မနာရှေနန်းတက်သောအခါ သက်တော်တစ်ဆယ့်နှစ်နှစ်သာရှိပြီး ဂျေရုဆလင်မြို့တွင် ငါးဆယ့်ငါးနှစ်စိုးစံ၏။ မယ်တော်ကား ဟဇ္ဇိဘအမည်ရှိ၏။
ယေရမိ 15:4 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့၌ ဟေဇကိ၏သား၊ ယုဒဘုရင်မနာရှေပြုခဲ့သောအမှုကြောင့် ငါသည် သူတို့အား မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ထိတ်လန့်စရာဖြစ်စေမည်။ Common Language Bible ယုဒပြည်တွင်ဟေဇကိ၏သားမနာရှေမင်း ပြုစဉ်အခါကယေရုရှလင်မြို့တွင်ပြုကျင့် ခဲ့သည့်အမှုကြောင့် ငါသည်ကမ္ဘာပေါ်ရှိလူ အပေါင်းတို့အားထိုသူတို့ကိုမြင်၍ထိတ် လန့်တုန်လှုပ်စေမည်။ Judson Bible ယုဒရှင်ဘုရင်ဟေဇက်သား မနာရှေမင်းသည် ယေရုရှလင်မြို့၌ပြုသောအမှုကြောင့်၊ ထိုသူတို့ကို မြေကြီးပေါ်မှာအတိုင်းတိုင်း အပြည်ပြည်တို့၌ အနှောင့်အယှက်ကိုခံစေမည်။ |
မနာရှေနန်းတက်သောအခါ သက်တော်တစ်ဆယ့်နှစ်နှစ်သာရှိပြီး ဂျေရုဆလင်မြို့တွင် ငါးဆယ့်ငါးနှစ်စိုးစံ၏။ မယ်တော်ကား ဟဇ္ဇိဘအမည်ရှိ၏။
အကြောင်းမူကား သူတို့၏ဘိုးဘေးများ အီဂျစ်ပြည်မှထွက်လာသည့်နေ့မှစ၍ ယနေ့အချိန်ထိ သူတို့သည် ငါ့မျက်မှောက်တွင်ပင် မကောင်းမှုများကိုပြုပြီး ငါ့ကို အမျက်ထွက်စေကြပြီ’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုစေလေ၏။
သူသည် အစ္စရေးလူမျိုးတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော လူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကိုပြု၏။
မနာရှေ နန်းတက်သောအခါ သက်တော်တစ်ဆယ့်နှစ်နှစ်သာရှိပြီး ဂျေရုဆလင်မြို့တွင် ငါးဆယ့်ငါးနှစ်စိုးစံ၏။
သူသည် အစ္စရေးလူမျိုးတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသော လူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ထာဝရဘုရားရှေ့တော်တွင် မကောင်းမှုကို ပြု၏။
မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် ရွံရှာစရာ၊ ထိတ်လန့်စရာဖြစ်စေမည်။ ငါနှင်ထုတ်၍ သူတို့ရောက်လေရာအရပ်ရပ်တို့၌ ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာ၊ ပြောင်လှောင်စရာ၊ ကျိန်ဆဲစရာ ဖြစ်စေမည်။
သူတို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် လိုက်လံညှဉ်းဆဲမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးတို့အတွက် ရွံရှာစရာဖြစ်စေမည်။ ငါနှင်ထုတ်၍သူတို့ရောက်လေရာအရပ်ရပ်တို့၌ ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ လှောင်ပြောင်စရာ၊ ကဲ့ရဲ့စရာ ဖြစ်စေမည်ဟူ၍ မိန့်တော်မူ၏။
ထို့ကြောင့် ထာဝရဘုရားက ‘သင်တို့သည် ကိုယ့်ညီအစ်ကိုချင်း၊ ကိုယ့်အိမ်နီးချင်းအတွက် လွတ်မြောက်ခွင့်ကြေညာရာ၌ ငါ့စကားကို နားမထောင်ကြ’ဟု မိန့်တော်မူ၏။ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သင်တို့အတွက် လွတ်မြောက်ခွင့်ကို ငါကြေညာမည်။ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအားလုံးက သင်တို့ကို ကြောက်လန့်စရာအဖြစ် မြင်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သူတို့နှင့်သူတို့၏ဘိုးဘေးများမသိဖူးသော လူမျိုးခြားတို့တွင် သူတို့ကို ကွဲလွင့်စေမည်။ သူတို့လုံးဝပျက်စီးသွားသည့်တိုင်အောင် ဓားဘေးသင့်စေမည်”ဟု မိန့်တော်မူ၏။
ဂျေရုဆလင်မြို့သည် အပြစ်ကျူးလွန်လေပြီ။ ထို့ကြောင့် ရွံရှာဖွယ်ဖြစ်လေပြီ။ သူ့ကိုဂုဏ်ပြုချီးမွမ်းသောသူရှိသမျှတို့သည် သူ၌အဝတ်မပါအချည်းစည်းဖြစ်နေသည်ကိုမြင်သဖြင့် သူ့ကိုစက်ဆုပ်ရွံရှာကြလေပြီ။ သူသည်လည်း ညည်းတွားလျက် လှည့်ထွက်သွားလေပြီ။
သို့သော် သင်တို့က ဖခင်၏အပြစ်အတွက် သားသည် အဘယ်ကြောင့်မခံရသနည်းဟူ၍ မေးကြ၏။ သားသည် တရားမျှတ၍ဖြောင့်မတ်သောအမှုကိုပြုလျက် ငါ၏ပြဋ္ဌာန်းချက်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းသောကြောင့် သူသည် အမှန်ပင်အသက်ချမ်းသာရာရလိမ့်မည်။
ဘုရားရှင်ထာဝရဘုရားက ‘သူတို့ထံသို့ လူအလုံးအရင်းကို ချီလာစေပြီး သူတို့ကို ထိတ်လန့်စေမည်၊ လုယူဖျက်ဆီးစေမည်။
ငါသည် သင်တို့ကို လူမျိုးခြားတို့ထဲတွင် ကွဲလွင့်စေမည်။ ဓားကိုထုတ်၍ သင်တို့နောက်ကိုလိုက်မည်။ သင်တို့၏ပြည်သည် လူသူကင်းမဲ့၍ သင်တို့၏မြို့တို့သည် ပြိုပျက်လိမ့်မည်။
ထာဝရဘုရားသည် သင့်ရန်သူတို့ရှေ့၌ သင့်ကိုရှုံးနိမ့်စေတော်မူမည်။ သင်သည် လမ်းတစ်လမ်းတည်းဖြင့် သူတို့ထံသို့လာသော်လည်း သူတို့ထံမှ လမ်းခုနစ်လမ်းဖြင့် ထွက်ပြေးရမည်။ မြေကြီးပေါ်ရှိတိုင်းနိုင်ငံအားလုံးအတွက် သင်သည် ထိတ်လန့်စရာဖြစ်မည်။
ထာဝရဘုရားသည် သင့်ကို မြေကြီးတစ်ဖက်စွန်းမှ တစ်ဖက်စွန်းတိုင်အောင် လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေတော်မူမည်။ သင်သည် ထိုအရပ်တို့၌ သင်မသိ၊ သင့်ဘိုးဘေးတို့လည်းမသိသော အခြားဘုရားများဖြစ်သည့် သစ်သားဘုရား၊ ကျောက်ဘုရားတို့ကိုဝတ်ပြုရလိမ့်မည်။