော ဒု စ ရိုက် ပြစ် မှု အ တွက်၊ နှစ် ဆ တင် ရင် ဆပ် ပေး မည် ဟု၊ ငါ ထာ ဝ ရ ဘုရား မိန့် ဆို သည် ဟူ ၍ တည်း။ Judson Bible သူတို့သည် ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါအမွေခံသောမြေကို သူတို့သည် စက်ဆုပ်ရွံရှာဖွယ်သော အသေကောင်တို့နှင့် ပြည့်စေသောကြောင့်၊ သူတို့၌ နှစ်ဆသော အပြစ်ဒဏ်ကို ငါပေးမည်။ |
ထိုသို့ ခါနာန်ရုပ်တုများအား မိမိတို့သားသမီးတို့ကိုပူဇော်ခြင်းအားဖြင့် အပြစ်ကင်းသောသွေးတည်းဟူသော ထိုသားသမီးတို့၏သွေးကိုသွန်း၍ ထိုပြည်ကို သွေးဖြင့်ညစ်ညူးစေကြ၏။
ကမ္ဘာမြေကြီးသည် မြေကြီးသားတို့ကြောင့် ညစ်ညူးလေပြီ။ အကြောင်းမူကား သူတို့သည် ပညတ်တရားများကို ကျူးလွန်ကြ၏။ ပြဋ္ဌာန်းချက်ကို ဖောက်ဖျက်ကြ၏။ ထာဝရပဋိညာဉ်ကို ချိုးဖောက်ကြ၏။
“စစ်ပွဲ ပြီးဆုံးပြီ။ ထာဝရဘုရား၏လက်တော်မှ မိမိအပြစ်အတွက် နှစ်ဆခံယူပြီးပြီဖြစ်၍ အပြစ်လည်း ခွင့်လွှတ်ခြင်းခံရပြီ”ဟု ဂျေရုဆလင်မြို့အား ကြေညာပြီး နှစ်သိမ့်ပေးလော့။
အရှက်ကွဲခြင်းအစား ဝေစုနှစ်ဆပြန်ရမည်။ သူတို့သည် အသရေပျက်ခြင်းအစား သူတို့၏ဝေစုကြောင့် ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။ သူတို့၏မြေ၌ ဝေစုနှစ်ဆပိုင်ဆိုင်၍ ထာဝရဝမ်းမြောက်ခြင်းရှိလိမ့်မည်။
ကြည့်ရှုလော့။ ထိုအရာတို့ကို ငါ့ရှေ့မှောက်တွင်ရေးမှတ်ထားပြီ။ ငါသည် တိတ်ဆိတ်စွာမနေဘဲ ပြန်ပေးဆပ်စေမည်။ သူတို့ကို အပြည့်အဝ ပြန်ပေးဆပ်စေမည်။
တောင်ကြီးများပေါ်တွင် နံ့သာပေါင်းကိုမီးရှို့၍ တောင်ငယ်များပေါ်တွင် ငါ့ကိုစော်ကားပြုမူကြသော သင်တို့၏ဒုစရိုက်များနှင့် သင်တို့ဘိုးဘေးတို့၏ဒုစရိုက်များကို အတူတကွ ငါပြန်ပေးဆပ်စေမည်။ ထို့ကြောင့် ငါသည် သူတို့၏ယခင်လုပ်ရပ်တို့ကို အကုန်အစင်စစ်ဆေးမည်”ဟု မိန့်တော်မူ၏။
အကျွန်ုပ်ကို လိုက်လံညှဉ်းဆဲသောသူတို့သည် အရှက်ကွဲကြပါစေသော။ အကျွန်ုပ်မူကား အရှက်မကွဲရပါစေနှင့်။ သူတို့သည် စိတ်ပျက်ကြပါစေသော။ အကျွန်ုပ်မူကား စိတ်မပျက်ရပါစေနှင့်။ သူတို့ကို ဆိုးရွားသောနေ့ရက်နှင့် ကြုံတွေ့စေတော်မူပါ။ ဖျက်ဆီးခြင်းဘေးနှစ်ဆဖြင့် သူတို့ကို ဖျက်ဆီးတော်မူပါ။
ကောင်းသောအသီးအနှံတို့ကို စားရမည့်အကြောင်း သင်တို့အား သီးနှံဖြစ်ထွန်းသောပြည်သို့ ငါခေါ်ဆောင်လာ၏။ သို့သော် သင်တို့ရောက်လာ၍ ငါ့ပြည်ကိုညစ်ညူးစေကြ၏။ အမွေပြည်ကို စက်ဆုပ်ရွံရှာဖွယ် ဖြစ်စေကြ၏။
သူသည် ဖောက်ပြန်သောအပြစ်ကို ပေါ့ပေါ့တန်တန်သဘောထား၍ ကျောက်တုံး၊ သစ်တုံးတို့နှင့် ဖောက်ပြန်ခြင်းဖြင့် ပြည်ကိုညစ်ညူးစေခဲ့၏။
ငါ့အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အကြိမ်ကြိမ်စေလွှတ်၍ ငါမုန်းသော ဤစက်ဆုပ်ရွံရှာဖွယ်အမှုကို မပြုကြနှင့်ဟု ဆင့်ဆိုစေခဲ့၏။
ထာဝရဘုရားက “အကယ်စင်စစ် ယုဒအမျိုးသားတို့သည် ငါ့ရှေ့၌ မကောင်းမှုကိုပြုကြပြီ။ သူတို့သည် ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော အိမ်တော်၌ ရွံရှာဖွယ်ရုပ်တုများကိုထား၍ ညစ်ညူးစေကြပြီ။
ဘုရားရှင်ထာဝရဘုရားက ‘သူတို့ပြန်လာကြသောအခါ ထိုပြည်ရှိ စက်ဆုပ်ရွံရှာဖွယ်အမှုရှိသမျှတို့ကို ဖယ်ရှားပစ်ကြလိမ့်မည်။
သို့သော် စက်ဆုပ်ရွံရှာဖွယ်ရာများနောက်သို့လိုက်လိုသော စိတ်ဆန္ဒပြင်းပြသောသူတို့ကိုမူ သူတို့ပြုကျင့်သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ပြန်ရောက်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆိုလေ၏။
ထိုပြည်တွင် လူ့အသက်ကို သတ်ကြ၏။ ရုပ်တုများဖြင့် ပြည်ကိုညစ်ညူးစေကြ၏။ ထို့ကြောင့် သူတို့အပေါ်တွင် အမျက်တော်ကို သွန်ချမည်။
ဘုရားရှင်ထာဝရဘုရားက ‘စင်စစ် သင်ပြုသော စက်ဆုပ်ရွံရှာဖွယ်အမှုအပေါင်းတို့သည် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေပြီဖြစ်၍ ငါအသက်ရှင်သည်နှင့်အညီ သင့်ကို မသနား၊ မညှာတာဘဲ သုတ်သင်ပစ်မည်။
စစ်ကြောရာနေ့ ရောက်လာပြီ။ ဒဏ်ပေးရာနေ့ ရောက်လာပြီ။ ဤအကြောင်းကို အစ္စရေးအား သိစေလော့။ သင်တို့သည် အပြစ်ကြီးပြီး မုန်းတီးစိတ်ပြင်းထန်လွန်းသောကြောင့် ပရောဖက်တို့လည်း ဆိုးမိုက်ရလေပြီ။ ဝိညာဉ်လူတို့လည်း ရူးသွပ်ရလေပြီ။
ငါသည် သင်တို့အထွတ်အမြတ်ထားရာနေရာတို့ကို ဖျက်ဆီး၍ သင်တို့၏နံ့သာပေါင်းပူဇော်ရာယဇ်ပလ္လင်တို့ကို ခုတ်လှဲမည်။ သင်တို့၏အလောင်းတို့ကို သင်တို့၏သက်မဲ့ရုပ်တုများအပေါ်၌ စုပုံထားမည်။ ငါ၏စိတ်ဝိညာဉ်သည် သင်တို့ကိုရွံရှာမည်။
ထကြ။ ထွက်သွားကြ။ ဤပြည်သည် ငြိမ်းချမ်းသောပြည် မဟုတ်တော့ပြီ။ ဤပြည်သည် ညစ်ညူးသောကြောင့် ကြီးစွာသောပျက်စီးခြင်းဖြင့် ပျက်စီးရလိမ့်မည်။
သူပေးခဲ့သည့်အတိုင်း သူ့အားပြန်ပေးကြလော့။ သူပြုသောအမှုများအပေါ် နှစ်ဆတိုး၍တုံ့ပြန်ကြလော့။ သူရောစပ်ခဲ့သောခွက်၌ သူ့အတွက်နှစ်ဆရောစပ်ပေးကြလော့။